Wednesday, February 8, 2017

နှစ်ပါးသွားထဲက ငိုချင်းရှည်


နှစ်ပါးသွားထဲက ငိုချင်းရှည်

အနိတ်ကလေးတွေနဲ့ စတဲ့
အနိစ္စမဟုတ်။

စပြီဆိုထဲကမနိတ်တဲ့
မနိစ္စ ပါကလား။

နမိတ်ကြီးလေးပါးကလည်း
ထီပေါက်စဉ်လို
အစဉ်လိုက်ထွက်။

ပထမနမိတ်ကို
ကြိုလို့တောင်မပြီးသေး
ဒုတိယနမိတ်က
အသံပေးနေပါရော့လား။

ကောင်မလေးရေ
ခရီးထွက်ရဖို့
သိပ်မလိုတော့ဘူးထင်ရဲ့
အထုတ်တွေပြင်
ဘူတာစဉ်မှာ
စောင့်နေပေတော့ကွယ်။
 
 Image may contain: sky, twilight, nature and outdoor


အနိတ်ကလေးတွေနဲ့ စတဲ့
အနိစ္စမဟုတ်။

စပြီဆိုထဲကမနိတ်တဲ့
မနိစ္စ ပါကလား။

နမိတ်ကြီးလေးပါးကလည်း
ထီပေါက်စဉ်လို
အစဉ်လိုက်ထွက်။

ပထမနမိတ်ကို
ကြိုလို့တောင်မပြီးသေး
ဒုတိယနမိတ်က
အသံပေးနေပါရော့လား။

ကောင်မလေးရေ
ခရီးထွက်ရဖို့
သိပ်မလိုတော့ဘူးထင်ရဲ့
အထုတ်တွေပြင်
ဘူတာစဉ်မှာ
စောင့်နေပေတော့ကွယ်။

တရုတ်နှစ်သစ်ကူးပွဲ

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုတဝိုက်တွင် မှီတင်းနေထိုင်ကြသော မြန်မာပြည်ဖွားတရုတ်နွယ်များ မနည်းလှ။ ထောင်ချီရှိသည်။ ဒီနယ်တဝိုက်တွင်ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူများ၏ လေးပုံသုံးပုံခန့်လောက်မှာလည်း ဒီလူတွေပါပဲ။

ထိုမြန်မာတရုတ်များက နှစ်စဉ်လိုလိုပင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့သည်မှာ (၆)ကြိမ်အထိရှိခဲ့လေပြီ။ မကြာခင်ကြရောက်တော့မည့် ကြက်နှစ်သစ်ကိုလည်း ထုံးစံအတိုင်း ကျင်းပကြတော့မည်။

အရင်က တရုတ်နှစ်သစ်ကူးပွဲတခုအနေဖြင့် စုပေါင်းမကျင်းပနိုင်ခဲ့ကြ။ မိမိတို့ မိသားစုများ၊ ဆွေမျိုးများဖြင့်သာ သီးခြားစီ ကျင်းပခဲ့ကြသည်။ အခုနောက်ပိုင်းတော့ စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုသော ခံယူချက်ကို လက်ကိုင်ထားသော ဆော်သြရေးသမား(organizer) တွေ၏ မလျှော့သော ကြိုးပမ်းမှုတို့ကြောင့် ယခုကဲ့သို့ နှစ်စဉ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ရောက် မြန်မာများ၏ဘဝက အလုပ်များကာ ပင်ပန်းကြသည်။ များသောအားဖြင့် ပထမမျိုးဆက်များသာ ဖြစ်ရကား ရရာအလုပ်နှင့် ရုန်းကန်နေရသူက အများစု။ ဆရာဝန်၊ အင်ဂျင်နီယာ စသည်ဖြင့် အသက်မွေးသူက လက်ချိုးရေတွက်နိုင်သည်အထိ နည်းသည်။ မြန်မာအမေရိကန်ပထမမျိုးဆက် ဆိုသည်ကား သူတို့၏ ဒုတိယမျိုးဆက်တွေ အတွက် လှုပ်ရှားရုန်းကန်နေရသောအခြေအနေမို့ ပထမအလုပ်ပြီးရင် ဒုတိယအလုပ်ဆိုသည်မှာ မဆန်းလှ။ နားချိန်မရှိ၊ အားချိန်နည်းလှသော ထိုထို မြန်မာနွယ်ဖွားများအတွက် ပျော်စရာဆိုသည်ကား ဘုန်းကြီးကျောင်းရန်ပုံငွေ သင်္ကြန်ပွဲနှင့် မြန်မာပြည်မှ ခေတ္တရောက်လာသူ နာမည်ကျော်အချို့၏ ဖျော်ဖြေပွဲတချို့သာ ရှိသည်။ထို့ကြောင့်လည်း ပွဲငတ်နေသူမြန်မာနွယ်ဖွားများအတွက် ရေငတ်နေတုန်း ရေတွင်းထဲကြသည့်အလား။

မြန်မာပြည်ဖွားတရုတ်အမျိုးသားတွေမို့ မြန်မာပြည်အတွက်ဆို ရှေ့တန်းက ပါဝင်လှူတန်းကြသူတွေဖြစ်၏။ လူမှုရေး၊ ဘုန်းကြီးကျောင်းရေး၊ သဘာဝဘေးကူညီရေး စသည်ဖြင့် ရန်ပုံငွေပွဲတွေ လုပ်လေတိုင်း ရှေ့ဆုံးက ကူညီကြ ဝိုင်းကြဝန်းကြသူတွေကို ကြည့်လျှင်လည်း ဒီလူတွေက အမာခံတွေပါ။

မြန်မာပြည်မှာမွေးတော့ မြန်မာပြည်ကိုချစ်သည်။ မြန်မာစာကြိုက်သည်။ မြန်မာစကားပြောရမှ အားရကြသည်။ ပြီးတော့ မြန်မာသီချင်းဆိုရတာ နားထောင်ရတာကိုလည်း ကြိုက်ကြပါသည်။

ပွဲတခုလုပ်ဖို့အတွက် ငွေအင်အား၊ လူအင်အားစိုက်ထုတ်နိုင်သူ၊ လုပ်အားပေးနိုင်သူ၊ ကမကထပြုနိုင်သူတွေ လိုမည်မှာပြောစရာမလို။ ထိုသူတွေက ဆန်ဖရန်စစ္စကိုတရုတ်နှစ်သစ်ကူးပွဲတော်ကို အောင်မြင်စွာ ကျင်းပနေခြင်းပင်။ အကျွေးအမွေးအလျှံပယ်။ သက်ကြီးပူဇော်ပွဲ၊ ကလေးများဂုဏ်ပြုပွဲပင် ပါလိုက်သေး၊ ဝင်ကြေးကား အခမဲ့။

ဖရီးမောင့်တဝိုက်တွင် ကိုအေးချို၊ မလှလှဝင်းတို့ ဇနီးမောင်နှံကို မသိသူမရှိ။ နတ်ဖက်တဲ့စုံတွဲလို့ ပြောရလောက်အောင် ရှေ့သွားနောက်လိုက်ညီသည့်အပြင် ဂီတဝါသနာကပါ တထပ်တည်းပင်။ ကိုအေးချိုက အတီးသမား၊ သူ့ဇနီးက အဆိုရှင်။ သူတို့မောင်နှံ၏ စင်မြင့်ပေါ်က နှစ်ကိုယ်တူချစ်သမျှ သီချင်းကို အဝေးကသာ ကြားရလျှင် ရန်အောင်နှင့်ဟေမာဟုပင် ထင်ကြလိမ့်မည်။

မြန်မာပြည်မှာရှိစဉ်ထဲက တရုတ်အမျိုးသားတီးဝိုင်းတွင် တီးခဲ့ဆိုခဲ့ကြသည့် သူတို့မောင်နှံက တောင်ငူမြို့ ဟုတ်ဝမ်ဘုရားကျောင်းရာပြည့်ပွဲအထိ လာရောက်ဖျော်ဖြေခဲ့ဖူးကြောင်း သိရသောအခါ တောင်ငူသားနဲ့ရန်ကုန်သား တသားတည်း ဖြစ်သွားတော့သည်။အခုတော့ ဖရီးမောင့်သားတွေဘဝနဲ့ပေါ့။

ကိုအေးချိုတို့လို ဂီတဝါသနာပါကြသူ မြန်မာတရုတ်နွယ်ဖွားများလည်း မနည်းလှပါ။
အတီးပညာရှင်ချည်းပင် တီးဝိုင်းသုံးဝိုင်းစာ ရှိသည်။ အဆိုပညာရှင်မိုက်ခဲများကား ရာချီ။ ထိုထိုသော နယ်ခံ အဆိုကျော်အပေါင်းတို့၏ တေးသံသာများကိုလည်း အခမဲ့ နားသောတ ဆင်နိုင်ကြမည့်ပွဲတခုပါ။

တရုတ်နွယ်ဖွားတွေမို့ သနဲ့တမကွဲတာလေးတော့ ရှိတတ်ပါသည်။ တခါက ဒီအကြောင်းကို တံတာတာတေးတံတာ အမည်ဖြင့် ရေးခဲ့ဖူးသည်။ ချစ်ခြင်းမျက်စိဖြင့် ကြည့်တတ်လျှင်တော့ အပြစ်ဟူသမျှ မြူမှုန်မျှပင် မြင်မည်မထင်ပါ။

ကိုအေးချိုတို့လို အော်ဂနိုက်ဇာတွေကျေးဇူးကြောင့်သာ အောင်မြင်သော တရုတ်နှစ်သစ်ကူးပွဲတော်ကို အားလုံးပျော်ရွှင်စွာ ဆင်နွဲနိုင်ကြခြင်းဖြစ်သောကြောင့် ကိုအေးချိုနှင့်တကွ ပွဲဖြစ်မြောက်ရေးစီစဉ်သူ အော်ဂနိုက်ဇာများအား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။နှစ်စဉ်နှစ်တိုင်းလည်း ဒီလိုနှစ်သစ်ကူးပွဲတော်တွေ ဆက်လက် ဆင်နွဲနိုင်ပါစေကြောင်း တောင်းဆုပြုပါသည်။

ယခုလာမည့် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည့် မြန်မာပြည်ဖွားတရုတ်အမျိုးသားများ၏ တရုတ်နှစ်သစ်ကူးပွဲတော်သို့လည်း ဘာသာမရွေး လူမျိုးမရွေး အိမ်ဆူးဆို့ ကလေးလက်တို့ ခွေးအို့အို့ ဆိုသည့်နှယ် တပျော်တပါး လာရောက်အားပေးကြပါရန် မိတ်ဆွေသူငယ်ချင်း ရောင်းရင်းအပေါင်းအား ဖိတ်ကြားအပ်ပါသည် ခင်ဗျား။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 No automatic alt text available.

ကမ္ဘာပြားကြီးထဲက ကမ္ဘာရွာစုကြီး


ကမ္ဘာပြားကြီးထဲက ကမ္ဘာရွာစုကြီးမှာ အမေရိကားဆိုတဲ့ရွာသူကြီးက အာဏာအကြီးဆုံး။

ဒါကြောင့် သူဟာ ကျေးရွာအုပ်စုအားလုံးထဲက သူကြီးမှန်သမျှရဲ့ သူကြီးချုပ်ဆို ပိုမှန်မယ်။

အဲဒီ
ကမ္ဘာပြားကြီးထဲက ကမ္ဘာရွာစုကြီးမှာ အမေရိကားဆိုတဲ့ရွာသူကြီးက အာဏာအကြီးဆုံး။

ဒါကြောင့် သူဟာ ကျေးရွာအုပ်စုအားလုံးထဲက သူကြီးမှန်သမျှရဲ့ သူကြီးချုပ်ဆို ပိုမှန်မယ်။

အဲဒီသူကြီးအပြောင်းအလည်း ဒီနေ့ တရားဝင်ခဲ့ပြီ။

သူကြီးသစ်ကတော့ ဒေါ်နွယ်ထွန်းလို့ ရွှေရွာသားတွေခေါ်ကြတဲ့ ဒေါ်နယ်ကြီးပဲပေါ့။

အသက်(၇၀)ကျော် ကုဋေကြွယ်သူဌေးကြီးပီပီ အလွန်မောက်မာတယ်လို့ နာမည်ကြီးတယ်။

သူ့ရဲ့ သူကြီးသစ်ကျမ်းကျိမ်ပွဲအပြီး ပြောတဲ့မိန့်ခွန်းကလည်း အရင်ကလေသံအတိုင်း မပြောင်းလည်း။

ကမ္ဘာကျေးရွာအုပ်စုကို အရင်လို ငွေကုန်ခံပြီး မကူနိုင်တော့ဘူး။ ကျုပ်ရွာထဲမှာ ပြင်စရာ ဆောက်စရာတွေရှိတယ် တဲ့။ ကိုယ့်ဟာကိုယ် စခန်းသွားကြတော့ ပေါ့။

ကျေးရွာအချင်းချင်း ကုန်သွယ်ရေးမှာ သာတူညီမျှမှုတွေ လာမပြောနဲ့ တဲ့။ ကျုပ်ရွာရဲ့စီးပွားကိုထိပါးမဲ့ ဘာလုပ်ရပ်ကိုမှ လက်မခံဘူး ပေါ့။

ကျုပ်ရွာကြီးတိုးတက်အောင် ကျုပ်လုပ်နေတာကို အားကြရင် လိုက် အတုခိုးကြ။ ကျုပ်တို့ ဦးဆောင်မှုနောက်ကနေ လိုက်ချင်ရင်လိုက် တဲ့။ မတားရားဘူး တရားတယ် လာမပြောနဲ့ ဂရုမစိုက်ဘူးပေါ့။

ကျုပ်တို့ရွာရဲ့ သဘောကောင်းမှုကို ခုတုံးလုပ်ပြီး ကျုပ်တို့ချမ်းသာတာတွေကို နည်းမျိုးစုံနဲ့ တရားမဝင်ခိုးယူခဲ့ကြတဲ့ ရွာတွေလည်း အရင်လိုမရတော့ဘူးဆိုတာ သဘောပေါက် တဲ့။ သူစွတ်စွဲတာ ဘယ်သူ့ကိုလည်းဆိုတာ အားလုံးအသိပေါ့။

ကျုပ်ရွာခြံစည်းရိုးကို လုံအောင် ပြန်ကာမယ်။ တွေ့ကရာအမှိုက်သရိုက်တွေကို ရွာထဲအဝင်မခံနိုင်ဘူး။ အမှိုက်တွေ ပြန်ရှင်းမယ် တဲ့။ ခွေးတိုးပေါက်ရှာပြီး ဝင်ဖို့ အရင်လို မလွယ်တော့ဘူးပေါ့။

နိုင်ငံရေးသမားတွေအလုပ်မလုပ်ဘူး။ လေပဲများနေတယ်။ ခုချိန်ကစပြီး နိုင်ငံရေးသမားတွေလက်ထဲက အာဏာကို ပြည်သူ့လက်ထဲထည့်လိုက်ပြီ တဲ့။ အာဏာရှင်လေသံအပြည့်နဲ့ ပေါ့။

အစ္စလာမ္မစ်အစွန်းရောက်ဝါဒီတွေလည်း သတိထားနေပေတော့။ အကုန်ရှင်းပြစ်မယ် တဲ့။ ဘယ်လိုရှင်းမှာလည်းတော့ မသိ။

ကျုပ်ရွာကြီး အရင်လို ပြန်လည် အင်အားကြီးအောင် တည်ဆောက်မယ် တဲ့။ ဒါကတော့ သူ့လက်သုံးစကားပေါ့။

သူ့ရဲ့မိန့်ခွန်း ၁၆ မိနစ်စာထဲမှာ နှစ်ခြမ်းကွဲနေတဲ့ ရွာသားတွေ အတွက်၊ စိတ်ပူနေကြတဲ့အခြားရွာသူကြီးတွေအတွက် စိတ်သက်သာရာရအောင် ပြောဆိုသွားမှု မပါခဲ့။

သူ့လေသံကို နားထောင်ရင်း ပြောချင်တာ ရှိသဗျ။

"ကိုဟိုဒင်းရေ။ ဟိုဘက်ကရွာကြီးမှာတော့ ဒီနေ့ပဲ သူကြီးသစ် တက်လေရဲ့။ အရင်သူကြီးလို သဘောကောင်းမဲ့ပုံတော့ မရှိဘူး။ သူ့လေသံနားထောင် ရသလောက်တော့ ' ကြိုက်ကြိုက် မကြိုက်ကြိုက် ကျုပ်တက်လာပြီ။ အရင်သူကြီးဟောင်းနဲ့ လုံးဝတူမှာ မဟုတ်ဘူး။ မူသစ်တွေလာမယ်။ သတိသာထားနေပေတော့။ ' ဆိုတဲ့ လေသံပါပဲ ဗျာ။ " လို့။

ချစ်ခြင်းအားဖြင့်

မောင်လူပေ
အမေရိကန်ရွာကြီး (ခေတ္တ)
ကမ္ဘာကျေးရွာအုပ်စု
နေမြို့နယ်
မစ်ကီးဝေးတိုင်း
စင်္ကြာဝဠာပြည်ထောင်စု
ဒီနေ့ တရားဝင်ခဲ့ပြီ။


သူကြီးသစ်ကတော့ ဒေါ်နွယ်ထွန်းလို့ ရွှေရွာသားတွေခေါ်ကြတဲ့ ဒေါ်နယ်ကြီးပဲပေါ့။

အသက်(၇၀)ကျော် ကုဋေကြွယ်သူဌေးကြီးပီပီ အလွန်မောက်မာတယ်လို့ နာမည်ကြီးတယ်။

သူ့ရဲ့ သူကြီးသစ်ကျမ်းကျိမ်ပွဲအပြီး ပြောတဲ့မိန့်ခွန်းကလည်း အရင်ကလေသံအတိုင်း မပြောင်းလည်း။

ကမ္ဘာကျေးရွာအုပ်စုကို အရင်လို ငွေကုန်ခံပြီး မကူနိုင်တော့ဘူး။ ကျုပ်ရွာထဲမှာ ပြင်စရာ ဆောက်စရာတွေရှိတယ် တဲ့။ ကိုယ့်ဟာကိုယ် စခန်းသွားကြတော့ ပေါ့။

ကျေးရွာအချင်းချင်း ကုန်သွယ်ရေးမှာ သာတူညီမျှမှုတွေ လာမပြောနဲ့ တဲ့။ ကျုပ်ရွာရဲ့စီးပွားကိုထိပါးမဲ့ ဘာလုပ်ရပ်ကိုမှ လက်မခံဘူး ပေါ့။

ကျုပ်ရွာကြီးတိုးတက်အောင် ကျုပ်လုပ်နေတာကို အားကြရင် လိုက် အတုခိုးကြ။ ကျုပ်တို့ ဦးဆောင်မှုနောက်ကနေ လိုက်ချင်ရင်လိုက် တဲ့။ မတားရားဘူး တရားတယ် လာမပြောနဲ့ ဂရုမစိုက်ဘူးပေါ့။

ကျုပ်တို့ရွာရဲ့ သဘောကောင်းမှုကို ခုတုံးလုပ်ပြီး ကျုပ်တို့ချမ်းသာတာတွေကို နည်းမျိုးစုံနဲ့ တရားမဝင်ခိုးယူခဲ့ကြတဲ့ ရွာတွေလည်း အရင်လိုမရတော့ဘူးဆိုတာ သဘောပေါက် တဲ့။ သူစွတ်စွဲတာ ဘယ်သူ့ကိုလည်းဆိုတာ အားလုံးအသိပေါ့။

ကျုပ်ရွာခြံစည်းရိုးကို လုံအောင် ပြန်ကာမယ်။ တွေ့ကရာအမှိုက်သရိုက်တွေကို ရွာထဲအဝင်မခံနိုင်ဘူး။ အမှိုက်တွေ ပြန်ရှင်းမယ် တဲ့။ ခွေးတိုးပေါက်ရှာပြီး ဝင်ဖို့ အရင်လို မလွယ်တော့ဘူးပေါ့။

နိုင်ငံရေးသမားတွေအလုပ်မလုပ်ဘူး။ လေပဲများနေတယ်။ ခုချိန်ကစပြီး နိုင်ငံရေးသမားတွေလက်ထဲက အာဏာကို ပြည်သူ့လက်ထဲထည့်လိုက်ပြီ တဲ့။ အာဏာရှင်လေသံအပြည့်နဲ့ ပေါ့။

အစ္စလာမ္မစ်အစွန်းရောက်ဝါဒီတွေလည်း သတိထားနေပေတော့။ အကုန်ရှင်းပြစ်မယ် တဲ့။ ဘယ်လိုရှင်းမှာလည်းတော့ မသိ။

ကျုပ်ရွာကြီး အရင်လို ပြန်လည် အင်အားကြီးအောင် တည်ဆောက်မယ် တဲ့။ ဒါကတော့ သူ့လက်သုံးစကားပေါ့။

သူ့ရဲ့မိန့်ခွန်း ၁၆ မိနစ်စာထဲမှာ နှစ်ခြမ်းကွဲနေတဲ့ ရွာသားတွေ အတွက်၊ စိတ်ပူနေကြတဲ့အခြားရွာသူကြီးတွေအတွက် စိတ်သက်သာရာရအောင် ပြောဆိုသွားမှု မပါခဲ့။

သူ့လေသံကို နားထောင်ရင်း ပြောချင်တာ ရှိသဗျ။

"ကိုဟိုဒင်းရေ။ ဟိုဘက်ကရွာကြီးမှာတော့ ဒီနေ့ပဲ သူကြီးသစ် တက်လေရဲ့။ အရင်သူကြီးလို သဘောကောင်းမဲ့ပုံတော့ မရှိဘူး။ သူ့လေသံနားထောင် ရသလောက်တော့ ' ကြိုက်ကြိုက် မကြိုက်ကြိုက် ကျုပ်တက်လာပြီ။ အရင်သူကြီးဟောင်းနဲ့ လုံးဝတူမှာ မဟုတ်ဘူး။ မူသစ်တွေလာမယ်။ သတိသာထားနေပေတော့။ ' ဆိုတဲ့ လေသံပါပဲ ဗျာ။ " လို့။

ချစ်ခြင်းအားဖြင့်

မောင်လူပေ
အမေရိကန်ရွာကြီး (ခေတ္တ)
ကမ္ဘာကျေးရွာအုပ်စု
နေမြို့နယ်
မစ်ကီးဝေးတိုင်း
စင်္ကြာဝဠာပြည်ထောင်စု
 
 Image may contain: 19 people, people standing
 
 

ကြက်ဖကြီးဗေဒင်အခန်း

မကြာမီကြရောက်တော့မဲ့ တရုတ်နှစ်သစ်ဟာ ကြက်ဖကြီးကို ကိုယ်စားပြုတယ်။ တရုတ်ရိုးရာဗေဒင်အရအကောင်ပေါင်းတစ်ဆယ့်နှစ်ကောင်ရှိတဲ့အထဲက နာမည်ကြီးအကာင်တကောင်ပါ။

ဒါကြောင့်ပဲကြက်ဖကြီးနှစ်ကို ကြိုဆိုရင်း ကြက်ဖကြီးအကြောင်း လေ့လာမိတယ်။ ကြက်ဖကြီးဗေဒင်အခန်း ဆိုပါတော့။

တရုတ်ရိုးရာမှာ ရေ၊ မြေ၊ ရွှေ၊ မီး၊ သစ်သား ဆိုတဲ့ ဓါတ်ငါးပါးရှိသေးတယ်။ ဒီဓါတ်တွေထဲက မီးဓါတ်ကြီးစိုးတဲ့ မီးကြက်ဖကြီးလို့ ဆိုတယ်။

ဒါကြောင့်တရုတ်ရိုးရာဗေဒင်အရ ဒီနှစ်မှာမွေးသူတွေဟာ လူတွေကိုဦးဆောင်သူ၊ အလွန်တက်ကြွသူ၊ ရိုးသားသူ၊လူတွေကြားမှာ ထင်ပေါ်သူဖြစ်ပါသတဲ့။ အရာရာကို စူးစမ်းသူ၊ အလုပ်ကျိုးစားသူ၊ ရဲရင့်သူမို့ ကိုယ့်ကိုကိုယ်လည်းအပြင်မှာတကယ်ရှိတဲ့ ကြက်ဖကြီးတွေလိုပဲ အားလုံးရဲ့ကြားမှာ စွဲဆောင်မှုရှိစွာ တင့်တယ်နေလိုသူပေါ့။ ကြက်ဖကြီးတွေက သူတို့ကို အများက ဂရုစိုက်တာလည်း အလွန်ကြိုက်သတဲ့။ သူတို့ပြောတာကို နားမထောင်ရင်တော့ အလွန်စိတ်ဆိုးကြသတဲ့။ သူတို့ထင်သလို လုပ်တတ်လွန်းလို့ တခြားသူအတွက် မမျှော်လင့်တဲ့ အနှောက်အယှက်တွေတောင် ဖြစ်တတ်လို့ ဂရုပြုရမယ်လို့ ဆိုတယ်။

ဘယ်သူမဆို မိမိမွေးတဲ့အကောင်နှစ်ကိုရောက်ရင် အနည်းနဲ့အများ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒါကြောင့် ကြက်ဖနှစ်သမားတွေ ပိုပြီးဂရုစိုက်ရမယ်။ ဒါပေမဲ့ ကောင်းကင်မှာ ကြယ်ကောင်းနဲ့ကြယ်ဆိုး နှစ်လုံးက အမြဲအပြိုင်ထွန်းလင်းတာမို့ သတိပြုတဲ့လူအတွက် မကောင်းတာ သက်ရောက်မှုနည်းပါမယ်တဲ့။ ငွေကုန်တာများမယ်။ ဝင်ငွေထွက်ငွေ ကြည့်သုံးရမဲ့နှစ်ပေါ့။

ကြက်ဖနှစ်မှာမွေးသူတွေဟာ ကျန်းမာရေးကောင်းကြတယ်။ အားကစားလည်းအလွန်ဝါသနာပါကြတယ်။ နေမကောင်းလည်းခဏပဲ၊ အာကစားလုပ်ပြီးပြန်ကောင်းမှာပါတဲ့။

ကြက်ဖတွေအတွက် ကံကောင်းတဲ့နံပါတ်က ၅,၇,၈ ဖြစ်ပြီး တရုတ်လရဲ့ လေးရက်မြောက်နဲ့ နှစ်ဆယ့်ခြောက်ရက်မြောက်တွေက ကံကောင်းတဲ့ရက်တွေပါတဲ့။ရွှေရောင်၊အညိုရောင်၊အဝါရောင်တွေက ကံကောင်းတဲ့အရောင်တွေဖြစ်ပြီး တောင်အရပ်နဲ့အရှေ့တောင်အရပ်က ကံကောင်းတဲ့အရပ်ဒေသတွေပေါ့။ တရုတ်လတွေဖြစ်တဲ့ ၂လ၊ ၅လ၊ ၁၁လပိုင်းတွေမှာလည်း ကံကောင်းနိုင်ပါသေးတယ်။

ကြက်ဖနှစ်မွေးသူတွေ ရှောင်ရမှာက အနီရောင်ကိုရှောင်၊ ၁,၃,၉ ကိုရှောင်၊ အရှေ့အရပ်ကိုရှောင်၊ တရုတ်လတွေဖြစ်တဲ့ ၃လ၊၉လ၊၁၂လပိုင်းတွေမှာ အလုပ်အကိုင်ကြီးတွေရှောင် ရမယ်တဲ့။

ကြက်ဖတွေက လူအများနဲ့ဆက်ဆံရတဲ့အလုပ်မှန်သမျှနဲ့အဆင်အပြေဆုံးမို့ အလုပ်ရှာရင် ဒီလိုအလုပ်မျိုးက အကောင်းဆုံးပါပဲတဲ့။ အားကစားကိုအလွန်နှစ်သက်တတ်သူ တက်ကြွသူကြက်ဖကြီးတွေမို့ အားကစားအလုပ်လည်းကောင်းပါသတဲ့။

ကြက်ဖကြီးနဲ့အသင့်တော်ဆုံးဖူးစာရှင်တွေက နွားနဲ့မြွေဖြစ်ပြီး ကြွက်၊ယုန်၊မြင်း၊ဝက်တို့ကို မရွေးသင့်ပါဘူးတဲ့။

လေ့လာမိသလောက် ရေးပြတာပါ။ မောင်လူပေတတ်လို့မဟုတ်။ လိုတာလေးတွေရှိရင်လည်း ဖြည့်ဖတ်ပေးပါ။ ကြက်ဖနှစ်သစ်မှာ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာရွှင်လန်းကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 No automatic alt text available.

တရုတ်တွေက ကိုယ်မွေးတဲ့နှစ်ရဲ့အကောင်ကို သိပ်တန်ဖိုးထားကြတာ။


မောင်လူပေတို့နေတဲ့ ဒွန္နရားကြီးမှာ တရုတ်လူဦးရေက ငါးပုံတပုံရှိတယ်။ လူငါးဦးမှာ တဦးက တရုတ်ပေါ့လေ။ ဒါကြောင့် တရုတ်နှစ်သစ်ဟာ ကမ္ဘာကြီးရဲ့ ငါးပုံတပုံနဲ့ သက်ဆိုင်တယ်။

တရုတ်တွေက ကိုယ်မွေးတဲ့နှစ်ရဲ့အကောင်ကို သိပ်တန်ဖိုးထားကြတာ။ ငယ်နာမည်အဖြစ်လည်း ပေးကြတယ်။ ကလေးကျန်းမာအောင်ပါတဲ့။ နောက်တော့ ကြီးတဲ့အထိ ဒီနာမည်နဲ့ပဲ နေသွားသူတွေ ဒုနဲ့ဒေး။

တောင်ငူဈေးကြီးထဲက ဝက်သားရုံမှာဆိုရင် ဦးကြက်ဖကြီးက မသိသူမရှိ။ အမေက "ဦးကြက်ဖကြီးဆီသွား၊ ငါးဆယ်သားလောက် ဘိုက်သားလေးလိုချင်တယ်ပြော" ဆိုပြီး သူမအားရင် ဆယ်နှစ်သားအရွယ် လူပေလေးကို ဈေးလွှတ်နေကြ။ လူပေချာတိတ်ကိုမြင်တာနဲ့ ဘယ်သူ့သားဆိုတာ သိပြီးသားမို့ မင်းအမေ ဘယ်လောက်သားမှာလည်း မေးပြီး အမေ့အကြိုက် ခုတ်ထစ်ပြီး ပေးလိုက်တာ ယူပြန်တော့ပဲ။ နောက်နေ့မှ အမေက သူနဲ့ပိုက်ဆံရှင်းမှာ။ ဦးကြက်ဖကြီးဟာ တသက်လုံးပဲ ဘောင်းဘီတိုကြီးနဲ့ ဈေးထဲမှာ ကြိုးစားစွာ ရိုးသားစွာစီးပွားရှာသွားတဲ့ တရုတ်ကြီးပေါ့။

ဒေါ်ဝက်မတို့ ဒေါ်ခွေးတို့လည်း တောင်ငူမှာ လူသိများတဲ့ တရုတ်မကြီးတွေ။ ငယ်သူငယ်ချင်းရဲ့ ညီတွေနာမည်ကလည်း မောင်ဝက်၊ မောင်ကြွက် တဲ့။ မောင်ဝက်က စီးပွားရေးလုပ်ငန်းကြီးပိုင်ရှင်၊ မောင်ကြွက်က နိုင်ငံခြားမှာ အထူးကုဆရာဝန်ကြီး။

စက်မှုကျောင်းရောက်တော့ သူငယ်ချင်းတဦးရဲ့အဖေကလည်း ဦးခွေးပါပဲ။ ပွဲရုံပိုင်ရှင်သူဌေးကြီးပါ။ တနယ်လုံးမှာ မသိသူမရှိ။ ရိုးသားစွာကြိုးစားကြရင်း မြန်မာပြည်မှာအခြေချခဲ့ မြန်မာဆန်သူ တရုတ်အမျိုးသားကြီးတွေထဲက မွေးနှစ်ရဲ့နာမည်တွေနဲ့သူတွေပေါ့။

တရုတ်နှစ်သစ် ကြက်ဖကြီးရဲ့အကြောင်းကိုတော့ နောက်မှ ဆက်ရေးပါ့မယ်ဗျာ။
 
 No automatic alt text available.

ဦးပေ ပုံပြောမယ်

မောင်ညီမလေးတို့ရေ။

ဦးပေ ပုံပြောမယ်ပေါ့ကွယ်။

ဘိုနှစ်ဆန်းပြီးတော့ ပေါက်ဖေါ်နှစ်ဆန်းလာတော့မယ်။

ပေါက်ဖေါ်နှစ်အရဆိုရင် ကြက်ဖကြီးနှစ်ပေါ့။

ပေါက်ဖေါ်နှစ်က အကောင်ဆယ့်နှစ်ကောင်နဲ့ သတ်မှတ်တာမို့ ဆယ့်နှစ်နှစ်ကြာရင် တခါ ကိုယ်မွေးတဲ့အကောင် ပြန်ရောက်တယ်။

ကြက်ဖကြီးအကြောင်းက နောက်မှပြောကြတာပေါ့။ အခုတော့ ဒီအကောင်တွေ ဖြစ်လာပုံကို အရင်ပြောပြမယ်။

ရှေးတုန်းက မိုးကောင်ကင်ဘုရားလို့ ပေါက်ဖေါ်ကြီးတွေ ယုံကြည်တဲ့ Jade emperor (ကျောက်စိမ်းဘုရင်ကြီး)ရှိသတဲ့။ သူက နှစ်တွေကို အကောင်တွေနဲ့ သတ်မှတ်ဖို့ အကြံရသတဲ့။

ဒါနဲ့ပဲ အကောင်တွေကို ဆင့်ခေါ်စေတယ်။ " မနက်ဖြန်မနက် အစောဆုံး ငါ့ဆီရောက်လာမဲ့ အကောင်ဆယ့်နှစ်ကောင်ကို နှစ်တွေရဲ့ကိုယ်စားပြုပေးမယ်။ လာခဲ့ကြ။ " လို့ အမိန့်ပေးသတဲ့။

အဲဒီတုန်းက ကြွက်နဲ့ကြောင်ဟာ အလွန်ချစ်ကြတဲ့ မိတ်ဆွေတွေဆိုပဲ။ ညရောက်တော့ ကြွက်ကို ကြောင်က " ငါတို့နှစ်ယောက် အစောဆုံးရောက်အောင် သွားကြမယ်။ ဒါပေမဲ့ ငါက အအိပ်မက်တယ်။ ငါမနိုးခဲ့ရင် နှိုးပါ။" လို့ အတန်တန်မှာပါသတဲ့။

အလွန်စိတ်လှုပ်ရှားနေရှာတဲ့ ကြွက်က မနက်မှာ အစောကြီးထပြီးထွက်လာတယ်။ ကြောင်ကိုနှိုးဖို့ မေ့ခဲ့တယ်။

ကြွက်ဟာ လမ်းရောက်တော့ သူ့ထက်မြန်အောင်ပြေးနေတဲ့ နွားကြီး၊ ကျား၊ မြင်း စတဲ့ အကောင်စုံကို မြင်တွေ့ရတယ်။ ဒီတော့ နွားကြီးဆီသွားပြီး "မိတ်ဆွေ။ ကျုပ်ကို တင်ခေါ်သွားပါ။ လမ်းမှာ မပျင်းရအောင် သီချင်းဆိုပြမယ်။" လို့ပြောသတဲ့။

နွားကြီးက သဘောကောင်းတော့ ကြွက်ကို သူ့ကျောပေါ်တင်ခေါ်လာခဲ့တယ်။

ကြွက်က အသံကောင်းနဲ့သီချင်းဆိုပြတော့ နွားကြီးက ပြေးလိုက်တာ ကျောက်စိမ်းဘုရင်ဆီကို သူတို့အရင်ရောက်သတဲ့။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ကြွက်က နွားကြီးရဲ့ကျောပေါ်ကနေ ရှေ့ကို ခုန်ချလိုက်တော့ သူက ရှေ့ဆုံးဖြစ်သွားလေရဲ့။ ကျောက်စိမ်းဘုရင်ရဲ့ပထမဆုံးအချစ်တော် ဖြစ်ခဲ့တယ်။

ကြွက်ပြီးတော့ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်ဖ၊ ခွေး၊ ဝက်တို့ အရွေးခံရတယ်။

ကြောင်ကတော့ အရောက်နောက်ကျလို့ ရွေးတဲ့အထဲမှာ မပါခဲ့ရှာဘူး။

အတန်တန်မှာထားရက်နဲ့ သူ့ကိုမနှိုးပဲထွက်ကြွက်ကို ကြောင်က အရမ်းစိတ်ဆိုးသွားတယ်။ အဲဒီအချိန်ကစပြီး ကြောင်နဲ့ကြွက်ဟာ ရန်သူတွေ ဖြစ်ခဲ့ရပါသတဲ့။

ကြောင်ကကြွက်ကို လိုက်ရတာ ဘာကြောင့်လည်းဆိုတာ သိကြပြီနော်။

ကိုယ်မွေးတဲ့နှစ်ရဲ့အကောင်ကိုသိရအောင် ဇယားလေးပါ ထည့်ပေးလိုက်တယ်။

မောင်ညီမလေးတွေ ကျန်းမာကြပါစေ။

ချစ်တဲ့

ဦးပေ

(တရုတ်ရိုးရာပုံပြင်)


 No automatic alt text available.