အဖြစ်အပျက်ကိုရေးဖို့ မှီငြမ်းစာအုပ်ရပြီ။ မောင်ကိုမှိုင်းရဲ့ မေ့နိုင်ပါ့မလား အာအိုင်တီ။ ဒီစာအုပ်ကို ချစ်သူငယ်ချင်းတယောက်က လက်ဆောင်ပေးထားတာ။ အသိမ်းလွန်ပြီး ပျောက်နေလို့ မနည်း ပြန်ရှာရတယ်။
အဖြစ်အပျက်က ၁၉၇၆ခု ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။အဲဒီအချိန်က အရေးအခင်းတွေ တန်းစီ ဖြစ်နေချိန်။ ၁၉၇၄မှာ ဦးသန့်အရေးအခင်း။ ၁၉၇၅မှာ အလုပ်သမားအရေးအခင်းနဲ့။ ဒီအဖြစ်အပျက်ဖြစ်တဲ့နှစ် ၁၉၇၆ မှာ မှိုင်းရာပြည့် အရေးအခင်းတွေ ဖြစ်နေကြတယ်။ ကျောင်းသားတွေက နိုင်ငံရေးရေချိန်တက်နေကြပြ
ဒီလိုအခြေအနေတွေကြောင့် အစိုးရက ကျောင်းသားတွေကို ချွေးသိပ်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံတိုးတက်ရေးအတွက် ကျောင်းသားများရဲ့အသံကို နားထောင်ဆွေးနွေးမယ် ဆိုပြီး လုပ်လာတာ။
ပထမဆုံး တိ/မွေးကုကျောင်းကို သွားကြတယ်။ အောင်မြင်ခဲ့တယ်။ ဒုတိယမြောက်အနေနဲ့ အာအိုင်တီကို ရောက်လာတာပါပဲတဲ့။
လာတဲ့သူတွေက ပညာရေးဝန်ကြီးဒေါက်တာခင်မော
ကျောင်းက လမ်းစဉ်လူငယ်တွေနဲ့ကြိုတင် ဇာတ်တိုက်ထားတာကို သိသွားတဲ့ ကျောင်းသားတွေက ဆွေးနွေးပွဲမှာ အတင်းဝင်ပြီးဆွေးနွေးကြတယ်တ
ဒုတိယမြောက် ဝင်ပြီး ဆွေးနွေးတဲ့ ပခုက္ကူက ကိုခင်အောင်က
" ခင်ဗျားတို့ အခု ကုလားထိုင်ပေါ်က ဆင်းသွားကြပါ။ တိုင်းပြည်ကောင်းစားလိမ့်မယ
ပွင့်ပွင့်လင်းလင်း မေးပါဆိုလို့ မေးရဦးမယ်။ ကျွန်တော်တို့ဆီ ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ။
MI တွေလည်း တော်တော်များများ ပါမှာပေါ့။ ကျွန်တော်က ကြောက်တတ်တယ်ဗျာ။ ကျွန်တော်ပြောမှာတွေက RIT ကျောင်းသားတယောက် ပြောမယ့်စကားတွေမဟုတ်ဘူး။ ပြည်သူ့ရင်ထဲမှာ ပြည့်သိပ်နေတဲ့စကားတွေကို ပြည်သူ့ကိုယ်စား ပြောမှာ။
အဖမ်းခံရမှာ ကြောက်ပေမဲ့ ပြည်သူ့အတွက် ကျွန်တော်အဖမ်းခံရဲပါတယ်။
နိုင်ငံရေးလှည့်ကွက်တွေကို မယုံဘူး။ ၁၉၆၇ တရုတ်ဗမာ အရေးအခင်းကို ကြည့်ရင် သိတာပဲ။ ဒီနေ့ အလုပ်သမား အရေးအခင်းဖြစ်တာ တနှစ်ပြည့်ပြီ။ ဒီနေ့မှာ ကျောင်းသားတွေ ပြောချင်တာ ပြောဆိုပြီး လာထိုင်ကြည့်နေတာလား။
ကျွန်တော်တို့ပြောတဲ့စကားသံ
ပြောမကုန်တဲ့စကားတွေ ပြောနိုင်အောင် အခုနနောင်တော်ကြီး ပြောသွားသလို ကျောင်းသားသမဂ္ဂဖွဲ့ခွင့်ပေး
စန္ဒာဝင်းခိုင် ဆိုတဲ့ ကျောင်းသူက
" ကျွန်မကတော့ ဒီနေ့လွတ်လပ်ရေးနေ့လို့ သတ်မှတ်ပါတယ်။ ကျွန်မတို့ဆီမှာ စာပေလွတ်လပ်ခွင့်မရှိပဲ ဒီနေ့မှာမှ အကိုကျောင်းသားများ ပြောတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောခွင့်ရလို့ပဲ။
အရေးအခင်းဖြစ်တိုင်း သေနပ်သုံးပြီး မဖြေရှင်းကြပါနဲ့။
အဲဒါလည်း ကြောက်လို့မဟုတ်ပါဘူး။ တဗိုလ်ကျရင် တဗိုလ်တက်မှာပဲ။
အဖမ်းခံကျောင်းသားများကို ပြန်လွှတ်ပေးပါ။ ခုဆိုရင် စာမေးပွဲ နီးနေပါပြီ။
အလကားနေရင်းနစ်နာပါတယ်။
ဒီလိုအခွင့်အရေးမျိုးတွေ တောင်းဆိုပေးမဲ့ ကျောင်းသားသမဂ္ဂဖွဲ့ပေးပါ။ "
ရှမ်းလူမျိုး ကျောင်းသား တဦးက
" ကျွန်တော်ဒီနေ့ နိုင်ငံခေါင်းဆောင် ဖြစ်ချင်တယ်။ စစ်ထဲဝင်ရင် ကောင်းမလား စဉ်းစားနေတယ်။
ပညာရေးဝန်ကြီး ဖြစ်ချင်တယ်။ ပညာရေးတက္ကသိုလ်သွားရမလား။ စစ်ထဲဝင်ရမလား။
ကျန်းမာရေးဝန်ကြီး ဖြစ်ချင်တယ်။ ဆေးတက္ကသိုလ်သွားရမှာလား။ စစ်ထဲဝင်ရမလား။ ရွေးချယ်ပေးကြပါ။ "
စစ်ဗိုလ်တဦးရဲ့ သားဖြစ်သူ ကျောင်းသားက
" ကျွန်တော်ပြောချင်တာက ၇၄ ဒီဇင်ဘာ ၁၁ ရက်က ဦးသန့်အရေးအခင်းနဲ့ ပတ်သက်လို့ပါ။ တက္ကသိုလ်နယ်မြေမှာရှိတဲ့ ဦးသန့်အလောင်းကို သိမ်းရာမှာ သွေးထွက်သံယိုမရှိ ဆိုတဲ့သတင်း လွှတ်တော်မှာတင်တယ်။
တက္ကသိုလ်နယ်မြေနဲ့ ကျွန်တော့အိမ်က လမ်းပဲခြားပါတယ်။ အဲဒီနေ့ညကကျွန်တော် တညလုံး ထိုင်ကြည့်နေတယ်။ အလောင်းလုရာမှာ စစ်သားတွေက အဆစ်ပိတ်ဝါးလုံးတွေနဲ့ လိုက်ရိုက်လို့ နဖူးကွဲ သွေးရဲရဲနဲ့ ပြေးလာသူတွေကို ကျွန်တော်ကိုယ်တိုင်တွေ့တယ်
သွေးထွက်သံယို မဖြစ်ဘူးဆိုတဲ့ သတင်းကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားရင် သိနိုင်ပါတယ်။
ကျွန်တော်ဟာ တပ်မတော်က အမှုထမ်းတယောက်ရဲ့သားပါ။ ရှေ့တန်းတပ်စခန်းချတဲ့ နေရာတွေကို လိုက်ဖူးတယ်။
တပ်သား၊ အကြပ်၊ အရာခံဗိုလ်ကစပြီး တပ်ရင်းမှူးထိ ဒီအစိုးရကို မကြည်ဘူး။
ဘယ်တပ်ရင်းကလို့တော့ မပြောပါရစေနဲ့။ တနေ့ သေနပ်ပြောင်းဝက သူတို့ဘက်လှည့်လာနိုင်လို့ပ
ဒီနေ့လူဝတ်လဲ ( အရပ်ဖက်သို့ပြောင်း) တဲ့ စစ်ဗိုလ်တယောက်ဟာ ရွှေတွင်းထဲ ကျသွားတာပါပဲ။
ဒါကြောင့် အဖေနဲ့ကျွန်တော်နဲ့ မတည့်တာပါ ခင်ဗျား။ "
မြစ်ဝကျွန်းပေါ်က ကျောင်းသားက
" ကျွန်တော်တို့မြို့နယ်က ရေလုပ်ငန်းနဲ့အသက်မွေးပါတယ်
ဒီငွေတွေကို ရေလုပ်ငန်းမှာသာ ရင်းနှီးမြှုပ်နှံပြီး အမြတ်ပိုရအောင် ရှာနိုင်ပါတယ်။ဒါကြောင့်စပါ
တနေ့တနေ့ ၉မိုင်ဝေးတဲ့ ရဲဌာနကို သွားချည်ပြန်ချည်လမ်းလျှောက
တောင်သူတယောက်ရဲ့သား ကျောင်းသားက
" ကျွန်တော်လည်း တောင်သူတယောက်ရဲ့သား တောသားပါ။ ကျွန်တော်တို့ဆီမှာလည်း သူ့ရာသီနဲ့ကိုက်တဲ့သီးနှံ မစိုက်ရပါဘူး။ သူတို့ညွှန်ကြားတဲ့သီးနှံစို
အခြားကျောင်းသားတွေက
" ဆိုရှယ်လစ်ခေတ်ပြောင်းတော်လ
သက်ငယ်ရိုး ( သက်ကယ်ရိုး) နဲ့ခေါင်းလောင်းထိုးလို့မရဘ
ကျွန်တော်တို့ ထမင်းတနပ်လျှော့စားပေးမယ်။ ခင်ဗျားတို့လည်း ကားတစီးပဲစီး။ လာတာက လူနည်းနည်း ၊ ကားတွေက အများကြီး၊ နိုင်ငံတော်ငွေတွေ အလကား ကုန်တယ်။ "
အလုပ်ခန့်တာ ပါတီဝင်မှ ခန့်တာလား။ ပါတီနဲ့ အစိုးရအလုပ်နဲ့ဘာဆိုင်လဲ။ ပါတီမဝင်ရင် အလုပ်မရတော့ဘူးလား။ "
စသည်နဲ့ ကျောင်းသားကျောင်းသူ နှစ်ဆယ်လောက် ဝင်ဆွေးနွေးကြပါတယ်တဲ့။
ကျောင်းသားတွေရဲ့ မေးခွန်းတွေကို မဖြေနိုင်တဲ့ ဝန်ကြီးနဲ့အဖွဲ့လည်း အကြံပြုဆွေးနွေးပွဲကြီး အမြန်ရပ်၊ စက်မှုခန်းမပေါ်ကနေဆင်းပြေးရတ
အောက်ရောက်တော့ ကျောင်းသားတွေထဲက ပျော်တတ်တဲ့သူတွေက ဆူးပန်းလေးတွေ ပန်းခွေလုပ်ပြီး ကားတံဆိပ်မှာ သွားချိတ်ထားကြ။ သစ်ရွက်ခြောက်တွေ ကြဲပေးထားပြီး ကားတွေကိုပါ ဝိုင်းထားလို့ ပြန်ထွက်လို့ မရအောင် ဖြစ်ခဲ့တယ်။
ဖယ်ပေးပါလို့ ပြောတာကို ဒေါက်တာအောင်ကြီးစကားကိုပဲ နားထောင်တယ်လို့ ပြောလို့ ဆရာကြီးက ဖယ်ပေးလိုက်ပါ သားတို့ရယ်လို့ ပြောမှ ဖယ်ပေးကြတယ်လို့ သိရတယ်။
နောက်ပိုင်းမှာ မှိုင်းရာပြည့်အရေးအခင်း ထပ်ဖြစ်ပြီး ကျောင်းပိတ်ရပြန်ပါတယ်။
(အဲဒါတွေဟာ မောင်ကိုမှိုင်း စာအုပ်လေးထဲကနဲ့ ကွန်မန်ု့ရေးကြတဲ့ အကိုကြီးတွေ ပြောပြသမျှ အဖြစ်အပျက်အစုံပါပဲ။
ကျန်သေးရင် ထပ်ထည့်ပေးကြပါဦးဗျာ။ အသေးစိတ်သိရတော့ ပိုကောင်းတာပေါ့။ ရဲရဲတောက် ဆွေးနွေးခဲ့ကြတဲ့ အာအိုင်တီ ကျောင်းသားကျောင်းသူများအား
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment