တရုတ်ရိုးရာအရ နှစ်တွေကို အကောင်တွေနဲ့ ခွဲခြားထားပြီး အကောင် ၁၂ ကောင်ရှိပါတယ်။ ဒါကြောင့် ကိုယ်မွေးနှစ်ရဲ့အကောင်နှစ်
မနှစ်က ဆိတ်နှစ်ဟာ ဒီနေ့တနင်္ဂနွေမှာ ကုန်ဆုံးပြီး တနလာင်္နေ့မှာ မျောက်နှစ်သစ်ကို ရောက်မယ်။
တရုတ်ရိုးရာဗေဒင်ပညာဟာ ၂ရာစုလောက်ထဲက တည်ရှိနေခဲ့တာပါတဲ့။ အကောင်တွေနဲ့ ခွဲထားတာကတော့ မှတ်လို့လွယ်အောင် တည်ထွင်ခဲ့ပုံပါပဲ။
တရုတ်ရိုးရာဗေဒင်မှာ အဓိက ဂြိုလ်ငါးလုံးရှိတယ်။ အဲဒီကနေ ဓါတ်သဘောတွေ သက်ရောက်တယ်။ ရေ၊ မီး၊ သစ်သား၊ မြေ၊ သံ ဆိုတဲ့ဓါတ်တွေပါ။ အဲဒီဟာတွေအပြင် ယင်နဲ့ယန်ဆိုတဲ့ အားနှစ်မျိုးလည်းရှိသေးရဲ့။
အဲဒီအကောင်တွေမှာလည်း တည့်တဲ့အကောင်နဲ့ မတည့်တဲ့အကောင်ရယ်လို့ ခွဲသေးတယ်။ မြန်မာတွေ နေ့နံတည့်မတည့်နဲ့ ခပ်ဆင်ဆင်။ ဇယားလေးကို ဗဟုသုတ ထည့်ပေးလိုက်တယ်။
Rat
(Best Match-Ox, Dragon, Monkey)
Match-Dog, Pig, Rat, Goat, Tiger, Snake (No Match. Horse, Rabbit, Rooster)
Ox
(Best Match-Rat, Rooster, Snake) Match- Pig, Tiger, Ox, Dragon,
Rabbit, Dog, Monkey (No Match. Goat, Horse)
Tiger
(Best Match-Pig, Horse, Dog) Match-Rooster, Goat,Tiger,
Rabbit, Ox, Dragon, Rat (No Match. Monkey, Snake)
Rabbit
(Best Match-Dog, Pig, Goat) Match- Monkey, Snake, Tiger, Ox,
Horse, Rabbit, Dragon (No Match. Rooster, Rat)
Dragon
(Best Match-Rooster, Monkey, Rat)
Match-Horse, Pig, Snake,
Rabbit, Tiger, Dragon, Ox (No Match. Dog, Goat )
Snake
(Best Match-Monkey, Rooster, Ox )
Match-Rabbit, Dog, Horse,
Dragon, Snake, Rat, Goat (No Match. Pig, Tiger)
Horse
(Best Match-Goat, Dog, Tiger) Match-Dragon, Rabbit,
Snake,Pig, Monkey, Horse,
Rooster (No Match. Rat, Ox)
Goat
(Best Match-Horse, Rabbit, Pig )
Match- Snake, Monkey, Goat,
Rooster, Rat, Tiger (No Match. Ox, Dragon, Dog)
Monkey
(Best Match-Snake, Dragon, Rat )
Match- Goat, Monkey, Ox,
Horse, Rooster, Dog,
Rabbit (No Match. Tiger, Pig)
Rooster
(Best Match-Dragon, Ox, Snake) Match- Tiger, Pig, Rooster,
Goat, Dog, Monkey,
Horse (No Match. Rabbit, Rat)
Dog
(Best Match-Rabbit, Horse, Tiger) Match-Rat, Snake, Dog,
Rooster, Monkey,
Ox, Pig (No Match. Dragon, Goat)
Pig
(Best Match- Tiger, Rabbit, Goat). Match-Ox,Rat, Pig, Horse,
Rooster, Dragon, Dog.
(No Match. Snake,Monkey)
ဒီဇယားအရ မျောက်နဲ့အကောင်းဆုံးအတွဲက မြွေ၊ နဂါး၊ ကြွက် တို့ဖြစ်ပါတယ်။ အကောင်းဆုံးမဟုတ်ပေမဲ့ တွဲလို့ရတဲ့ အကောင်တွေကတော့ ဆိတ်၊ မျောက်၊ နွား၊ မြင်း၊ ကြက်ဖ၊ ခွေး ယုန် တို့ ဖြစ်ပါသတဲ့။ တွဲလို့ မသင့်တော်တာကတော့ ကျားနဲ့ ဝက်လို့ ဆိုတယ်။ မြွေကို မျောက်နဲ့ မသင့်တော်ဘူးလို့ ယူဆတဲ့အဆိုတခုလည်း ရှိတယ်။
ဒီနှစ်မျောက်နှစ်မှာ ယန်အားကောင်းမယ်။ ပြောင်းလည်းနိုင်မှုကို ကိုယ်စားပြုတယ်။ အသိနဲ့ယှဉ်နဲ့ပြောင်းလည်းမှု
ချစ်သူတွေအတွက်ကတော့ တွဲလို့မသင့်တော်တာကို တွဲမိရင် ခဏခဏ တကျက်ကျက် ရန်ဖြစ်တတ်လို့ ရန်ဖြစ်ပြန်ချစ် ပေါ့လေ။ တွဲလို့ သင့်တော်တာ တွဲမိရင်တော့ အစစ အဆင်ပြေမယ်လို့ ယုံကြတယ်။
ဗဟုသုတအနေနဲ့ တင်ပြတာပါ။ စိတ်ဝင်စားရင် ဇယားဖတ်ကြည့်ပြီး ကိုယ်နဲ့သင့်တော်သူကို ရှာနိုင်ပါတယ်။
ကျွန်တော်ကတော့ အရာရာကို အကောင်းမြင်တတ်သူမို့ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံတဲ့ တရုတ်ရိုးရာ မင်္ဂလာနှစ်သစ်မှာ သူငယ်ချင်း မိတ်ဆွေအပေါင်း အစစအဆင်ပြေပြီး စီးပွားတိုးတက် ကျန်းမာချမ်းသာကြပါစေကြောင်
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment