Fast food တွေက ဆင်းရဲတဲ့သူတွေ စားတဲ့ ဆင်းရဲသားစာ။
ရွှေပြည်ကြီးမတော့ သူဌေးစာ ဖြစ်မယ်။
တို့များလည်း တူတူပါပဲ။ မြန်မာ့ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး ဆင်နွဲနေတဲ့အချိန် လူဖြစ်လာတော့ ဘာမှမသိ။ အချိုရည်ဆိုရင် ဘာလီရည် စပတ်ကလင် ဒါပဲသိတယ်။
ငယ်ငယ်ကတော့ ဦးဘာဘူကြီးရဲ့ ရှာလဘတ်ရည်က အကောင်းဆုံးထင်ခဲ့တာ။ ကြက်ကြော် ဘာဂါဆိုတာ ကြားတောင် မကြားဘူး။
မမျှော်လင့်ပဲ ၁၉၉၃မှာ စလုံးရောက်တော့ သူငယ်ချင်းတွေက KFC မှာ ဆုံမယ် ချိန်းလို့သွားရင်း စားဖူးတယ်။ ဂွတ်ထ ဂွတ်ထ ပေါ့။ fast food တွေ ဘာတွေ ဘယ်သိမလဲ။
နောက်တော့ ဘာဂါဘာညာ စားတတ်လာတယ်။ ကိုကာကိုလာလေး မြုံ့တတ်လာတယ်။ ဂွတ်တယ်ဆိုတာထက် နိုင်ငံတကာရောက်ရင် ဘယ်မှ မသွားတတ် မစားတတ်လေတော့ အလွယ်တွေ့တဲ့ KFC တို့ Big Mac တို့ နဲ့ လွေးလိုက်တာပဲ။
အဲဒီလိုနဲ့ပဲ ပေါင်နှစ်ဆယ်လောက် တိုးလာတော့တာ။
Fast food တွေရဲ့ အဓိက ပစ်မှတ်က အလုပ်သမား ဆင်းရဲသားတွေ။ ဒါကြောင့် အိုဗာဝိတ်တွေ အိုဘိစ်တွေဟာ ဆင်းရဲသားတွေ များကြတာ။
ရွှေပြည်ကြီးက သူငယ်ချင်းများလည်း fast food တွေ Coca Cola , Pepsi စတဲ့ Soda တွေ တန်ခိုးနဲ့ ပေါင်တွေတိုးပြီး ဆရာဗိုက်တို့ မဗိုက်တို့ ဖြစ်မလာစေရန် ကြိုတင်သတိထားနိုင်စေကြောင်
မောင်လူပေကတော့ fast food များကို အတတ်နိုင်ဆုံး ဝေါင်ဝေါင်ရှေး၍ ဝေးဝေးရှောင်နေပါတယ် ဗျာ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment