Saturday, March 22, 2014

လူဟာလူပဲ

ဒီနေ့ မိတ္ထီလာလူသတ်ပွဲ တနှစ်ပြည့်သတဲ့။

ဈေးထဲမှာ သာမန်ရန်ဖြစ်ရာကစပြီး ဗမာကို ကုလားရိုက်တယ်ဆိုကာ ကုလားဆိုင်တွေဖျက်ခံရ။

ဒေါသထွက်နေတဲ့ ကုလားတဦးက ဘုန်းကြီးတပါးကို သတ်တော့ ပိုဆိုးသွားကာ 

ကုလားဆို အကုန်သတ်ဆိုပြီး သွေးဆူနေတဲ့လူအုပ်က ကုလားအိမ်တွေမီးတိုက်၊

ဘာမှမဆိုင်တဲ့ ကုလားတွေ အသတ်ခံရနဲ့ ဖြစ်ကုန်တာပါ။

ရလာဒ်ကတော့ တသက်လုံး ငြိမ်းချမ်းစွာ အတူနေခဲ့ကြတဲ့ လူအုပ်စုနှစ်ခု အမုန်းတွေပွား၊


ဘာမှမဆိုင်တဲ့ ကုလားအများစုနဲ့ ဗမာအချို့အသတ်ခံရ။

အိမ်တွေမီးလောင်၊ရှိသမျှပြောင်၊ဆင်းရဲတွင်းနက်ပေါ့။

ခုထက်တိုင်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက်


လုံလောက်တဲ့ အသိပညာပေးတာထက် ကုလားမုန်းတီးရေးတွေပဲ 

အွန်လိုင်းမှာဖွနေတဲ့ သူတွေတွေ့နေရသေးတာမို့ စိတ်မကောင်းဖြစ်မိပါတယ်။

ကုလား၊ဗမာ၊တရုတ်ဆိုတာ လူတွေပါ။


ကောင်းသူ၊ဆိုးသူဆိုတာရှိမှာပဲဆိုပြီး မြင်တတ်ကြပါစေ။

 

No comments:

Post a Comment