မြန်မာပြည်ကြီးမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မည်ဟု ဆိုသည်။ ကြိုးစားနေကြသည်။ ဖက်ဒရယ်ပြည်ထောင်စုဆိုလျှင်
မောင်လူပေ ခေတ္တနေထိုင်ရာ အမေရိကားသည်လည်း ဖက်ဒရယ်ပြည်ထောင်စုပင်။ အခုဆိုလျှင် အခွန်ရာသီရောက်ပြီ။ အမေရိကန်တွေအခွန်ဆောင်ပြီးဖ
အမေရိကန်တွင် အစိုးရသုံးရပ်ရှိ၏။ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဌာနေအစိုးရ ဟူ၏။ ဤအစိုးရသုံးရပ်လုံး၏ အသုံးစားရိတ်များမှာ အခွန်ဝင်ငွေများမှ ရရှိကြရသည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများက ဝင်ငွေခွန်များနှင့် ရပ်တည်သည်။ ကော်ပိုရေးရှင်းများ၊ ပြည်သူများ သူ့အချိုးကြ ထည့်ကြရသည်။ များများဝင် များများပေး။ ဝင်ငွေနည်းသူဟု သတ်မှတ်ခံရသူများကတော့ မပေးရသည့်အပြင် ပြန်တောင်ရသေး၏။
အလုပ်ဝင်သည်နှင့် ဝင်ငွေခွန်အတွက် ဖေါင်ဖြည့်ရ၏။ ဘယ်လိုပေးချင်သလဲ။ ကိုယ့်သဘော။ ဝင်ငွေခွန်အဖြတ်မခံလည်း ရသည်။ သို့သော် နှစ်ကုန်၍ ဝင်ငွေခွန်ကြေညာ(tax claim)ပြီဆိုလျှင်တော့ ကြသင့်သမျှ ပေးပေရော့။ များများဆောင်ထားလျှင် ပြန်ရသည်။ နည်းနည်းဆောင်ထားလျှင် ပေးရမည်။
အခွန်ကြေညာဖို့ မလုပ်တတ်လျှင် အခွန်တွက်သူထံပြေးပေတော့။ သူကိုဉာဏ်ပူဇော်ခ ကန်တော့ရမည်။ သားသမီး ဘယ်နှစ်ယောက်၊ အသက် ၁၈နှစ်အောက်၊ ကျောင်းသား၊ ကားအခွန်၊ ကားကြွေးအတိုးငွေ၊အိမ်ကြွေး
အနည်းငယ်မျှ အသေးစိတ်ရှင်းပြရလျှင်...
ဗဟိုအစိုးရ ဝင်ငွေခွန် ပျမ်းမျှ ၁၇%
ပြည်နယ်နှင့်ဌာနေအစိုးရ ဝင်ငွေခွန် ပျမ်းမျှ ၁၀%
ကုန်သွယ်ခွန်(ရောင်းခွန်) ပျမ်းမျှ ၉.၇%
လူမှုဖူလုံရေးနှင့်ကျန်းမာရေ
အိမ်ခြံမြေအခွန် ပျမ်းမျှ ၂.၅%
စက်သုံးဆီအခွန် ပျမ်းမျှ ၀.၅%
ဗဟိုနှင့်ပြည်နယ်အစိုးရ ကော်ပိုရေးရှင်းများ၏ ဝင်ငွေခွန်အား မျှခံခြင်း ပျမ်းမျှ ၂.၅%
အခြားအခွန်များ ပျမ်းမျှ ၆%
စသည်ဖြင့် ပေးကြရလေသောကြောင့် ၃၅%မှ ၄၀%ကြား ပေးဆောင်ရခြင်းပင်။ ဝင်ငွေများသူများကား ပျမ်းမျှ ၅၃%ထိ ပေးဆောင်ကြရသည်။
ဌာနေအစိုးရဟုခေါ်သော မြို့နယ်အစိုးရများကတော့ သူတို့မြို့နယ်များ၏ ရောင်းဝယ်ခွန်၊ မြေခွန်၊ အိမ်ခွန် များနှင့် ရပ်တည်ကြသည်။ ရောင်းခွန်ကလည်းမနည်းလှ။ မောင်လူပေတို့မြို့တွေဆိုလှ
ထိုထိုအခွန်များမပေးပဲ ရှောင်တိမ်းနေလျှင်တော့ အချိန်ကြလျှင် အခွန်ဌာနက အကြွေးတောင်းမည်။ အတိုးနှင့်တွက်ကာ ဆောင်ခိုင်းလိမ့်မည်။မပေးပါ
ထို့ကြောင့် အမေရိကားတွင်နေသူ သာမန်လူတယောက်အနေဖြင့် တစ်ရာဝင်သော်လည်း ကျန်ငွေမှာ ၆၅ ကျပ်လောက်သာ ရှိတော့၏။ ဝင်ငွေခွန်များအပြင် အစိုးရထောက်ပံ့ကြေးစုငွေ၊ ကျန်းမာရေးအာမခံ၊ အလုပ်အာမခံ၊ ဟိုဖြတ်ဒီဖြတ်တွေကလည်း ရှိသေးလေတော့ ဒီလောက်ပဲကျန်လျှင် ကံကောင်းပါပဲ။ ဤပုံတွင်ကြည့်ပါ။ w2 ဟုခေါ်ကြသည့် အခွန်တွက်ရန် အလုပ်မှပေးသည့် စာရွက်တခုကို နမူနာတင်ပြပါသည်။ ဤ w2 ပိုင်ရှင်ကိုခရက်ဒစ်ပေးပါသည
(ပုံလေးက W2 လို့ခေါ်တယ်။ အလုပ်ကနေ ဝင်ငွေအခွန်တွက်ဖို့ နှစ်ကုန်ရင် ပေးတယ်။ ဒီ W2 ပိုင်ရှင်က တနှစ်လုံးအတွက်ဝင်ငွေ ကိုးသောင်းခြောက်ထောင်ကျော်
မြန်မာပြည်မှာလည်း ဒီလိုပဲ အလုပ်ထဲကနေ လစဉ်ဖြတ်သွားမယ်ဆိုရင် မသိမသာနဲ့ အခွန်ပေးပြီးသားမို့ နှစ်ကုန်မှ စုပေးရတာထက်တော့ အဆင်ပြေပါလိမ့်မယ်။ လစာများသူကိုသာ ကောက်တာဖြစ်လို့ လစာနည်းသူများ စိတ်ပူရန်မလိုပါ။ အိမ်ထောင်ရှိရင် ကလေးရှိရင် မှီခိုသူတွေကို သတ်မှတ်နှုန်းနဲ့နှုတ်ပြီးမှ အခွန်ပေးရပါတယ်။)
ဈေးဝယ်လျှင် အခွန်ပေးရသော်လည်း စားသောက်ကုန်ကြမ်းများအတွက်
ထိုထိုအခွန်များကား များလှသည်ဟု မဆိုသာလှ။ ဥရောပနိုင်ငံများက အခွန်နှုန်းပိုသောကြောင့် သာမန်လူပင်လျှင် ငွေတစ်ရာတွင် ကိုယ့်အတွက် တဝက်ကျန်လှ ကံကောင်းဟု ဆိုကြပါ၏။
အခွန်ငွေနှင့် တိုင်းပြည်ရပ်တည်ရသည်။ ဝန်ထမ်းလစာပေးသည်။ နိုင်ငံတည်ဆောက်သည်။ ပြည်သူများ၏ အဓိက တာဝန်ကားအခွန်ပေးရေး အခွန်မရှောင်ရေး ဖြစ်ပါသည်။
သင့်တင့်သောနှုန်းဖြင့် အခွန်ကောက်ပါက ပေးကြပါ မပြေးကြပါနှင့်ဟု မြန်မာပြည်သူပြည်သားအများအာ
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်တဲ့
မောင်လူပေ

No comments:
Post a Comment