တွေးမိတာလေးပြောချင်သည်။ နိုင်ငံရေးတွေဖြစ်နေသောကြောင်း သည်းခံဖတ်ပေးကြပါ။
အစကရိုးတာ အစိုးရတဲ့။ လူရွှင်တော်တွေ ပြောတာ။ မောင်လူပေက ကြောက်တတ်တော့ အဲ့လိုတွေ မပြောရဲ။ သွေးနည်းပါသည်။
မှန်တာပြောသစ္စာ ပါ။ မှန်တဲ့သူတွေ ကျကုန်ပြီတဲ့။ မမှန်တဲ့ သူတွေပဲ ကျန်တော့သတဲ့။ အဲ့ဒါလည်း မောင်လူပေ့ အလုံးမဟုတ်။ ကိုသူရအလုံးတွေ။
ဒီအစိုးရကို ကျွန်တော်မယုံဘူး ဒါပဲလို့ ထချဲတာလည်း မောင်လူပေမဟုတ်။
ဟံသာဝတီ ဘိုးတော်ကြီး။ သူက ခွတ်ဒေါင်းအလံအောက်ကနေ မကြောက်တန်း ထခွတ်တော့
ဦးဝင်းတင်ကြီး ဂေါက်နေပြီ ဘာညာနဲ့ ပြောကြသေးသည်။ ခုလို
သူမရှိတော့မှဂေါက်တာ သူမဟုတ်ပဲ ကိုယ်တွေက ဂေါက်နေတာ သဘောပေါက်သည်။
ပလတ်ကျွတ်နေတာ ကိုယ်တွေ ဖြစ်နေသည်။
တပ်ပိုင် တိုင်ပတ်နေတဲ့
မြေတွေနဲ့ တက်လာပြီး စည်းကမ်းပြည့်ဝသော ဒီမ်ုကရေစီတို့ ဂွတ်ဂါးဗားမန့်
ကလင်း ဂါးဗားမန့်တို့ ဘိုလိုတွေ ရွှတ်ရှက် ဗွတ်ဘက် ပြောပြ၊ မိဘပြည်သူများ
ဘာညာဆိုတော့လည်း ယုန်ရုပ်ရေးပြတာမှန်းမသိပဲ ယုံခဲ့။
ပထွေးက
အရမ်းဆိုးလေတော့ နောက်ပထွေးပြောင်းတာ မထူးလှ။ အမေက လမ်းမတော်ဖိုးတုတ်နဲ့
လိုက်ပြေးပြီလို့ မိုးသီးက ထပြောတော့ ဆဲလိုက်ကြတာလည်း မိုးမွှန်ပဲ။
ကြာလာမှ ဇာတိကပြတာ။ မုန်းတီးရေးတရားတွေကြောင့် ထောင်ကျပြီး ပြန်ထွက်လာတဲ့
ကိုယ်တော်ကို စင်ပေါ်မှာ တင်ပြီး အမျိုးသားရေး ဘာသာရေးကို နိုင်ငံရေးနဲ့
သုံးခွက်တခွက်တင် ကျိုတော့မှ သဘောပေါက်သည်။ အဲဒီကြားက အမျိုးသား
ပြန်လည်သင့်မြတ်ရေးဆိုတဲ့ win win တရားတွေပြ။ တဖက်က တောင်သူတွေ
ကျောင်းသားတွေကို ဖြိုခွဲ။ ပိုမြင်လာသည်။
Win win ဆိုပေမဲ့ သူတို့ပဲ Win ကြ၏။ အန်တီတို့ရော ပြည်သူအများစုကြီးကရော lose တွေ ပြ။
ကိုပေါ်တို့ ကေကျူ့တို့ ရှစ်ပူးတွေကလည်း ဘယ်လိုခွဲခွဲ အန်တီစုနောက်မှာပဲ
ဝန်းရံနေလေတော့ တတိယ အင်အားစုကလည်း မွေးမရ။ သူတို့မွေးထားတဲ့ ဘုံမဟုတ်
ပတ်မဟုတ် အင်အားစုတွေကလည်း အားကိုးလို့မရ။ တိုင်းပြည်ထဲက အမာခံမွေးထားတဲ့
ပြည်ခိုင်ဖြိုးကလည်း ၂၀၁၂ ကြားဖြတ်မှာ သုံးစားလို့မရဘူးဆိုတာ ပြခဲ့ပြီ။
ဒီတော့ အန်တီရဲ့ မွေးနေ့အတွက် ဘူးသီးလက်ဆောင် ပေးမယ်ဆိုတာ အားလုံး
ကြိုတွေးခဲ့ကြသည်။
ပြည်သူအများစုကြီးကတော့ အန်တီစုနောက်မှာ ရပ်နေဆဲ။
အန်တီစုနဲ့ ဒီချုပ်ကိုပဲ ထောက်ခံဆဲ။၂၀၁၅ ရွေးကောက်ပွဲ လုပ်ပေးမယ်
ပြောပေမဲ့ နေ့လည်း မသတ်မှတ်။ ရွေးကော် အုပ်ကြီးကလည်း
ကိုယ့်လူကိုယ်ပြန်ခန့်ထားတာမို့ ယုန်ရုပ်တွေက ဗလပွ။
အန်တီစု
သမ္မတဖြစ်ဖို့ ၅၉ (စ) ပြင်ရမည်။ တမတ်သားက သဘောမတူ။ တပ်ချုပ်က သူ့ကို
နေရာပေးခဲ့တဲ့ စာဖတ်နေသူကြီးကို ကျေးဇူးသိတတ်ရမည်။ နောက်ကွယ်က လက်မဲကြီး
သဘောမတူလျှင် ဘာမှ ပြင်မည်မဟုတ်။ တို့အဖေကြီးကို ကာကွယ်မည်။ ပြည်သူက သူ့ကို
နေရာပေးခဲ့တာမဟုတ်။ တမတ်သားသည် တပ်ချုပ်။ တပ်ကို ဘေးပို့မဲ့ ၄၃၆ လို
မျိုးကတော့ ပို၍ ဝေးရာဆီသို့သာ။
ခြေဥ ပြင်ပေးနိုင်သော စာဖတ်နေသူကြီးထံ အရေးဆိုကြဖို့ ချင်းအမတ်ကြီးက ထောက်ပြတာ အမှန်ဆုံးတရား။
လူထုလည်းမောနေပြီ။ အန်တီစုလည်း ပန်းနေပြီ။
အန်တီကတော့ လုပ်စရာရှိတာ လုပ်ကြပါတဲ့။
ဘာဆက်လုပ်ကြမည်နည်း...။ ။