နှစ်တိုင်း ဂျွန်လရဲ့ နောက်ဆုံးပတ် ရုံးပိတ်ရက်ကို San Francisco Pride days လို့ သတ်မှတ်တယ်။ Pride ဆိုတာ ဂုဏ်ယူတာ။ ( မာနလို့ မသုံးရ။ )ပါရမီရှင် အလှဖန်တည်းရှင်တွေ ဂုဏ်ယူတဲ့နေ့ပေါ့။
တကယ်က သူတို့ကို LGBT community လို့ ခေါ်ရတယ်။ Lesbian ( ယောက်ျားလျှာ ) Gay ( မိန်းမလျှာ ) Bisexual ( နှစ်ဖက်ချွန် ) နဲ့ Transgender ( လိင်ပြောင်းထားသူ ) တွေရဲ့ မိသားစုဝင်တွေဆိုတဲ့ သဘော။
သူတို့တွေကို ခွဲခြားဆက်ဆံလို့မရဘူး။ သူတို့ကလည်း သူတို့ကို ခွဲခြားဆက်ဆံတာ မလိုလား။ ဒါကြောင့် ဒီနှစ်ရဲ့ ဆောင်ပုဒ်က Equality without exception . ခွဲခြားမှု မရှိတဲ့ သာတူညီမျှမှု ပေါ့။
စနေမှာ မြို့တော်ခန်းမဘေးက နေရာလွတ်မှာ ပါတီတွေလုပ်ကြမယ်။ တနင်္ဂနွေမှာ အလှပြကားတွေ ခြေလျှင်တွေနဲ့ ပွဲတော်လှည့်မယ်။ လာကြမှာက လူငါးသိန်းလောက်။
ဗဟုသုတအနေနဲ့ ပြောပြတာနော်။
များတို့က ပါရမီရှင် မဟုတ်ပါ မောင်။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment