Wednesday, April 30, 2014

ရွှေတိဂုံကုန်းတော်၊ လယ်တီသိမ်တော်နှင့် တွေးမိသမျှ

ကျွန်တော့ကို မြန်မာပြည်တွင် မွေးပါသည်။
မြန်မာပြည်တွင် ကြီးပြင်းပါသည်။
မြန်မာ အစားအစာများကို ကြိုက်ပါသည်။
မြန်မာ့ ယဉ်ကျေးမှူများကို ချစ်ခင် နှစ်သက်ပါသည်။
မြန်မာစာကို အလွန် တန်ဖိုးထား လေးစားပါသည်။
မြန်မာတို့၏ စိတ်ရင်းစေတနာ၊ ရိုးသားမှုတို့ကို တန်ဖိုးထားပါသည်။
မြန်မာ့ရှုခင်းပုံရိပ်များကို တွေ့လျှင် စိတ်ပျော်ပါသည်။

သို့သော် ဒီနေ့တော့ ဝန်ပေါင်ကြေးနီလုပ်ကွက်က
လယ်တီသိမ်တော်ကြီး၊ စေတီငယ်၊ကျောင်း ဇရပ်တို့အား ဘူဒိုဇာဖြင့်ထိုးဖျက်ကာ မြေမြှုတ်လိုက်သောပုံရိပ်များကို
အွန်လိုင်းတွင်တွေ့လိုက်ရသောကြောင့်
 အတော်ပင် စိတ်မချမ်းမြေ့မှုဖြစ်ရပါသည်။

ဝန်ပေါင်က ဖြိုတာမဟုတ်ပဲ အာဏာပိုင်ဆိုသူများက
  ကြေးနီစီမံကိန်းနှင့် မလွတ်သောကြောင့် ဖြိုပါသည်ဟု
 သိရသောကြောင့်လည်း များစွာအံ့အောမိပါသည်။

ကျွန်တော်ချစ်သောမွေးရပ်မြေမှာ ဘာတွေဖြစ်ကုန်ပြီလဲ။
အာဏာပိုင်ဆိုသူများက ဘုရားသိမ်ကို ဖြိုတယ်တဲ့လား။
အာဏာပိုင်မို့ လယ်တီသာသနာဝင်သိမ်ကို
သိမ်နယ်မြေ၊ သာသနာ့မြေသတ်မှတ်ပေးပြီး
ကင်းလွတ်ခွင့်ချပေးရမှာ မဟုတ်ဖူးလား။

လယ်တီသိမ်က သမီးလေးလို ကျူးကျော်မြေဆိုတဲ့ နေရာမှာ
တည်ဆောက်ခဲ့မိလေသလား တွေးမိပါသည်။
ကြေးနီတူးဖို့ ဝန်ပေါင်ကို မြေမရောင်းခင်
အရင်ထဲက ဆောက်ခဲ့တာမို့ ကျူးကျော်တော့ မဟုတ်လောက်ပါ။

ပြီတော့ အဲဒီ သိမ်နေရာလေးကရော
 ကြေးနီ ဘယ်နှစ်တန်ထွက်မှာမို့လဲ။
လယ်တီသိမ်တော်က ကြေးနီ အနည်းငယ်လောက်တောင်
တန်ဖိုးမရှိတော့ဘူးလား။

 ဒီငွေလောက်က မြန်မာပြည်မှာ သူဌေးတွေ စပွန်စာဖိုးတောင်ရှိမယ်မထင်ပါ။
သူဌေးတစ်ဦးက သူ့စပွန်စာကို တစ်လဒေါ်လာတစ်သိန်းဖိုး
 ဈေးဝယ်ထွက်ခွင့်ပေးတာမို့ စပွန်စာမလေးက
တစ်လတစ်ခါ နိုင်ငံခြားမှာ ဈေးဝယ်ရင် ဒေါ်လာတစ်သိန်းဖိုး ဝယ်ကြောင်း
ခပ်ကြွားကြွားလေး ပြောပြတာကို ဂျာနယိကြီးတစ်စောင်မှာ ဖတ်ခဲ့ရဖူးပါသည်။

သမိုင်းဝင် သိမ်၊စေတီ တို့ကို ဖြိုပြီး နေရာသစ်မှာ ပြန်ဆောက်ရင်
အရင်လိုပဲ သမိုင်းတန်ဖိုးရှိသေးသည်ဟု ထင်ပါသလား။
ဒါဆိုလျှင် ကျွန်တော်တို့ချစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးလည်း စိတ်မချရပါ။
ရွှေတိဂုံကုန်းတော်မှာ စိန်ထွက်သောကြောင့် စိန်တူးဖော်ရန် ရွှေတိဂုံစေတီတော်ကို ဖြိုဖျက်ပြီး နေရာသစ်တွင်ပြန်ဆောက်ပေးမည်ဆိုလျှင် လက်ခံနိုင်ပါမည်လား။

ရန်ကုန်သားအတွက်ရွှေတိဂုံ၊ မန်းလေးသားအတွက် မဟာမုနိ အရေးပါသလို သူတို့ရွာအတွက် လယ်တီသိမ်ဘုရားများက အရေးပါမှာပါ။
ကိုယ်ချင်းစာတရားများထားကာ လုပ်ဆောင်နိုင်ကြပါစေဟုသာ အာဏာပိုင်ဆိုသူများအား တိုက်တွန်းအပ်ပါသည်။

Tuesday, April 29, 2014

အ၇ှိအတိုင်း မြင်ကြည့်ခြင်း

ကျွန်တော်နိုင်ငံရေးသမား မဟုတ်ပါ။
ကိုယ်နိုင်ငံရဲ့ တိုးတက်ရေးကို စိတ်ဝင်စားသူ
တစ်ယောက်မျှသာဖြစ်ပါတယ်။
ကြီးတော်နွားကျောင်းတဲ့ အဆင့်ဆိုပါတော့။
မြင်သမျှကို မျှဝေခြင်းသာဖြစ်ပါတယ်။
လွတ်လပ်စွာ သဘောကွဲနိုင်ပါတယ်။

မြန်မာနှစ်သစ်မှာ ဖြစ်တည်မှုပဓာနဝါဒနဲ့
ပေတံတိုင်းကြည့်ပါတယ်။

(၁) မြန်မာ့ဒီမိုကရေစီရေစီး ဆက်မစီးပဲ နောက်ပြန်ဆုတ်နေခြင်း။

(၂)ဒီမိုအရေးမှာ အတူတိုက်ပွဲဝင်ခဲ့သူတွေ ခြေကုန်လက်ပန်းကျနေခြင်း။

(၃)စစ်ဗိုလ်ချုပ်ကြီးတွေပေးသမျှယူမဲ့သူများနဲ့ စစ်ကျွန်ဘဝက လွတ်အောင်ဆက်တိုက်လိုသူများ နှစ်ချမ်းအကွဲက စေ့စပ်မရသေးခြင်း။

(၄)ပြည်သူအများအားထားကြတဲ့ NLD ကြီးကလည်း အကွဲအပြဲ သံသရာက မထွက်နိုင်သေးခြင်း။ ( လူသစ်၊လူဟောင်း။ လူငယ်၊လူကြီး စသည့် ပြသနာများ)

(၅)ဒုတိယအင်အားဖြစ်တဲ့ ကိုပေါ်၊ ကေကျူ့တို့ ၈၈မျိုးဆက်ကလဲ ခုထိ ပါတီလည်းမဖွဲ့နိုင်၊ င်္အတီ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တရားဝင်မပေါင်းနိုင်ပဲ ငြိမ်းပွင့် NGO အဆင့်တွင်သာရပ်နေခြင်း။ ( ကိုပေါ်တို့ အံတီစုနောက်မှာအမြဲရပ်တည်နေတာသိပါတယ်။ ပိုအားကောင်းတဲ့ နိုင်ငံရေးအင်အားစုဖြစ်စေချင်တာပါ။ ကျွန်တော့သဘောက နိုင်ငံရေးပါတီဖွဲ့ပြီးလုပ်စေချင်ပါတယ်။ ငြိမ်းပွင့်က နိုင်ငံရေးဘောင်ကျဉ်းတယ်။ NLD ၈၈မျိုးဆက် တွေ့ဆုံတာအပြင် အံတီရဲ့အားကိုယူပြီး ခေါင်းဆောင်မှုပေးစေချင်ပါတယ်။ NLD မှာ ဒုတိယခေါင်းဆောင်လိုင်း လိုအပ်နေတာ လူတိုင်းသိပါတယ်။ ဒီနေရာကို ပြည်သူက ကြည်ညိုတဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေနဲ့ NLD EC တွေ ညှိနှိုင်းပြီး အမြန်ဖြည့်သင့်နေပါပြီ။ )

(၆)၂၀၁၅ ထက်အရေးကြီးတဲ့ ခြေဥပြင်ရေးမှာ NLD က လူထုလှုပ်ရှားမှုအတွက် ဦဆောင်မှုပေးတာနှေးနေခြင်း။( တပြည်လုံးအတိုင်းအတာနဲ့ နေ့သတ်မှတ်ပြီး တချိန်ထဲ လှုပ်ရှားမှထိရောက်မှာ။ ခုလို တစ်မြို့စီ လှုပ်ရှားမှုကို ဟိုအဘများက ရှိတယ်တောင်မထင်)

(ရ)NLD နဲ့ တိုင်းရင်းသားပါတီများရဲ့ဆက်ဆံရေး၊ တိုင်းရင်းသားများရဲ့ကိုးစားမှုကလည်း အားနဲနေခြင်း။ ( NLD က ရွေးကောက်ပွဲကို မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်တာမျိုးထက် တိုင်းရင်းသားပါတီများနဲ့ ညှိနိုင်းပြီး ဝင်တာမျိုး၊ တိုင်းရင်းသားတွေ အမြင်မကြည်တဲ့ ဗမာလူမျိုးကြီးဝါဒမဟုတ်ကြောင်း သူတို့ယုံလာသည်အထိ စည်းရုံးနိုင်တာမျိုး။)

(၈) ၂၀၁၅ မှာ ညစ်ပတ်မှုတွေ မိုးလုံးညံမဲ့ ရွေးကောက်ပွဲနဲ့ကြုံမှာ သေချာနေပြီမို့ အခုထဲက ရွေးကောက်ပွဲမှာ မဲရုံတိုင်းစောင့်ကြည့်နိုင်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံစောင့်ကြည့်ရေး လုပ်အားပေးလူတွေ မွေးထုပ်၊ သင်တန်းပေး မလုပ်နိုင်သေးခြင်း။

(၉)ပြည်သူ့အခြေပြု လုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးတို့အပြင် လယ်သမားရေး၊ အလုပ်သမားရေးတွေ လှုပ်ရှားပါသော်လည်း ပြည်သူကို အဘိပေးမှုနည်းပါးခြင်း။ (ပြည်သူတွေကို လယ်သိမ်း မြေသိမ်းကိစ္စ၊ လုပ်ခလစာသပိတ်ကိစ္စများအား မည်သို့ဆောင်ရွက်နေကြောင်း။ မည်မျှပြေလည်ကြောင်း လစဉ်တိုးတက်မှု အနေနဲ့ ချပြသင့်ပါတယ်။ ဒါမှ အာဏာပိုင်တွေရဲ့ မတရားမှုများကို လစဉ် သတိပေးသလိုဖြစ်မှာပါ။ သတင်းစာရှင်းလင်းပွဲလည်း လစဉ်လုပ်သင့်ပါတယ်။ ပြည်သူတွေမှာလဲ NLD က ဘယ်လိုကြိုးစားနေတယ် သိရတာပေါ့။ လွှတ်တော်ထဲမှာ ဥပဒေတွေ အတည်ပြုနေပေမဲ့ တရားဥပဒေ မစိုးမိုးပဲ ငွေများတရားနိုင်တဲ့ နိုင်ငံမှာ ပြည်သူကို အကျိုးပြုမဲ့ ဥပဒေလားဆိုတာ မသိနိုင်ပါ။)

(၁၀)အရင်လိုပဲ အံတီဒေါ်အောင်ဆန်းစုကြည် ဗဟိုပြု နိုင်ငံရေးပါတီ အဆင့်မှာပဲ NLD ရပ်နေခြင်း။ ( အနှစ်၂၀ ကျော် ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ပါတီဝင်များကို အစဉ်လေးစားပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ ပြည်သူကပေးခဲ့တဲ့ မဲတွေရခဲ့တဲ့ပါတီကြီးပေမဲ့ တာဝန်မကြေခဲ့ပါ။ အံတီရှိမှ လှုပ်ရှားမှုရှိတဲ့ ပါတီသာဖြစ်ခဲ့ပါတယ်။ အံတီကို ဗဟိုပြုလွနိးတဲ့ အတွက် မပြောကောင်းမဆိုကောင်း အံတီသာ တစုံတခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်ကြမှာလဲဆိုတာ NLD ကို ချစ်ခင်လေးစား အားထားကြတဲ့ ပြည်သူများ အသိချင်ဆုံးမေးခွန်းပါ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးပြီးချင်း ဦးနုခေါင်းဆောင်တဲ့ အစိုးရသစ်ဖွဲ့နိုင်ခဲ့တာ Second Line Up တွေ လူတော်တွေ သူ့ဘေးမှာ Plan B အနေနဲ့ ရှိခဲ့လို့ပါ။ ခုလဲ Plan B, Plan C တွေနဲ့ လူထုအခြေပြု NLD အနေနဲ့ ဗဟိုသစ်တွေ ရှိသင့်ပါပြီ။ )

ကျွန်တော်တို့ လေးစားကြည်ညိုတဲ့ ဘဘဦးဝင်းတင် ဆုံးပါးသွားခဲ့ပါပြီ။ ကျွန်တော်တို့အားလုံးက အင်အားတောင့်တင်းပြီး ညီညွတ်လှတဲ့ NLD ပါတီကြီးကို မြင်ချင်ပါတယ်။အံတီ နောက်မှာ ပြည်သူအများစုက ညီညွတ်စွာ ရပ်တည်နေကြပါတယ်။

(အံတီရဲ့နောက်ကနေ အံတီအရိပ်ခိုပြီး ရလာမဲ့ အာဏာကို စောင့်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် အချို့နဲ့ ခေါင်းဆောင်အချို့ကို ရည်ညွှန်းပါတယ်။
အလုပ်လုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်က အစိုးရဲ့ လာတ်စားမှု၊ တာဝန်မဲ့မှုတွေ တရားဝင် ဝေဖန်နေချိန်မှာ ပါးစပ်ပိတ်ပြီး လွှတ်တော်တက်နေသူကလဲ အများကြီးတွေ့နေရလို့ ဒီစာကို အမုန်းခံရေးပါတယ်။
NLD ချစ်သူများ လွတ်လပ်စွာဆဲနိုင်ပါကြောင်း။)

Wednesday, April 16, 2014

တခါက နဲ့  ယခုခါ တူတူပါပဲကွယ်

အရင်တုန်းက ပြည်ခိုင်ဖြိုး အသင်းကြီးထောင်တယ်။
 
ခုတော့ ပြည်သူ့ဘဏ္ဍာတွေနဲ့ တည်ထောင်တဲ့ဒီအသင်းကို ပါတီပြောင်းပြီး နိုင်ငံရေးလုပ်တယ်။

 

အရင်တုန်းက ပါတီနိုင်ငံရေး မလုပ်ဘူး။ အမျိုးသားနိုင်ငံရေးလုပ်မယ် ပြောတယ်။

 
အခု အဲဒီလူတွေပဲ ပါတီနိုင်ငံရေးလုပ်နေတယ်။


 
အရင်တုန်းက ရွေးကောက်ပွဲပြီးရင် တန်းလျှားပြန်မယ်ပြောတယ်။

 
အခု သူတို့ အဝတ်လဲပြီး အုပ်ချုပ်နေတယ်။

 

အရင်တုန်းက သူတို့ကို နိုင်ငံတကာက အသိအမှတ်မပြုဘူး။

 
အခုပြောင်းလဲမှုနဲနဲ လုပ်ပြလို့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ ဖြစ်လာတယ်။

 

အရင်တုန်းက ပြောခွင့်မရှိစွာနဲ့ ပြည်သူတွေဆင်းရဲတယ်။

 
အခု ပြောခွင့်ရပြီး ဆင်းရဲတယ်။

 

အရင်တုန်းက နိုင်ငံတော်ရဲ့ ငွေတွေကိုသူတို့ကိုင်ထားတယ်။

 
အခု ခရိုနီတွေပဲ ဆက်လက်ပန်းပန်တယ်။

 

နဲနဲလေး ပြောင်းပြတာနဲ့ နိုင်ငံတကာ အသိအမှတ်ပြုဖစ်ပြီ။ 


ပိုင်ဆိုင်မှုတွေလည်း သူတို့လက်ထဲမှာ။

 နိုင်ငံကိုလဲ ငြိမ်ဝတ်ပိပြားစွာ အုပ်ချုပ်နေတုန်း။
 
ဒီလိုလူတွေက လက်ထဲက ထန်းညက်ခဲကို လွယ်လွယ်ပေးမယ်လို့ မထင်ပါ။

Tuesday, April 15, 2014

အူမ၊ သီလ နဲ့  နှစ်သစ်ဆုမွန်

ညီလေးသူရက အူမတောင့်မှသီလစောင့်တဲ့အကြောင်း ရေးထားတာဖတ်ရတယ်။

တချို့က အူမတောင့်ပေမဲ့ သီလမစောင့်ပါဘူးတဲ့။ စကားပုံကမှားနေတာလား။

တကယ်က ကိုယ်ကျင့်သီလတောင့်တင်းဖို့သာ အဓိကပါ။

ရလေလိုလေ ဖြစ်နေသူဆိုရင်တော့ အူမဘယ်လောက်တောင့်တောင့် သီလစောင့်မှာ မဟုတ်ပါ။

ကိုယ်ကျင့်သီလ တောင့်တင်းသူကတော့ အူမမတောင့်လဲ သီလစောင့်မှာပါ။

ဒီလိုလူတွေလည်း လောကမှာ အများကြီးရှိပါတယ်။

အူမတောင့်မှသီလစောင့်တယ် ဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်မလုံသူတချို့ရဲ့ ဆင်ခြေလို့ပဲ ထင်ပါတယ်။

စိတ်ဓါတ်ရေးရာတွေ ပျက်ပြားမှုများလှတဲ့ ရွှေပြည်ကြီးမှာ နှစ်သစ်မင်္ဂလာနဲ့အတူ

ကိုယ်ကျင့်သီလနဲ့ ပြည့်စုံသူ လူငယ်များစွာ မွေးဖွားလာပါစေလို့ ဆုမွန်တောင်းပါတယ်။

ကိုယ်အပါအဝင် လူကြီးများကိုတော့ ပျက်အစဉ် ပြင်မရများလို့သာ သဘောထားလိုက်ပါတော့။

Saturday, April 12, 2014

သင်္ကြန်တွင်း၊ ယမမင်းနဲ့  ပန်းရထားကိစ္စ



သင်္ကြန်တွင်း၊ ယမမင်းနဲ့  ပန်းရထားကိစ္စ

" မနက်ဖြန် သင်္ကြန်ကျပြီဆိုတော့ ရှင့်မွေးနေ့  ရောက်ပြန်ပြီပေါ့ " လို့  မဒမ်ပေက ပြောလာပါတယ်။
ဟုတ်ပ။ သင်္ကြန်သီချင်းတွေ နားထောင်ရင်း ငယ်မူပြန်နေတဲ့ မောင်လူပေက ကိုယ့်မွေးနေ့  ကိုယ်
သတိမေ့နေတာ။ ကိုယ်က သင်္ကြန်တွင်းမှာ မွေးတဲ့သူ။ ကိုယ်ဟာကိုယ် မွေးနေ့ ပွဲလုပ်မယ်။
အိမ်နားက ကိပ်မုန့် ဆိုင်မှာ မွေးနေ့  ကိပ်တစ်လုံး ဖုန်းဆက်ပြီးမှာလိုက်တယ်။ ဖယောင်းတိုင်ပါ
ယူခဲ့ပါလို့  ပြောလိုက်တယ်။ ဖွဘုတ်ထဲက သူများတွေ ဓါတ်ပုံလို ကိပ်မုန့် ပေါ်မှာ မီးတွေထွန်း၊
ဆုတွေတောင်း၊ မီးတွေမှုတ်နဲ့  မလုပ်ဖူးတာတွေလုပ်ပြီး ဓါတ်ပုံရိုက်မယ်။ ပြီးရင် ဖွဘုတ်ပေါ်တင်မယ်။

ခဏနေတော့ လူငယ်တစ်ယောက် တံခါး လာခေါက်ပါတယ်။ ကိပ်မုန့်  လာပို့ တာတဲ့။ သူပေးတဲ့
ကိပ်မုန့် ပုံးနဲ့  ဖယောင်းတိုင်ကိုယူလိုက်တယ်။ ဖယောင်းတိုင်က လေးဂဏန်းနဲ့ 
ရိုးရိုးအတိုင်ကိုးချောင်း။ ဘုရား၊ဘုရား။ လူဖြစ်တာ ဒီလောက်တောင်ကြာခဲ့ပြီလား။ ရှေ့နှစ်ဆို
ငါးထိပ်စီးပြောင်းပြီ။ လန့် သွားတဲ့စိတ်ကို အသာထိန်းပြီး ကိပ်မုန့် ပုံးကိုဖွင့်ကြည့်လိုက်တော့
ကိပ်ပေါ်မှာ " မွေးနေ့ ပေါင်း ၄၉နှစ်ပြီးကာ သေရန်တစ်နှစ်နီးလာသော မောင်လူပေအား
ကြိုဆိုပါသည် " လို့ ရေးထားတာတွေ့ လိုက်ရပါတယ်။ ဟာ.. မှားနေပြီ။ ငါမှာတာ
ဒီစာမဟုတ်ဘူး။ ဖွဘုတ်ပေါ်က ကိပ်မုန့် တွေလို "ကိုကိုရဲ့ ၄၉နှစ်မြောက် မွေးနေ့ မှာ ပျော်ရွှင်ပါစေ"
လို့ ရေးခိုင်းတာ။ ညီမငှေးက ပေးသလိုလို ဘာလိုလိုနဲ့  ဘော်ဘော်တွေကို ကြွားမလို့ ။
ဒီ မုန့် ဆိုင်ကလူ ငါ့ကို သက်သက်စော်ကားတာ။ စိတ်ဆိုးဆိုးနဲ့ ခေါင်းမော့ကြည့်လိုက်တော့
မုန့် လာပို့ တဲ့ လူငယ်လေးက ပြုံးပြီးရပ်ကြည့်နေတာ တွေ့ ပါတယ်။

" ဟေ့ကောင်လေး။ လူကြီးကို ဘာလို့  ဒီလိုနောက်ရတာလဲ။ ဒါနောက်စရာမဟုတ်ဘူး။ "
" ဘာလူကြီးလဲ။ ငါ့ကိုဘယ်သူထင်လို့ လဲ။ ငါယမမင်းကွ။ "


လူငယ်လေးကနေ ဇာတ်ထဲက အဝတ်အစားတွေ ဝတ်ထားတဲ့ အဖိုးကြီးပုံစံ ချက်ချင်းပဲ
ပြောင်းသွားပါတော့တယ်။


" ယမမင်းက မုန့် ဖုတ်လား။ ကျွန်တော်က ကိပ်မုန့် ဆိုင် ထင်လို့  မှာတာ။"
" ယမမင်းလည်း အစုံလုပ်ရတာပေါ့ကွာ။ မင်းတို့ ဆီက ခရိုနီတွေလိုပေါ့။ "


" မုန့် ဆိုင်ပိုင်ရှင်ဆိုရင်တော့ ပြောရမယ်။ မုန့် ပေါ်မှာ ရေးထားတာ မှားနေတယ်။
ကျွန်တော်မှာတာ ဒီစာတန်း မဟုတ်ဘူး။ "
" သေသေချာချာ ဖတ်ပါဦးကွာ။ ငါရေးထားတာ ဘာမှားနေလို့ လဲ။ အမှန်တွေပဲရေးထားတာ "


" မှန်တော့မှန်တာပေါ့ဗျာ။ ဒါပေမဲ့ ဖတ်လို့ ဘယ်ကောင်းမလဲ။ "
" အမှန်မြင်မှ အမြင်မှန်မှာပေါ့ကွာ။ မင်းလည်းငါ့ဆီလာဖို့  အရင်ထက်စာရင် နီးလာပြီပဲ။ "


" မခေါ်ပါနဲ့ ဦးဗျာ။ သမီး ကောလိပ်ပြီးတဲ့ အထိတော့စောင့်ပါဦး။ နီးပြီဆိုတာ တစ်ရက်လား၊
တစ်နှစ်လား၊ ဆယ်နှစ်လား။ "


ယမမင်းကပြုံးပြီး သူ့ င်္အကျီ အိပ်ထဲက အိုင်ပက်ကြီးထုတ်ကာ နှိတ်လိုက်ပါတယ်။


" အဖြေက ပြောလို့ မရဘူးကွ။ နှစ်လုံး၊ သုံးလုံးလိုပဲ။ တွက်ကိန်းလွဲတတ်တယ်။ ဂဏန်းငယ်
ထွက်မယ်ထင်ရင် ဂဏန်းကြီးထွက်တတ်သလို ဂဏန်းကြီးတွေ အပိုင်အောတဲ့ အပတ်ကြမှ
ဂဏန်းငယ်တွေ ထွက်သွားတာမျိုးပေါ့။ "


" ယမမင်းက တယ်ခေတ်မှီပါလား။ အိုင်ပက်ကိုင်ပြီး နှစ်လုံး၊ သုံးလုံးအကြောင်းတွေပြောလို့ ။ "
" ခေတ်က အိုင်ပက်ခေတ်လေ။ ကလေးပီစီကွေးတောင် စကားမပြောတတ်ခင် အိုင်ပက်ကိုင်နေပြီ။
မနက်ဖြန် လူ့ ပြည်ဆင်းမဲ့ ကိုမာဃလည်း ခွေးသားရေ အန်းတိတ်ကြီးကို ပြတိုက်ပို့ လိုက်ပြီ။
သူလည်း အိုင်ပက်ကိုင်ဆင်းမှာ။ ဒီတော့ငါလည်း မင်းတို့ ရဲ့  ဒေတာတွေ
အိုင်ပက်ထဲထည့်ရတော့တာပေါ့ကွာ။ "


" ထားပါတော့။ ဒါနဲ့  ခင်ဗျားက မဖိတ်ပဲ ကျွန်တော့ဆီလာတာ ဘာကြောင့်လဲ။ ကျွန်တော့ထက်ဆိုးတဲ့
အဘတွေ၊ ခရိုနီ ခရိုပြာတွေဆီတော့ မသွားဘူး။ "
" သူတို့ ဆီလဲ သွားမှာပါကွာ။ ဒီနှစ်က မင်းတို့ ရွှေပြည်တော်ကြီးမှာ ခွေးသားရေမှတ်တမ်းဝင်မဲ့သူ
အရမ်းများတာ။ ကိုမာဃက သူတစ်ယောက်ထဲ မနိုင်ဘူးဆိုပြီး ငါ့ကို အကူတောင်းတာမို့ 
ဘော်ဒါစိတ်နဲ့ လိုက်ကူနေတာဟေ့။ မင်းကတော့ အမေ့တတ်ဆုံးကောင်မို့  မင်းကို ပထမဆုံးလာပြီး
သတိပေးတာ။ "


" သန်းကောင်စာရင်းလို လူခွဲကောက်တာပေါ့။ ဒါဆိုရင် လူတွေ အားလုံးကို မှတ်သွားမှာလား။ "
" မဟုတ်ဖူးကွ။ နတ်ပြည်သွားမဲ့ ပန်းရထားဆောက်ပြီးသားသူတွေကို မကောက်ဘူး။ "
" ဒါဆို ပန်းရထားကို ကြိုလုပ်ထားရမှာပေါ့။ "


" ဟုတ်တယ်။ မင်းစီးမဲ့ ပန်းရထားကို ကိုယ့်ဟာကိုယ် ကြိုလုပ်ထား။ "
" ကျွန်တော်က ဖွဘုတ်ပေါ်က အမေရိကားပြန် ဒေါက်တာမကြီးပြောတဲ့အတိုင်း
အရွက်တွေကြိတ်သောက်၊ ဗီတာမင်တွေစား လုပ်နေတော့ အသက်ရှည်မှာပါ။ ပန်းရထားဆောက်ဖို့ 
အချိန်ရှိပါသေးတယ်။ "


" ထင်လို့ လား။ တချို့ တွေ ပထမနမိတ်ကနေ တတိယနမိတ်ကို ကျော်တက်သွားတာ
မကြားဖူးဘူးလား။"
" ဘာပြောတာလဲ။ နားမလည်ဘူး။ "

" နမိတ်ကြီးလေးပါးမှာ ပထမနမိတ်က အိုခြင်းကွ။ လေးဆယ်ကျော်ရင် ပထမနမိတ်စပြီပဲ။
မင်းတို့ တွေက စပွန်ဆာလေးတွေနဲ့  ကာရာအိုကေမှာ စိုပြေနေတာမို့  မေ့နေကြတာပါ။
ဒီလိုပျော်ကောင်းနေတုန်း ဒုတိယနမိတ်ကို မရောက်လိုက်ပဲ အကောင်းကြီးကနေ
ရုတ်တရက်သေသွားတာတွေ မင်းမကြားဖူးဘူးလား။ အဲဒါ သေခြင်းဆိုတဲ့ တတိယနမိတ်ကို
ကျော်တက်သွားတာပေါ့ကွာ။ "


" ဟုတ်သားပဲ။ အက်ဆီးဒန့်  တို့ ၊ ဦးနှောက်သွေးကြောပြတ်တာမျိုးတွေပေါ့။ မေ့သွားလို့ ။ "
" မင်းက တယ်မေ့တတ်တာကိုး။ ငါကတော့ မမေ့ဘူးဟေ့။ အချိန်ကြရင်လာခေါ်မှာပဲ။ "
" ကြောက်ပါပြီဗျာ။ ပန်းရထားဆောက်နိုင်အောင် ကြိုးစားပါ့မယ်။ " 


" ဒါဆိုပြီးရော။ ငါပြန်တော့မယ်။ မင်းနဲ့  စကားပြောတာ တော်တော်ကြာနေပြီ။
ကောက်ရမဲ့ စာရင်းက အများကြီး။ သင်္ကြန်အမှီ အပြီးကောက်ရမှာ။ သွားပြီဟေ့။ "

မောင်လူပေနားက ယမမင်းကြီး ချက်ခြင်းပဲ ပျောက်ကွယ်သွားပါတော့တယ်။ မောင်လူပေလည်း
စဉ်းစားရပါပြီ။ သူကပန်းရထားအဆင်သင့်ဖြစ်အောင်ပြင်ထားတဲ့။ မောင်လူပေကရထားဆောက်ဖို့ 
ဘာမှ မလုပ်ဖြစ်သေး။ မနက်ဖြန်များလာခေါ်ရင် အခက်။ ကိုရစ်ဆီက မိုးမခ မဂ္ဂဇင်းလေးတောင်
လက်ဆောင်သွားမတောင်းရသေးဘူး။

မောင်လူပေရဲ့  သူငယ်ချင်းများဆိုလည်း ပျော်ကောင်းတုန်း။ ကြက်တောကြီးဆို
ဘန်ကောက်မှာ ခြေခေါက်လာတာတောင် ကိုလေးတို့  ဝဏ္ဏတို့ တွေနဲ့  နေ့ တိုင်း သောက်ဖြစ်
နေသတဲ့။ ကူနီနန်းက ပခန်းပျော် မင်းကျော်စွာရဲ့  မျိုးဆက်သစ်တွေအလား။ "သန်းကောင်ကို
နေ့ မှတ်ပါလို့  အရပ်ကလေးကိုတဲ့ အားမနာ၊ မသောက်ရရင် သီလဆောက်တဲ့ ကိုးကျောင်းတကာ"
တွေ လုပ်လို့ ကောင်းတုန်း။ အင်းလေ။ သူတို့ တွေက ပန်းရထားဆောက်ပြီးပြီမို့  ပိုတဲ့ အချိန်တွေကို
အပျင်းပြေ ဖြုန်းနေတာနေမှာ။

မူမူ၊ မော်မော်၊ ဝင်းဝင်း နဲ့  မိစမ်းတို့ ဆိုလည်း ခုထိ လန်းနေကြဆဲ။ တလောကတောင် သူတို့ 
ချောင်းသာသွားပြီး လန်းကြတဲ့ ပုံတွေ ဖွဘုတ်မှာတွေ့ လို့  မနာလိုတောင် ဖြစ်ခဲ့ရသေး။ သူတို့ လည်း
ဟိုမောင်တွေလို ပန်းရထားအဆင်သင့်မို့ ကြိုက်တဲ့ အချိန်တွေမှာ လန်းနိုင်ကြတာပေါ့။

မာမာတယောက်ကတော့ တရားစခန်းမှာ ပန်းကန်ဆေးရင်းကုသိုလ်ယူနေတယ်။
မတတ်နိုင်သူတွေကို မျက်မှန်ဒါနလည်း ပေးတယ်တဲ့။ မျိုးမျိုးဆိုလည်း ပြင်ဦးလွင်က ရိပ်သာမှာ
လူငါးရာစာအတွက် ဝေရာဝစ္စ လုပ်ရင်း တရားဝင်နေလေရဲ့ ။ သူတို့ တွေလည်း ပန်းရထားတွေ
ကိုယ်စီနဲ့  အဆင်သင့်ဖြစ်နေပြီ။ ကိုချိုဦး၊ မျိုးလွင်ကြီး၊ကိုစိန်တို့ တွေဆို မာဃလုလင်တွေလုပ်၊
ဘုန်းကြီးကျောင်းပွဲတွေမှာ တက်ကြွစွာ ကူညီရင်း ပန်းရထားကိုယ်စီနဲ့ ။ ဘယ်သူ သကြားမင်းလောင်း
ဖြစ်မယ်သာ မသိသေးတာ။

မောင်လူပေကတော့ ပန်းရထားဆောက်ဖို့  သစ်တောင်မခုတ်ရသေး။ တောတွေကလည်း
အဘတွေ၊ ခရိုနီတွေ ကောင်းမှုနဲ့  ကုန်သလောက်ရှိပြီ။ ကိုယ့်အတွက်
သစ်တောင်ကျန်ပါသေးရဲ့ လား မသိ။ရထားမရှိရင် ယမမင်းကြီးရဲ့  ပြန်တမ်းဝင်ဖြစ်ပြီး
ယောယုဝကို ချေလျှင်ခရီးနှင်ရမှာမို့  ဇောချွေးတွေပြန်နေမိပါတယ်။ မဒမ်ပေရဲ့ ပန်းရထား
ကပ်စီးရင် ကောင်မလား။ သူကတော့ တရားစခန်း မကြာခဏမြန်းသူမို့  ပန်းရထားရှိမှာ။
တလောကတောင် ဘဝဆက်တိုင်းဆိုလား ဆုတောင်းနေတာကြားမိသလိုပဲ။ သူ့ ရထား
ကပ်စီးရမယ်။ ဒါမှ ဘဝဆက်တိုင်းဆိုတဲ့ ဆုတောင်းပြည့်မှာ။ ယမမင်းဆီ ဂျောင်းရရင်
သူကအထက်၊ ကိုယ်ကအောက် နဲ့ မမိုက်ဘူး။ ကပ်စီးမယ်။ ပန်းရထားကပ်စီးမယ်။

" ကိုလူပေ၊ ကိုလူပေ "
" ပန်းရထားကပ်စီးမယ်နော် မဒမ်ပေ။ ခွင့်ပြုမယ် မဟုတ်လား။ "
" ဘာတွေပြောနေတာလဲ။ ရှင် သင်္ကြန်သီချင်းတွေဖွင့်ရင်း အိပ်ပျော်နေလို့  လာနိုးတာ။ "
" ဟင်။ ဟုတ်လား။ အိပ်မက်ထဲမှာ နင့်ပန်းရထားကပ်စီးမလို့ ။ "
" ကြံကြံဖန်ဖန်။ ဘယ်က ပန်းရထားက အိပ်မက်ထဲပါလာရတာလဲ။ ထတော့။ ရေချိုး။
ပြီးရင် ထမင်းစားမယ်။ မိုးတောင်အတော်ချုပ်နေပြီ။ အိပ်လည်းအိပ်နိုင်တဲ့လူ။ "


ရုံးပိတ်ရက်လေးမှာ သင်္ကြန်သီချင်းနားထောင်ကာ အိပ်ပျော်သွားတဲ့ မောင်လူပေလည်း
အိပ်မက်ထဲက ပန်းရထား ခဏမေ့ရင်း မဒမ်ပေရဲ့  အမိန့် အတိုင်း နာခံကာ ရေချိုးဖို့ 
ပြင်ရပါတော့တယ်။ သင်္ကြန်မှာ သကြားမင်းမဆင်းပဲ ယမမင်းဆင်းခိုင်းတဲ့ မောင်လူပေရဲ့ 
ပေါက်ကရအိပ်မက်အတွက် စိတ်မဆိုးကြနဲ့ နော်။ သူငယ်ချင်းတို့  ရော ပန်းရထားတွေ
အဆင်သင့်ဖြစ်ပြီလား။ မောင်လူပေကတော့ သူများရထားပဲ ကပ်ပြီးစီးတော့မယ်ကွယ်။

(ဖွဘုတ်ပေါ်က ဘော်ဘော်တွေရဲ့  နာမည်တွေ ယူသုံးထားတဲ့ အတွက် ခွင့်လွှတ်ကြပါရန်။)


Saturday, April 5, 2014

ဖွ သင်္ကြန် ဖြစ်မှာ စိုးရိမ်ပါသည်

ဖွ သင်္ကြန် ဖြစ်မှာ စိုးရိမ်စရာ

ဘာသာရေး လူမျိုးရေး မှိုင်းတွေ

ရခိုင်ကနေ ပြည်မထဲရောက်အောင်

ဖွရှင်တွေ၊စွမ်းအားရှင်ဆိုတဲ့ လက်ကိုင်တုတ်တွေ

နည်းမျိုးစုံ သုံးလိုက်တာ

မီးပွားလေးတွေ လေထဲလွင့်ပြီး

တမြို့  ပြီး တမြို့  ပါလားကွယ်။

လာပြန်ပြီ လှည်းကူးဆိုပဲ

လူမိုက်တွေက ဆိုင်တွေရိုက်ခွဲ

ဆွဲသူမဲ့ တားသူမဲ့ ကယ်သူမဲ့

ဒီလူတွေကိုလည်း မြို့ ခံတွေ မသိပါတဲ့။

ဒိုင်နာကားက အုပ်ခဲတွေချပေးခဲ့လို့ 

ရွှေဝါရောင်အရေးအခင်းပျက်ရ။

ခုလည်း ဒိုင်နာနဲ့  လူအုပ်ချပေးပြန်ပြီလား။

အစိုးရထဲက အမှန်တရားမြတ်နိုးသူများကို

ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူ အတ္တဝါဒီတွေ

ဖုံးလွှမ်း အနိုင်ယူမသွားနိုင်အောင် လုပ်သင့်နေပါပြီ။

သမ္မတကြီးက "မိဘပြည်သူများခင်ဗျား" လုပ်နေချိန်မှာ

နောက်ကနေ သူ့ မျက်နှာ အိုးမဲသုတ်နေတဲ့

ဒီပြည်ဖျက်မဲ့ လူတစုကို

အမြန်မဖော်ထုပ်နိုင်ဘူး ဆိုရင်တော့

ဒီလာမဲ့ မဟာသင်္ကြန်မှာ

ဒီဖွကိုကိုတွေ ဝင်ဖွလို့ 

တခါမှမကြားဖူးတဲ့

သင်္ကြန်လူသတ်ပွဲတွေ အထိ

ဖြစ်လာနိုင်ကြောင်း

တွေးမိတာလေး ရေးမိပါတယ်။

လူသားအားလုံးငြိမ်းချမ်းကြပါစေ။

တရားဥပဒေ အတိုင်း ဆောင်ရွက်နိုင်ကြပါစေ။

အပြစ်မဲ့ ပြည်သူများ ဘေးကင်းကြပါစေ။