ငယ်စဉ်တုန်းက ‘ဖျာပုံထည်’ လို့  အမည်ရတဲ့ လေဘေးထည်ရောင်းတဲ့ လမ်းဘေး
ပလက်ဖေါင်းပေါ်က ဆိုင်တွေမှာ အဝတ်ကောင်းလေးတွေ ရွေးဖူးပါသလား။ ‘ဒို’ လို့ 
အတိုခေါ်ကြတဲ့ ဂျပန်ပြည်ကလာတဲ့ အဟောင်းတွေဖြစ်တဲ့
ကက်ဆက်၊တီဗွီ၊ရေခဲသေတ္တာ၊အဝတ်လျှော်စက်စတဲ့ လျှပ်စစ်ပစ္စည်း အဟောင်းတွေ
သုံးဖူးပါသလား။ ဂျပန်ကျကား၊ဆိုင်ကယ်ဟောင်းလေးတွေကို ‘စလုံး’ နဲ ‘့မလေး’ တို
့ကလာတဲ့ ကားပစ္စည်းဟောင်း၊တာယာဟောင်း တွေနဲ့  အစားထိုးပြုပြင်ဖူးပါသလား။
တခုမဟုတ်တခု တော့လုပ်ခဲ့ဖူးတယ်ဆိုယင် သင်ဟာ ၉၉% သော ပြည်သူအများစုထဲမှာ
ပါဝင်နေပါသေးတယ်။အပျော်ထားတဲ့ စပွန်ဆာလေးကို တစ်လ ဒေါ်လာတသိန်းကျော်ဖိုး
နိုင်ငံခြားမှာ ဈေးဝယ်ခွင့်ပေးနိုင်တဲ့၊ဝိုင်အရက်ကို
ဒေါ်လာသောင်းကျော်တန်မှသောက်တတ်တဲ့၊ဒေါ်လာသန်းဝက်လောက်တန်ဖိုးရှိတဲ့
ပြိုင်ကားအသစ်ကို အမေရိကန်ကတင်သွင်းပြီး မြန်မာပြည်ကလမ်းကြမ်းမှာ
မညှာမတာစီးနိုင်တဲ့၊နန်းတော်တမျှ ခမ်းနားလှတဲ့ အိမ်ကြီးတွေမှာ
ကိုယ်ရံတော်တွေ အိမ်ဖေါ်တွေ ယာဉ်မောင်းတွေ အခိုင်းအစေတွေ တလှေကြီးနဲ့ 
နေရင်း စကာင်္ပူက ညစာကို မှာစားနိုင်တဲ့ မိုးကြရွှေကိုယ် ခေတ်ပေါ်သူဌေးတွေ၊
စိန်စီသောညတွေ များစွာကိုကျော်ဖြတ်ရင်း လက်ညိုးညွှန်ရာရေဖြစ်တယ်ဆိုတဲ့ သူတွေ
အချို့ ကတော့ ၁% လောက်သာ စာရင်းပေါက်မယ် ထင်ပါတယ်။
ရွှေနိုင်ငံတော်ကြီးလို့  နာမည်တတ်ပြီး အမွန်းတင်ရပေမဲ့ ရေညှိတွေတက်ပြီး
အပင်တွေပေါက်နေတဲ့ ကံထရိုက်တိုက်တွေ၊ရှေးတိုက်အိုကြီးတွေ၊
ဟောင်းနွမ်းနေတဲ့ ဘတ်စကားအိုကြီးတွေ၊ လမ်းအိုလမ်းဟောင်းတွေ၊
ကားအိုကားဟောင်းတွေ၊ အမှိုက်ပုံတွေကမြို့ ပြပန်းချီကားရဲ့  နေရာအများစုကို
ပိုင်စိုးထားဆဲပါ။ အသစ်တက်လာတဲ့ အစိုးရဆိုတာကလည်း အရင်
တပ်မတော်အစိုးရဟောင်းလက်ထက်က ဗိုလ်ချုပ်ဟောင်းအများစုနဲ့  ဖွဲ
့စည်းထားတာမို့  မျက်နှာဟောင်းတွေပဲ တွေ့ နေရတာပါ။
ဒီပဲရင်း မှာ ဘီလူးဆိုင်းနဲ့ ထွက်လိုက်မိလို့ ရခဲ့တဲ့
နိုင်ငံတကာဖိအားတွေ ဖြေလျှော့ဖို့ ယခု ပန်းချီပြခန်းပိုင်ရှင် ယခင်
တီဗွီမင်းသား ထောက်လှမ်းရေးမှူးချုပ် ဟောင်းကြီးကို လမ်းပြမြေပုံဆိုတာကြီး
ချမှတ်စေကာ တပ်မတော်ကို အနာဂတ်နိုင်ငံရေးအထိ ရှေ့တန်းကပါဝင်ရေးဆိုတဲ့ ထာဝရ
အာဏာထိမ်းချုပ်ရေး မူတွေအရ နာဂစ်ဖွဲ့ စည်းပုံကြီး နဲ့  တက်လာတဲ့အစိုးရမို
့ပြည်သူအများစုက စစ်မှန်တဲ့ အစိုးရသစ်လို့  မယုံကြည်ခဲ့ကြပါဘူး။
သမ္မတသစ်(ယခင်အစိုးရရဲ့ ဝန်ကြီးချုပ်ဟောင်း) ရဲ
့ပျော့ပြောင်းတဲ့မူဝါဒအသစ်တွေနဲ့  အမျိုးသားရင်ကြားစေ့ရေးအတွက် ဘယ်သူနဲ
့မဆို တွဲလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တို့  နားလည်မှုရကြပြီး
နိုင်ငံတော်ကို ဒီနိုကရေစီ စနစ်နဲ့ တည်ဆောက်မယ်လို့ ကြွေးကြော်ကာ
နိုင်ငံရေးအကျဉ်းသားတွေလွှတ်၊တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး
ဖော်ဆောင်မယ်ဆိုပြီး တိုင်းရင်းသားအဖွဲ့ တွေ၊
နိုင်ငံတကာရောက်အတိုက်အခံတွေနဲ
့ဆွေးနွေးမှုတွေလုပ်ဆိုတဲ့ နိုင်ငံရေးပိုင်းတိုးတက်မှုတွေ တွေ့ 
လာရပါတယ်။ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖေါ်ဆောင်ခဲ့တဲ့ လွဲမှားတဲ့ စီမံခန်
့ခွဲမှုများ၊အကျင့်ပျက်ခြစားမှုများ၊
ဦးပိုင်နဲ
့ကိုယ်ကျိုးရှာသမားတချို့ ရဲ့  စီးပွားရေးလက်ဝါးကြီးအုပ်ထားမှုများကြောင့်
စီးပွားရေးပိုင်းမှာ ထင်သာမြင်သာတဲ့ တိုးတက်မှုမတွေ
့ရှိရသေးပါ။ပြည်သူအများစုကတော့ အရင်အတိုင်း ခေတ်ဟောင်းတုန်းကအတိုင်း
ဆင်းရဲတွင်းထဲမှာပဲ ပျော်မွေ့ နေရဆဲပါ။
နိုင်ငံရဲ့ အခြေခံအုပ်မြစ်ဖြစ်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း
ဒီမိုကရေစီစံနှုန်းများနဲ့  အညီ ရေးဆွဲခဲ့တာ မဟုတ်ပဲ တပ်ကသူတို့ လိုလားသလို
ရေးဆွဲခဲ့တာမို့  ဒီမိုကရေစီနိုင်ငံကို ဒီ အခြေခံဥပဒေဆိုတာနဲ့ တည်ဆောက်လို
့ မရနိုင်ဘူးဆိုတာ စဉ်းစားတတ်တဲ့လူတိုင်း နားလည်ကြမှာပါ။ဒီကြားထဲမှာ
ပြင်သင့်၊မပြင်သင့် အပြင် အသစ်ရေဆွဲရေးဆိုပြီးပါ အမြင် အမျိုးမျိုး
ဖြစ်ပေါ်နေပါသေးတယ်။ အများစုက ပြင်ရေးကို ထောက်ခံကြမှာပါ။ဒါဆိုရင်တော့
လူဟောင်းများက စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ဥပဒေမို့  အစမှအဆုံးနီးပါးတိုင်
ပြင်ရမဲ့သဘောမှာရှိပါတယ်။ပြင်လို့ မလွယ်အောင်ရေးဆွဲခဲ့တာမို့ 
အတော်ကြာမဲ့သဘောမှာရှိပါတယ်။ လွှတ်တော်ရောက် တမတ်သား တပ်မတော်သားများရဲ
့ထောက်ခံမှုကလည်းလိုအပ်ပါသေးတယ်။
၂၀၁၅ ရွေးကော်ပွဲအမှီ အပြီးသတ်ပြင်ဆင်နိုင်ဖို့ ဆိုတာ ဖြစ်နိုင်ဖွယ်မရှိပါ။
ဒီကြားထဲမှာ နိုင်ငံတကာမှာ အသုံးမဝင်တော့တဲ့ ငါနဲ့ မတူငါ့ရန်သူ
ဖက်ဆစ်မျက်ကန်း မျိုးချစ်ဝါဒဟောင်းကြီးကို ဖုန်သုတ်ပြီး
နိုင်ငံရေးဇာတ်ခုံပေါ် ပြန်တင်ကာ မင်းသားကြီးမလုပ်ရရင်
ပတ်မကြီးထိုးခွဲပစ်မယ်ဆိုတဲ့ အရင်အစိုးရဟောင်းရဲ့  သစ္စာခံတချို့ ကြောင့်
နိုင်ငံတကာမှာမျက်နှာပျက်ရတာကလည်း ရှိသေးတာမို့ 
စစ်အာဏာပြန်သိမ်းခြင်းဆိုတဲ့ အဟောင်းသံသရာပြန်လည်မှာကို
လူတိုင်းစိုးရိမ်နေကြရပါသေးတယ်။
စနစ်ဟောင်း တွေ အသစ်မပြောင်းနိုင်သေးရင်တော့ အဟောင်းသံသရာမှာ လည်နေဦးမှာ အသေအချာပါပဲ။
မောင်လူပေတို
့တတွေ စနစ်ဟောင်းက အကျင့်ဆိုးတွေ၊စံမမီတော့တဲ့ အတွေးအခေါ်တွေကို
ပြုပြင်ရင်း စိတ်သစ်လူသစ်တွေနဲ့  ဒီမိုကရေစီလမ်းကြောင်းသစ်ကို
တည်ဆောက်ကြဖို့ လိုအပ်လှပါတယ်။အသစ်များနဲ့  သာယာလှပပြီး
အေးချမ်းတည်ငြိမ်တဲ့ နိုင်ငံလေးတခုဖြစ်အောင် ပြည်ထောင်စုဖွား
သွေးချင်းများနဲ့  အတူ အေးအတူ ပူအမျှ တည်ဆောက်ကြရအောင်လားဗျာ....။
“ အားလုံးပဲ ဟောင်းနွမ်းလွန်းလို့  ၊ အသစ်ကပြန်စကြစို့  “ ( ဇော်ဝင်းထွဋ် သီချင်းမှ… )

No comments:
Post a Comment