ညီလေးသူရက အူမတောင့်မှသီလစောင့်တဲ့အကြောင်း ရေးထားတာဖတ်ရတယ်။
တချို့က
အူမတောင့်ပေမဲ့ သီလမစောင့်ပါဘူးတဲ့။ စကားပုံကမှားနေတာလား။
တကယ်က
ကိုယ်ကျင့်သီလတောင့်တင်းဖို့သာ အဓိကပါ။
ရလေလိုလေ ဖြစ်နေသူဆိုရင်တော့
အူမဘယ်လောက်တောင့်တောင့် သီလစောင့်မှာ မဟုတ်ပါ။
ကိုယ်ကျင့်သီလ တောင့်တင်းသူကတော့ အူမမတောင့်လဲ သီလစောင့်မှာပါ။
ဒီလိုလူတွေလည်း လောကမှာ အများကြီးရှိပါတယ်။
အူမတောင့်မှသီလစောင့်တယ် ဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်မလုံသူတချို့ရဲ့ ဆင်ခြေလို့ပဲ ထင်ပါတယ်။
စိတ်ဓါတ်ရေးရာတွေ ပျက်ပြားမှုများလှတဲ့ ရွှေပြည်ကြီးမှာ နှစ်သစ်မင်္ဂလာနဲ့အတူ
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံသူ လူငယ်များစွာ မွေးဖွားလာပါစေလို့
ဆုမွန်တောင်းပါတယ်။
ကိုယ်အပါအဝင် လူကြီးများကိုတော့ ပျက်အစဉ်
ပြင်မရများလို့သာ သဘောထားလိုက်ပါတော့။
No comments:
Post a Comment