ရှေးကတော့ သန်တူလ လို့ ခေါ်ကြသတဲ့။ နောက်တော့ သီတင်းဝါလကျွတ်ချိန်မို့ သီတင်းကျွတ်ဖြစ်လာတယ်လို့ ဆိုကြတယ်။
ဗုဒ္ဓမြတ်စွာ ခုနှစ်ဝါမြောက်မှာ ဝါတွင်းသုံးလလုံး တာဝတိံသာမှာ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ပြန်ကြွတော့ ဆီမီးထွန်းညှိ ပူဇော်ရာက သီတင်းကျွတ်မီးထွန်းပွဲ ဖြစ်လာတယ်လို့ ယုံကြည်ကြတယ်။ တာဝတိံဘုံဖျားက စူလာမဏိ စေတီကို ရည်စူးပြီးလည်း မီးပုံးပျံတွေ လွှတ်တင်တဲ့အလေ့ရှိတယ်။ ဒီနှစ်တော့ သတင်းကျွတ်လပြည့်မှာ လွှတ်တင်တဲ့ ပြည်ခိုင်ဖြိုးမီးပုံးပျံ မီးလောင်ပြုတ်ကြရာက တပြည်လုံးနီးပါး မီးပျက်တယ်ဆိုတဲ့ သတင်းထူးလည်း ကြားမိရဲ့။
ရာသီက တူရာသီ ပါတဲ့။ အဿဝတီကြယ်နဲ့လမင်းကလည်း စန်းယှဉ်ပြီး မွန်းတည့်ကြသတဲ့။ အဲဒီလို မှတ်သားဖူးတယ်။ ရာသီပန်းကတော့ ကြာဖြူပန်းပါတဲ့။
သီတင်းကျွတ်ရင် ဝါထွက်ပြီမို့ ရဟန်းတော်တွေလည်း ခရီးရှည်တွေ ထွက်ခွင့်ရကြပြီ။ လယ်ယာဦးကြီးတွေလည်း ရွှေရောင်လွှမ်းနေတဲ့ လယ်ကွင်းတွေကြည့်ပြီး ပျော်နေကြပြီ။ မောင်ကမယ့်ကို တင်တောင်းရတော့မယ့်အချိန်လည
ဝါကျွတ်ရင် အမေက ဝါထွက် နတ်တင်လေ့ရှိတယ်။ ထုံးစံအတိုင်း မြင်းဖြူရှင်၊ ကိုးမြို့ရှင်၊ မြို့စောင့်ရွာစောင့် နတ်တွေကို ပင့်ဖိတ်ပြီး မုန့်ဖြူ မုန့်နီတွေနဲ့ တင်လေ့ရှိတယ်။ သူတင်ပြီဆို အလွန်ပျော်ပေါ့။ မုန့်ဆီကျော်စားရတော့မှာလေ။
အင်းလေးရေပြင်က ဖေါင်တော်ဦးပွဲလည်း ဒီ သီတင်းကျွတ်ထဲမှာ ဘုရားပွဲ လှည့်တယ်။ သီတင်းကျွတ်လပြည့်နေ့ကတော့ ဘုရားကျောင်းကန်တွေမှာ လူတွေ ကြိတ်ကြိတ်တိုး စီကားလို့ပေါ့။
မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့တခုကတော့ သီတင်းကျွတ်မှာ လူကြီးသူမတွေကို ကန်တော့ကြတဲ့ အလေ့အထလေးပါ။ သီတင်းကျွတ်ပြီဆိုရင် မုန့်ဆိုင်တွေမှာလည်း မုန့်ပုံးတွေ အကုန်လုံးနီးပါး ရောင်းလို့ကုန်ပြီ။ မုန့်တွေဝယ်ပြီးကန်တော့ကြတေ
မုန့်ပုံးထဲမှာ ရွှေချောင်းတွေ သောင်းတန်အုပ်တွေထည့်ပြီး ကန်တော့ကြတော့ အန္တရာယ်ကင်း ဘေးရှင်းလို့ လိုရာဆန္ဒလည်း ပြည့်ဝကြသတဲ့။ လာဒ်ပေးလာဒ်ယူကို လက်တလုံးခြား လုပ်ကြတဲ့ရာသီ ဖြစ်မှန်းမသိ ဖြစ်နေကြတာ ကြာပေါ့။ စာရိတ္တတွေ ပျက်နေတဲ့နိုင်ငံမှာ ဆရာမွေး တပည့်မွေးနဲ့ လုပ်စားတတ်ရင် ချမ်းသာကြပေတာကိုး။ လက်ဆောင်ခြင်းတွေအမျိုးမျို
မြန်မာပြည်သား မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။
ကျွန်တော်မောင်လူပေ ပါ။
ချစ်တဲ့
မောင်လူပေ

No comments:
Post a Comment