Tuesday, February 25, 2014

ဆုတံဆိပ်လေးတွေ တန်းစီ

ဆုတံဆိပ်လေးတွေ တန်းစီ


ခုတလော ခြေဥပြင်ရေး အသံတွေညံလာချိန်မှာ အောင်ကြူကြူ ဖေါ်လံဖား အမတ်တယောက်က

ခြေဥရေးခဲ့တဲ့သူတွေကို ဆုတံဆိပ်တွေချီးမြှင့်ပေးဖို့  လွှတ်တော်မှာတင်ပြခဲ့တယ်ဆိုတဲ့ သတင်း

ထွက်ပေါ်လာပါတယ်။ ဘယ်လို ဆုတံဆိပ်တွေပေးသင့်ကြောင်းကိုလည်း တယောက်တမျိုး

အကြံကောင်းတွေ ပေးနေတာ အွန်လိုင်းမှာ ဖတ်ရပါတယ်။ တချို့ က ရှေးဘုရင်တွေခေတ်မှာ 


မင်းမှုထမ်းကောင်းတွေကို လိပ်ရုပ်တွေချီးမြှင့်ဖူးတယ်ဆိုပြီး "လိပ်ထီး"ရုပ်ပုံတွေပေးဖို့ 


အကြံပြုကြပါတယ်။တချို့ ကတော့ လွှတ်တော်ရှေ့မှာ ဘာမှန်းမသိချထားတဲ့


ကျိုင်းဆိုတာကြီး "မြင်းလုပ်စီး" နေတဲ့ရုပ်ပုံတွေပေးဖို့  အကြံပေးပါတယ်။


မောင်လူပေကတော့ ခြေဥကို ဆယ့်သုံးနှစ်ကျော်ကြာအောင် ရေးဆွဲခဲ့တဲ့ 


ခြေဥရေးပညာရှင်တွေမို့  "ကလစ်ဒါး" ရုပ်ပုံလေးတွေချီးမြှင့်ချင်ပါတယ်။ အချိန်ကြာလို့ 


တုံးသွားတဲ့ကလောင်တွေ ချွန်လို့ ရတယ်လေ။ ကလစ်ဒါးရာဇဝင်ကလည်း တချိန်က 


စက်မှုကျောင်းတော်မှာ အတော်ရေပန်းစားခဲ့တာမို့  ဖေါက်သည်ချပါရစေ။ 



စက်မှုကျောင်းရဲ့  book shop လို့ ခေါ်တဲ့ စာအုပ်ဆိုင်ဝန်ထမ်းက ကုလားလူမျိုးပါ။


တရက်မှာတော့ book shop မှာ "ကလစ်ဒါး" ရောင်းနေတယ်ဆိုတဲ့ သတင်းတခု


ကျောင်းမှာပျံ့ နှံ့ သွားပါတယ်။ ပုံဆွဲခဲတံချွန်လို့  အရမ်းကောင်းဆိုပဲ။ ဦးရာလူစနစ်နဲ့ 


ရောင်းတာတဲ့။ ဒီလိုနဲ့  book shop ကို ပျိုပျိုမေတွေရော၊ကိုကိုတတွေပါ "ကလစ်ဒါး"


ဝယ်ဖို့  သွားရောက်ကြပါတော့တယ်။ ကိုကုလားကြီးကို "ကလစ်ဒါး ရှိသေးလား" သွားမေးတိုင်း 


သူက မရှိဖူးဆိုပြီးဖြေရှာပါတယ်။ နောက်ဆုံးမှာမှ "ကလစ်ဒါး" ရဲ့  အဓိပ္ပါယ်ကို တွေးမိပြီး ပျိုပျိုမေတွေ


ကိုကုလားကြီးရှေ့ ဖြတ်မသွားရဲတော့အောင် ရှက်ကုန်ကြရပါတယ်။





အခုလည်း အနောက်တံခါးကဝင်လာတဲ့ ဘင်ဂါလီတွေ ငါးသိန်းကျော်ကို 


ယာယီနေထိုင်ခွင့် (White Card) တွေထုတ်ပေးတဲ့၊ လွှတ်တော်ထဲကို ဘင်ဂါလီအမတ်မင်းတွေ


ဝင်ရောက်နိုင်ရေး နေရာပေးတဲ့ အဘတွေ အာဏာ၊စည်းစိမ်တည်မြဲရေး အတွက် ရေးပေးခဲ့တဲ့ 


ခြေဥမို့  ရေးဆွဲသူအပေါင်းအား "ကလစ်ဒါး" တယောက်တချောင်း အပါအဝင် "လိပ်ထီး"ရုပ်၊


"မြင်းလုပ်စီး"ရုပ်များ ချီးမြှင့်မျှောက်စားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။



(စိတ်အချဉ်ပေါက်နေတုံး ရေးမိတာမို့  ညစ်ညမ်းတယ်ထင်ရင် သည်းခံကြပါရန် တောင်းပန်အပ်ပါသည်။)



Tuesday, February 11, 2014

ပြည်ထောင်စုနေ့ အတွေး


ပြည်ထောင်စုနေ့  အတွေး....

၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ ကို ရောက်ရှိခဲ့ပြီတဲ့။ ညီနောင်တစ်စု

တည်ထောင်မှုပြုခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကတော့ ပြည်တွင်းစစ်မီးတွေ၊

လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေ၊အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့  အာဏာချုပ်ကိုင်မှုတွေ၊

လွဲမှားတဲ့ စီမံကိန်းတွေ၊ ကိုယ်ကျိုးရှာသမားတွေရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေ

စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့  ပတ်ချာလည်နေဆဲ။

ပြည်သူအများစုကြီးကလည်း ဆင်းရဲတွင်းထဲမှ ရုန်းမထွက်နိုင်သေးပဲ လုံးလည်လိုက်နေဆဲ။

ဘောင်းဘီချွတ်စစ်ဗိုလ်ကြီးများဦးစီးတဲ့ အစိုးရသစ်ကြီးရဲ့ လက်ပါးစေများကလည်း

နောင်ရွေးကောက်ပွဲအသစ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ 

ဘာသာရေးကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချပြီး

ပြည်သူအများရဲ့  စည်းလုံးမှု ပြိုကွဲရေးအတွက်

အမျိုး၊ဘာသာ၊သာသနာ ကာကွယ်ရေးဆိုတဲ့ လူကြားကောင်းမဲ့ ဆောင်ပုဒ်တွေဆွဲကိုင်ရင်း

ရဟန်းတွေ၊ပြည်သူတွေထဲ သွေးကွဲရေးတရားတွေနဲ့  ဖွကောင်းဆဲ။

မနက်ဖြန်မှာ အသက်၉၉ နှစ်ပြည့်မဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေသေးရင်

သူတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြီး ပေါက်ကရဖြစ်နေတာတွေကြည့်ပြီး ဘာပြောမလဲဆိုတာ

သိချင်လှပါတယ်ဗျာ........................။