ကိုလူပေရေ မာရဲ့နော်။
သတိရတယ်ဗျာ။ ငယ်ဘဝတွေကိုပေါ့။
ကျုပ်တို့က ကျောင်းဘင်ခရာအဖွဲ့မှာ အတော်ကြာတွဲခဲ့တဲ့သူတွေမို့ အခုလို အချိန်မျိုးမှာ ပိုပြီး သတိရတယ်။
ဘာဆိုင်လို့လည်းလို့ ခင်ဗျားမေးချင်နေတာ ကျုပ်သိပါတယ်။ ဒီလိုဗျို့ ဒီလို။
ကျောင်းပိတ်လို့ ပြန်ဖွင့်ရင် ဘင်ခရာအဖွဲ့ ပြန်ဖွဲ့ဖို့ ပြန်ပြီး ကြိုးစားကြရသလို အခုလည်း အစိုးရသစ်ဖွဲ့ဖို့ ကြိုးစားရတာနဲ့ တွဲပြီး တွေးမိလို့ပါ။
ဘင်ခရာဆိုလို့ ရီစရာပြောရဦးမယ်။ ဘင်ခရာအဖွဲ့ထဲ ဝင်ဖြစ်ခဲ့ပုံ အကြောင်းလေးပါ။ ကျုပ်က အနုပညာအခြေခံ သိပ်ညံ့တာ။ သီချင်းတောင် ကီးမှန်အောင် ဆိုတတ်တာ မဟုတ်ဘူး။ တပုဒ်လုံးလည်း မရဘူး။ ဘာမှမသိပေမဲ့ သိတာလေးတော့ ရှိသဗျ။ ကျိတ်ပိုးနေတဲ့ မဒီလေးက အဲဒီအဖွဲ့ထဲမှာဗျို့။ ဒါနဲ့ပဲ သူလေးနဲ့ နီးရဖို့အရေး ဘင်ခရာအဖွဲ့ဝင် ဖြစ်လာတော့တာပါပဲ။ ဖြစ်ချင်တော့ ဘင်ခရာအဖွဲ့ထဲကို ကျုပ်ဝင်လာတဲ့နှစ်မှာပဲ သူက ထွက်သွားသဗျ။ ကျုပ်လာမယ်ကြိုသိလို့ ထွက်သွားသလားတော့မသိ။ ကံမကောင်းချက်က အဲဒီလို။ ဒါနဲ့ပဲ မထူးဇတ်ခင်းရင်း ဘင်ခရာထဲ ကျန်ခဲ့ရာက ခင်ဗျားတို့နဲ့ ခင်တာပါပဲဗျာ။
ဘာမှမသိတဲ့ကျုပ်တို့လို လူသစ်တွေ အများကြီးလည်း ဘင်ခရာထဲရောက်မှ ဘယ်ညာဘယ်ညာတွေသင်၊ ဂီတအခြေခံတွေသင်ရင်း တဖြည်းဖြည်း စကြရတာ။ အစကတော့အမှားအယွင်းလေးတွေအြ ပည့်ပေါ့။
ရှေ့က ကျိုင်းကိုင်တဲ့ ကိုချစ်က ပြချင်တာပြ။ နောက်က လူတွေက
မှုတ်ချင်တာမှုတ်။ ကိုချစ်လည်း နောက်ပြန်လှည့်လှည့်ပြီး အော်ရတာအမောပေါ့။
ဘယ်ညာကလည်း ခဏခဏမှားလေတော့ လူရီစရာဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့
ပြွဲကည့်ပရိတ်သတ်က အသစ်လေးတွေမို့ သည်းခံကြည့်ကြပါတယ်။
နောက်ပိုင်းအတော်ကြာတော့မှ အတွေ့အကြုံတွေရလာပြီး ကျိုင်းကိုင်တဲ့သူ ပြတဲ့အတိုင်း သေသေချာချာ တီးတတ် မှုတ်တတ် ဖြစ်လာကြတယ်။ အဲဒီတော့လည်း ဘင်ခရာအဖွဲ့ဆို အမှတ်တစ်ကျောင်းမှ ကောင်းတာတို့ဘာတို့ ဖြစ်လာကြတယ်လေ။ ဖိတ်တိုင်းတောင် လက်မခံနိုင်အောင် တီးကြမှုတ်ကြရတယ်။
အခုလည်း ဒီလိုပါပဲဗျာ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ နိုင်ငံရေးသမားလုပ်မယ်လို့ ကြိုးစားခဲ့ကြတာ မဟုတ်ကြပါဘူး။ အဲသည်တော့လည်း နိုင်ငံရေးနဲ့စိမ်းကြလေတာပေါ့။
ဒါပေမဲ့ သူတို့တွေက ခံယူချက်မှန်သူတွေ။ လူကောင်းတွေ။ သူတို့ကို အန်တီက ရွေးချယ်ပြီး ကိုယ်စားလှယ်ခန့်တော့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာ။ အခုတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဖြစ်နေကြပြီဗျို့။ ပြည်သူ့ ကိုယ်စားလှယ်တွေ ပေါ့ဗျာ။
ပြည်သူ့အကျိုးကို သယ်ပိုးကြမဲ့သူတို့တွေ လွှတ်တော်ထဲရောက်ရင် ကျုပ်တို့နိုင်ငံ လိုအပ်ချက်တွေ အများအပြားကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျုပ်ကတော့ ယုံသဗျ။ သူတို့ လေ့လာသင်ယူချိန်လေးတော့ လိုပေမပေါ့။ ပြီးတာနဲ့ ချက်ခြင်းကို လုပ်စရာတွေ လုပ်ကြမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ရယ်ပါ။
အစိုးရအဖွဲ့လည်း ဒီအတိုင်းပဲ။ အန်တီက သင့်တော်တဲ့သူတွေကို သူ့နေရာနဲ့သူ ခန့်ထားပြီး နိုင်ငံအစိုးရတရပ် ပီပြင်စွာ ဖြစ်တည်လာမှာ အသေအချာပါပဲ။ လေ့လာသင်ယူရင်း တတ်သွားတဲ့သူချည်းပါပဲ။
အစိုးရတောင် မဖွဲ့ရသေးခင်မှာ ဖြစ်ပါ့မလား ဘာညာနဲ့ ဝေဖန်ရေးလုပ်နေသူတွေကို ကျုပ်ကတော့ သိပ်မုန်းတာပဲ။ ဝိုင်းပြီး အားပေးရမဲ့အစား အားလျှော့အောင် ပြောနေကြလို့ပေါ့။ ကျုပ်တို့ ပြည်သူဖက်ကလည်း နှစ်များစွာ အကျင့်ပါနေတဲ့ စည်းကမ်းမရှိမှုတွေကို ပြင်ကြရမှာပေါ့။ စည်းမဲ့ကမ်းမဲ့ ရေးကြပြောကြတာတွေ ဆင်ချင်။ လမ်းစည်းကမ်းတွေ လိုက်နာ။ ယဉ်စည်းကမ်းတွေလိုက်နာ။ ကွမ်းတံတွေးတွေ ထွေးချင်ရာထွေး။ ဆေးလိပ်တွေ သောက်ချင်တဲ့နေရာသောက်။ အမှိုက်တွေ ပစ်ချင်တဲ့နေရာပစ်စတဲ့ အသေးစိတ်လေးတွေကစပြီး ပြင်ကြဖို့တော့ လိုမယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ တိုင်းပြည်တခုဟာ သူနဲ့တန်တဲ့အစိုးရကိုပဲရတယ် ဆိုတဲ့
ဆိုရိုးတခု ကြားဖူးတယ်ဗျ။ အခုလည်း ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့
ဒီမိုကရေစီလမ်းကို ချီတက်သွားနိုင်မဲ့ NLD ဦးဆောင်တဲ့ အစိုးရသစ်တရပ်
မကြာခင် ပေါ်လာတော့မှာပါ။ အဖျက်အမှောင့်တွေ မပေါ်လာပဲ
အမျိုးသားရင်ကြားစေ့ရေးတိုး တက်အောင်မြင်ပြီး အာဏာလွှဲပြောင်းမှု ချောမွေ့ပါစေလို့ပဲ မျှော်လင့်ပါတယ်။
အဲဒီပေါ်လာတဲ့အစိုးရကို အားပေးကြရအောင်ဗျာ။ အစမှာ အမှားအယွင်းလေးတွေ ရှိခဲ့ရင်လည်း အပြစ်မမြင်ပဲ ချစ်ခင်စိတ်နဲ့ နားလည် ပေးကြတာပေါ့။ ကျုပ်တို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အသွင်ပြောင်းအစိုးရတွေ ထက်တော့ အပုံကြီးသာမှာ အသေအချာပဲလေ။ ပိုင်ဆိုင်မှုတွေ တင်ပြရဲတဲ့သူတွေ၊ အမှားကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့သူတွေ တက်လာကြမှာ မြေကြီးလက်ခပ်မလွဲပါပဲ။
အဲဒီအစိုးရသစ်ကြီးကို ကျုပ်ကတော့ ဘင်ခရာအဖွဲ့ကြီးနဲ့ တင်စားချင်တာပါပဲ။ အန်တီက ရှေ့က ကျိုင်းကိုင်မယ်။ ကိုချစ်တို့လို လွှတ်တော်အမတ်တွေက အချက်ပြတဲ့အတိုင်း ဘယ်ညာညီစွာ နောက်က တီးမှုတ်ကြမယ်။ ဂီတသံတွေ ပီပီသသ နားဝင်ချိုစွာ သာသာယာယာ။
သင့်ရဲ့
--------------
( လက်ခံရရှိတဲ့ စာတစောင်ကို မူရင်းအတိုင်း တင်ပြပါတယ်။ စာရေးသူအမည်အား
မဖေါ်ပြနိုင်သည်ကို နားလည်ပေးကြပါ။ )
ချစ်ခြင်းအားဖြင့်
သတိရတယ်ဗျာ။ ငယ်ဘဝတွေကိုပေါ့။
ကျုပ်တို့က ကျောင်းဘင်ခရာအဖွဲ့မှာ အတော်ကြာတွဲခဲ့တဲ့သူတွေမို့
ဘာဆိုင်လို့လည်းလို့ ခင်ဗျားမေးချင်နေတာ ကျုပ်သိပါတယ်။ ဒီလိုဗျို့ ဒီလို။
ကျောင်းပိတ်လို့ ပြန်ဖွင့်ရင် ဘင်ခရာအဖွဲ့ ပြန်ဖွဲ့ဖို့ ပြန်ပြီး ကြိုးစားကြရသလို အခုလည်း အစိုးရသစ်ဖွဲ့ဖို့ ကြိုးစားရတာနဲ့ တွဲပြီး တွေးမိလို့ပါ။
ဘင်ခရာဆိုလို့ ရီစရာပြောရဦးမယ်။ ဘင်ခရာအဖွဲ့ထဲ ဝင်ဖြစ်ခဲ့ပုံ အကြောင်းလေးပါ။ ကျုပ်က အနုပညာအခြေခံ သိပ်ညံ့တာ။ သီချင်းတောင် ကီးမှန်အောင် ဆိုတတ်တာ မဟုတ်ဘူး။ တပုဒ်လုံးလည်း မရဘူး။ ဘာမှမသိပေမဲ့ သိတာလေးတော့ ရှိသဗျ။ ကျိတ်ပိုးနေတဲ့ မဒီလေးက အဲဒီအဖွဲ့ထဲမှာဗျို့။ ဒါနဲ့ပဲ သူလေးနဲ့ နီးရဖို့အရေး ဘင်ခရာအဖွဲ့ဝင် ဖြစ်လာတော့တာပါပဲ။ ဖြစ်ချင်တော့ ဘင်ခရာအဖွဲ့ထဲကို ကျုပ်ဝင်လာတဲ့နှစ်မှာပဲ သူက ထွက်သွားသဗျ။ ကျုပ်လာမယ်ကြိုသိလို့ ထွက်သွားသလားတော့မသိ။ ကံမကောင်းချက်က အဲဒီလို။ ဒါနဲ့ပဲ မထူးဇတ်ခင်းရင်း ဘင်ခရာထဲ ကျန်ခဲ့ရာက ခင်ဗျားတို့နဲ့ ခင်တာပါပဲဗျာ။
ဘာမှမသိတဲ့ကျုပ်တို့လို လူသစ်တွေ အများကြီးလည်း ဘင်ခရာထဲရောက်မှ ဘယ်ညာဘယ်ညာတွေသင်၊ ဂီတအခြေခံတွေသင်ရင်း တဖြည်းဖြည်း စကြရတာ။ အစကတော့အမှားအယွင်းလေးတွေအြ
နောက်ပိုင်းအတော်ကြာတော့မှ အတွေ့အကြုံတွေရလာပြီး ကျိုင်းကိုင်တဲ့သူ ပြတဲ့အတိုင်း သေသေချာချာ တီးတတ် မှုတ်တတ် ဖြစ်လာကြတယ်။ အဲဒီတော့လည်း ဘင်ခရာအဖွဲ့ဆို အမှတ်တစ်ကျောင်းမှ ကောင်းတာတို့ဘာတို့ ဖြစ်လာကြတယ်လေ။ ဖိတ်တိုင်းတောင် လက်မခံနိုင်အောင် တီးကြမှုတ်ကြရတယ်။
အခုလည်း ဒီလိုပါပဲဗျာ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ နိုင်ငံရေးသမားလုပ်မယ်လို့ ကြိုးစားခဲ့ကြတာ မဟုတ်ကြပါဘူး။ အဲသည်တော့လည်း နိုင်ငံရေးနဲ့စိမ်းကြလေတာပေ
ဒါပေမဲ့ သူတို့တွေက ခံယူချက်မှန်သူတွေ။ လူကောင်းတွေ။ သူတို့ကို အန်တီက ရွေးချယ်ပြီး ကိုယ်စားလှယ်ခန့်တော့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာ။ အခုတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဖြစ်နေကြပြီဗျို့။ ပြည်သူ့ ကိုယ်စားလှယ်တွေ ပေါ့ဗျာ။
ပြည်သူ့အကျိုးကို သယ်ပိုးကြမဲ့သူတို့တွေ လွှတ်တော်ထဲရောက်ရင် ကျုပ်တို့နိုင်ငံ လိုအပ်ချက်တွေ အများအပြားကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျုပ်ကတော့ ယုံသဗျ။ သူတို့ လေ့လာသင်ယူချိန်လေးတော့ လိုပေမပေါ့။ ပြီးတာနဲ့ ချက်ခြင်းကို လုပ်စရာတွေ လုပ်ကြမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ရယ်ပါ။
အစိုးရအဖွဲ့လည်း ဒီအတိုင်းပဲ။ အန်တီက သင့်တော်တဲ့သူတွေကို သူ့နေရာနဲ့သူ ခန့်ထားပြီး နိုင်ငံအစိုးရတရပ် ပီပြင်စွာ ဖြစ်တည်လာမှာ အသေအချာပါပဲ။ လေ့လာသင်ယူရင်း တတ်သွားတဲ့သူချည်းပါပဲ။
အစိုးရတောင် မဖွဲ့ရသေးခင်မှာ ဖြစ်ပါ့မလား ဘာညာနဲ့ ဝေဖန်ရေးလုပ်နေသူတွေကို ကျုပ်ကတော့ သိပ်မုန်းတာပဲ။ ဝိုင်းပြီး အားပေးရမဲ့အစား အားလျှော့အောင် ပြောနေကြလို့ပေါ့။ ကျုပ်တို့ ပြည်သူဖက်ကလည်း နှစ်များစွာ အကျင့်ပါနေတဲ့ စည်းကမ်းမရှိမှုတွေကို ပြင်ကြရမှာပေါ့။ စည်းမဲ့ကမ်းမဲ့ ရေးကြပြောကြတာတွေ ဆင်ချင်။ လမ်းစည်းကမ်းတွေ လိုက်နာ။ ယဉ်စည်းကမ်းတွေလိုက်နာ။ ကွမ်းတံတွေးတွေ ထွေးချင်ရာထွေး။ ဆေးလိပ်တွေ သောက်ချင်တဲ့နေရာသောက်။ အမှိုက်တွေ ပစ်ချင်တဲ့နေရာပစ်စတဲ့ အသေးစိတ်လေးတွေကစပြီး ပြင်ကြဖို့တော့ လိုမယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ တိုင်းပြည်တခုဟာ သူနဲ့တန်တဲ့အစိုးရကိုပဲရတယ်
အဲဒီပေါ်လာတဲ့အစိုးရကို အားပေးကြရအောင်ဗျာ။ အစမှာ အမှားအယွင်းလေးတွေ ရှိခဲ့ရင်လည်း အပြစ်မမြင်ပဲ ချစ်ခင်စိတ်နဲ့ နားလည် ပေးကြတာပေါ့။ ကျုပ်တို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အသွင်ပြောင်းအစိုးရတွေ ထက်တော့ အပုံကြီးသာမှာ အသေအချာပဲလေ။ ပိုင်ဆိုင်မှုတွေ တင်ပြရဲတဲ့သူတွေ၊ အမှားကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့သူတွေ တက်လာကြမှာ မြေကြီးလက်ခပ်မလွဲပါပဲ။
အဲဒီအစိုးရသစ်ကြီးကို ကျုပ်ကတော့ ဘင်ခရာအဖွဲ့ကြီးနဲ့ တင်စားချင်တာပါပဲ။ အန်တီက ရှေ့က ကျိုင်းကိုင်မယ်။ ကိုချစ်တို့လို လွှတ်တော်အမတ်တွေက အချက်ပြတဲ့အတိုင်း ဘယ်ညာညီစွာ နောက်က တီးမှုတ်ကြမယ်။ ဂီတသံတွေ ပီပီသသ နားဝင်ချိုစွာ သာသာယာယာ။
သင့်ရဲ့
--------------
( လက်ခံရရှိတဲ့ စာတစောင်ကို မူရင်းအတိုင်း တင်ပြပါတယ်။ စာရေးသူအမည်အား
မဖေါ်ပြနိုင်သည်ကို နားလည်ပေးကြပါ။ )
ချစ်ခြင်းအားဖြင့်

No comments:
Post a Comment