ပြည်ထောင်စုနေ့  အတွေး....
၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ ကို ရောက်ရှိခဲ့ပြီတဲ့။ ညီနောင်တစ်စု
တည်ထောင်မှုပြုခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကတော့ ပြည်တွင်းစစ်မီးတွေ၊
လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေ၊အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့  အာဏာချုပ်ကိုင်မှုတွေ၊
လွဲမှားတဲ့ စီမံကိန်းတွေ၊ ကိုယ်ကျိုးရှာသမားတွေရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေ
စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့  ပတ်ချာလည်နေဆဲ။
ပြည်သူအများစုကြီးကလည်း ဆင်းရဲတွင်းထဲမှ ရုန်းမထွက်နိုင်သေးပဲ လုံးလည်လိုက်နေဆဲ။
ဘောင်းဘီချွတ်စစ်ဗိုလ်ကြီးများဦးစီးတဲ့ အစိုးရသစ်ကြီးရဲ့ လက်ပါးစေများကလည်း
နောင်ရွေးကောက်ပွဲအသစ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ 
ဘာသာရေးကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချပြီး
ပြည်သူအများရဲ့  စည်းလုံးမှု ပြိုကွဲရေးအတွက်
အမျိုး၊ဘာသာ၊သာသနာ ကာကွယ်ရေးဆိုတဲ့ လူကြားကောင်းမဲ့ ဆောင်ပုဒ်တွေဆွဲကိုင်ရင်း
ရဟန်းတွေ၊ပြည်သူတွေထဲ သွေးကွဲရေးတရားတွေနဲ့  ဖွကောင်းဆဲ။
မနက်ဖြန်မှာ အသက်၉၉ နှစ်ပြည့်မဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေသေးရင်
သူတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြီး ပေါက်ကရဖြစ်နေတာတွေကြည့်ပြီး ဘာပြောမလဲဆိုတာ
သိချင်လှပါတယ်ဗျာ........................။

No comments:
Post a Comment