ဆန်ရေစပါး တိုးပွားကြပါစေ။
အဆင်ပြေ အောင်မြင်ကြပါစေ။
သဘာဝဘေးရန်များမှ လည်း ကင်းဝေးကြပါစေ။
ထော်လာဂျီ ဂွမ်ဒေါင်း တဖေါင်းဖေါင်း စီးနိုင်ကြပါစေ။
အမတော်ကြေး ဟိုအကြွေးတို့မှလည်း ကင်းရှင်းကြပါစေ။
ထမင်းရည်ချောင်းစီး အလှူကြီးများလည်း ပေးနိုင်ကြပါစေ။
ကိုယ်ပိုင်မီးစက် ဓါတ်စက်အကောင်းစားတွေနဲ့ ငြိမ့်နိုင်ပါစေ။
အိမ်ကြီးရခိုင် မီးမြိုင်မြိုင်ဖြင့်လည်း တင့်တယ်ကြပါစေ။
----------------------------------- စေ။
( ဘယ်က နှစ်ကျပ်ကွက်တွေနဲ့ အိုဗာတင်းရောင်းနေတာလဲ။ နင့်အဘတွေ သိမ်းသွားလို့ လုပ်စားဖို့မရှိ။ လယ်အငှားလိုက်နေရတာ ကြာလှပေါ့မောင်ရယ်။ ဖေါရှောတွေနဲ့ လုပ်မနေနဲ့တော့ ဆေးထိုးလို့လည်း မရတော့ဘူး။ ပုလင်းလိုက်ချိတ်မှ ရမဲ့ခေတ်။ အားလုံးအထာပေါက်ကုန်ကြပြီ မောင်ရင်။ အသိမ်းမခံရတဲ့သူတွေလည်း ဈေးကောင်းလို့ ရောင်းစားပြီး ထိုင်စားတာနဲ့ ကုန်ကြပြီ။ မကြာခင် စပါးကို တရုတ်က သွင်းရတော့မှာ မောင်ရင်ရေ..... တဲ့။ ဂျီးတော်မြက မကြားတကြား ပြောသွားလေရဲ့။ )
( အာဏာသိမ်းနေ့ထူးနေ့မြတ်ကို တောင်သူလယ်သမားနေ့ရယ်လို့ ခပ်တည်တည် မျက်နှာပြောင်ခဲ့တဲ့ တော်လှန်ရေးကောင်စီက မြန်မာပြည်ကို ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC ဘဝရောက်အောင် ပို့ဆောင်ပေးခဲ့တယ်။ ခပေါင်း၊ ဒူးယား၊ အုန်းတောတွေလည်း အတိတ်မှာ။ လယ်သမားတွေလည်း တာဝန်ကျေစပါးမသွင်းနိုင်လို့ ခဏခဏ ဒုက္ခတွေရောက်။
သူ့နောက်က လိုက်လာတဲ့ ငြိမ်ပိကောင်စီတို့ အေးယာကောင်စီတို့ကလည်း ဧက သန်းချီ တိုင်ပတ်လိုက်ကြတာ ခုထိ မြေယာပြသနာတွေ ရှင်းမကုန်။
ထိုထိုသောအကြောင်းများကြောင့် တောင်သူလယ်သမားနေ့ကို ဆရာစံ သူပုန်ထခဲ့တဲ့နေ့ဖြစ်ဖြစ်၊ ကြိုးပေးခံရတဲ့နေ့ဖြစ်ဖြစ် ပြန်လည် သတ်မှတ်တာကမှ သဘာဝကျမယ် ထင်တာပါပဲ။)

No comments:
Post a Comment