နွေကား ရက်စက်စွာပူ၏။ တစ်ပတ်ကျော်မျှ အပူရှိန်ပြင်းစွာ နှိတ်စက်ကလူပြု၏။ အပူရှိန်ပြင်းလှသောကြောင့် အပင်တွေလည်းမခံနိုင်။ တိရိစ္ဆာန်တွေလည်း မသက်သာ။ လူတွေလည်း ဒုက္ခရောက်။
လေအေးပေးစက်လေးတွေ အခန်းကိုယ်စီရှိကြသောသူများ
( air conditioning ) အဲယားကွန်း( ဗမာပီပီ ယားလေးထည့်လိုက်ရမှ) လေးတတ်ချင်သော်လည်း မဒန်ပေဆီက ခွင့်ပြုမိန့်မကြ။ အာဏာရှင်ပီပီ တစ်ချက်လွတ်အမိန့်ဖြင့် ပယ်ချသည်။ အကြောင်းပြချက်ကား အေးလျှင်မအိပ်နိုင် ဟူ၏။ သူက အပူကြိုက်၊ ကိုယ်က အအေးကြိုက်။
မောင်လူပေတို့မြို့ကလည်း ဇကောဇက။ နွေမှာ အဲကွန်းတတ်လောက်အောင်လည်း မပူလှ။ ယခုလို တခါတရံမျှသာ တစ်ပတ်ကျော်ပူတတ်သော်လည်း သာမန်တွင် နှစ်ရက် သုံးရက်မျှသာ ပူတတ်ပြီး ပြန်အေးသွားတတ်၏။ နွေကလည်း တခဏမျှမို့သာပဲ။ တနှစ်ပတ်လုံးဆိုလျှင် သက်သာမည်မထင်။
ဤသို့ ပူလောင်သောနေ့ရက်များတွင် ရေအေးအေးလေးသောက်ရင်း အပူကို ကျော်လွှားရ၏။ ရေပုလင်းတွေ ထုတ်ထုတ်သောက်ရင်း ငယ်ဘဝကိုလည်း သတိရမိ၏။ ဓါတ်ရှင်ထဲကလို ဖလက်လ်ဘက်( flashed back) ပေါ့လေ။
မောင်လူပေတို့၏ ငယ်ဘဝက မြန်မာ့ ဆိုရှယ်လစ်ခေတ်ဦးပိုင်း။ အစစ ရှားပါးလှ၏။ ထိုအချိန်တွင် ရေခဲရည်လေးတခွက်ဟူသည် ဇိမ်ခံပစ္စည်းတစ်ခုလိုပင်။
အလွန်ပူလှသည့်နွေရာသီတွင် ရေခဲရည်အေးအေးလေးကို နေ့တိုင်းတောင်းတမိသည်။ ' ပူပါတယ်ဆိုမှ..... သီတာနေပါဦး' စသည့် စိုးပိုင်သီချင်းလေးငြီးတွာ
ရန်ကုန်သားများကတော့ လမ်းဘေးမှ ရေခဲရည်ကို တခွက်ဆယ်ပြားနှင့်သောက်နိုင
နယ်မှာမွေး၊ နယ်မှကြီးသော မောင်လူပေအတွက်ကား ရေခဲရည်သည် နတ်သုတ္ထာ ပင်တည်း။ ရေခဲရည်ဟူသည် ရေခဲသေတ္တာထဲမှ ထွက်လာသည်ဟု ဆိုကြသော်လည်း အနှီခေတ်က မောင်လူပေ့အိမ်မှာ မြေအိုးလေးထဲကရေသာ ရှိပေရကား မြေခဲသေတ္တာရေအိုးကိုသာ အထူးထားသောက်ပေရ၏။
ရေခဲရည်ကို အိုက်စကလင်( ice cream ) လေးတို့ ဖွာလူဒါလေးတို့ သောက်ရမှသာ မှီဝဲရ၏။ အနှီရေခဲရည်ကို ဆီစိမ်စက္ကူ စုတ်တံလေးဖြင့် စုတ်သောက်ရသည့်ဖီလင်ကား ပန်းသီးဖီလင်ပါပေ။
နွေဆိုအလွန်ပူလှသောကြောင့် နေ့တိုင်းရေခဲရည်သောက်ချင်ေ
ရေခဲဆိုတာလည်း ထိုအချိန်ကတော့ ရွှေခဲလေးပင်တည်း။ ရေခဲလိုအပ်လျှင် အိမ်နားက ရန်ကုန်အအေးဆိုင်ကိုပြေးရမည
အနှီဖွဲများဖြင့် ပေကျံနေသည့် ရေခဲတုန်း (ဝါ) ရွှေတုန်းလေးကို အိမ်ရောက်လျှင် ဆေးကြောသန့်စင်၍ လိုရာသုံးရပေမည်။
ထိုခေတ်က ရေခဲသေတ္တာရှိသောအိမ်ကား သူဌေးအိမ်ဟူ၏။ ဆရာသာဓု၏ ဖတ်စကလပ်( first club ) အမည်ရသော ဓါတ်ရှင်ကားက အမေတို့ခေတ်ကပါ။ သို့ပါသော်လည်း မောင်လူပေတို့ခေတ်ထိ မပြောင်းလည်း။ ဓါတ်ရှင်ထဲမှ မင်းသမီးမြတ်မွန်သည် ရေခဲသေတ္တာရှိသော အဒေါ်ကြီးအိမ်သွားကာ ခဏခဏ အားကြရသလို မောင်လူပေသည်လည်း ရေခဲသေတ္တာပိုင်ဆိုင်သူ သူငယ်ချင်းများကို အားကြခဲ့ဖူး၏။
မောင်လူပေတို့လို လူလတ်တန်းစားတွေအိမ်မှာ ရေခဲသေတ္တာမရှိသည်မှာ မဆန်းလှသော်လည်း အချို့သော လူချမ်းသာများက ရေခဲသေတ္တာကို ဂုဏ်ယူစွာဖြင့် ဧည့်ခန်းကြီးမှာ တခန်းတနားပြသထားသည်ကတော့ ဆန်းလှပါသေး၏။ မီးဖိုချောင်နဲ့တန်သည်ဟု ယူဆကြဟန်မတူ။ ပို၍ဆန်းသည်ကား ထိုရေခဲသေတ္တာကြီးထဲမှာ ဘာမှမထည့်ထားပဲ ဟောင်းလောင်းဖြစ်နေတတ်ခြင်း
ထိုဆိုရှယ်လစ်ခေတ်တွင် အကောင်းဆုံးအအေးကိုပြပါဆိုရ
အနှီဘိလပ်ရည်တို့တွင် ကရင်ဆော်ဒါ( creams soda ) အမည်ရသော အရည်က ဘုရင်ဖြစ်လေ၏။ နောက်ပိုင်းမှသာ စပတ်ကလင်( sparkling ) အမည်ရသော ဘိလပ်ရည်တစ်မျိုးက ကရင်ဆော်ဒါကို အလဲထိုးကာ သရဖူဆောင်းခဲ့သည်ပေါ့။
ဘာလီရည်ဆိုတာလည်း ရှိပေသေး၏။ အင်ဒိုနီးရှားပိုလာဘာလီကျွန
အနှီဖျော်ရည်၊ ဆော်ဒါတို့သည်ကား ကလေးဖြစ်သူ မောင်လူပေအတွက် မြင်သာမြင် မကြင်ရသည်ကသာများ၏။ တကယ် ကြင်ရသည်ကတော့ ဦးဘာဘူးကြီး၏ ရှာလပတ်ရည် မွှေးမွှေးလေးပင်တည်း။
ရှာလပတ်ရည်ဟူသည့် စကားလုံးကို မည်သူတည်ထွင်ခဲ့သည်မသိရ။ ကောင်းလွန်းလို့ လျှာ တပတ်လည်သွားမည့်အရည်ဟူ၏။
မောင်လူပေတို့ တောင်ငူဈေးကြီးမှာ ညနေပိုင်းဆိုလျှင် ဦးဘာဘူကြီးရောက်လာလေပြီ။ ဒန်အိုးကြီးနှစ်လုံးကို ထန်းပိုးတတ်ထမ်းပြီး ရှာလပတ်ရည်အေးအေးလေးဟု အော်လိုက်သံကား ဈေးထဲရှိကလေးတသိုက်အတွက် နားဝင်ချိုလှ၏။ အဖေ့ဆီမှာ မုန့်ဖိုးဆယ့်ငါးပြားတောင်း
ဦးဘာဘူကြီးက အဖေ့အသိမို့ လူပေလေးကို အဆစ်တောင်ထည့်ပေးလိုက်သေးသည
ဒန်အိုးကြီးတွေကို ဒန်ခွက်ဖြင့်ခေါက်သံကလည်း သံစဉ်မှန်သည့် ဂီတသံသဖွယ်။ ဦးဘာဘူကြီးက စေတနာထားကာ ဆေးသကြားမသုံး၊ အဝတ် ဆိုးဆေးတွေမသုံးခဲ့ပါ။ သူ့ရဲ့ရှာလပတ်ရည်ကို တစ်ခွက် ဆယ့်ငါးပြားခေတ်မှသည် တစ်မတ်ခေတ်၊ နောက်တော့ ငါးမူးခေတ်ထိ အပြတ်အားပေးခဲ့ရသည်။
ရှာလပတ်ရည်၊ ရေခဲရည်၊ ကရင်ဆော်ဒါ( ကချင်ဆော်ဒါတော့မရှိသေးပါ။)
အခုတော့ ခေတ်မှီတိုးတက်နေပြီ။ ရေသန့်ဘူးတွေ လှိုင်ဘောလည်သောခေတ်။ ရေခဲသေတ္တာတွေကလည်း ထန်းခေါက်ဖာလို ဝယ်သုံးနိုင်ကြပြီဖြစ်သောခေ
သို့ပါသော်လည်း မောင်လူပေခေါ် ခေတ်ဟောင်းလူသားကြီးကား ရေခဲရည်တခွက်ကိုသာ တမ်းတဆဲပင်။ အိပ်မက်ထဲအထိ သောက်မိနေဆဲပင်။ နွေနေပူပူနှင့် ရေခဲရည်လေးသောက်ရင်း တွေးမိပါသော အတွေးတစ်စကို ဝေမျှလိုက်ပါသည်ဟုသာ....။
မိတ်ဆွေသူငယ်ချင်းတွေ အပူဓါတ်ကင်း၍ ကျန်းမာချမ်းသာကြပါစေ။
ကျွန်တော်မောင်လူပေပါ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ