မြန်မာ့အနုသုခမပညာတွေထဲမှာ ဘသင်ပညာဟာ အလွန်ခက်ခဲတဲ့ပညာတခုပါ။
ဒီမြန်မာ့သဘင်ရဲ့ အစပထမက မြန်မာ့ရုပ်သေးပါတဲ့။မြန်မာ့ရုပ်သေးကလည်း ကမ္ဘာမှာရှိပြီးဖြစ်တဲ့ ရုပ်သေးအမျိုးအစားတွေနဲ့ တဘာသာခြားနားလှတဲ့ အဆင့်မြင့် ရုပ်သေးအမျိုးအစားတစ်ခုပါပဲ။
မြန်မာ့ ရုပ်သေးစင်တော်ကြီးတွေကို မြန်မာပြည်သူတွေ အလွန်နှစ်ချိုက်ခဲ့တယ်။ နန်းတွင်းမှာကပြအသုံးတော်ခံရတဲ့ ရုပ်သေးစင်တွေကို စင်တော်ကြီးလို့ခေါ်ပြီး အရပ်ထဲက ရုပ်သေးစင်တွေကိုတော့ စင်တော်လေးလို့ ခေါ်ကြတယ်။
ဘုရင်နဲ့မိဘုရားတွေက ရုပ်သေးဇာတ်တွေကို အလွန်ကြိုက်နှစ်သက်ရင် နန်းတွင်းစင်တော်မဟာအတွက် ဆုတွေလာဒ်တွေ ပေးသနားတော်မူတာကြောင့် စင်တော်ကြီးကြိုးဆွဲတွေဟာ ဖဲတွေပိုးတွေစတဲ့ တပတ်နွမ်း နန်းတွင်းအသုံးအဆောင်တွေ ဝတ်ဆင်ခွင့် ရတယ်။ အရှင်နှစ်ပါးကနေ ချီးမြှင့်တော်မူတဲ့ ဘွဲ့တော်မင်္ဂလာနဲ့ ရွာစားတော်အဖြစ် ဂုဏ်တင့်ခဲ့တယ်။နန်းတွင်း ရုပ်သေးဆရာ၊ ဆိုင်းဆရာတွေကို ဒီလိုရွာစားဘွဲ့တွေ ပေးခဲ့တဲ့အလေ့အထကြောင့် ယနေ့ခေတ်အထိ ဆိုင်းဆရာတွေကို ရွာစားကျော် ဘယ်သူ ရယ်လို့ ဆက်လက်အသုံးပြုခေါ်ဝေါ်ကြဆဲဖြစ်ပါတယ်။
နန်းတွင်းစင်တော်ကြီးတွေမှာ ယိုးဒယားအီနောင်ဇာတ်တို့ ရာမယဏဇာတ်တော်ကြီးတို့ကို ရက်ပေါင်းများစွာခွဲပြီး ကပြခဲ့ကြတယ်လို့ဆိုတယ်။
ရုပ်သေးစင်တော်ရဲ့ကြိုးဆွဲတွေအားလုံးကလည်း အမျိုးသားများပါ။ အမျိုးသမီတွေ စင်ပေါ်တက်ခွင့်မရှိလို့ အမျိုးသား မင်းသမီးကြိုးဆွဲကပဲ မင်းသမီးလို ဆိုပြငိုပြရတယ်။ လွမ်းပြရတယ်။ မင်းသမီးကြိုးဆွဲသူရဲ့ အဆိုအပြောတွေက ကောင်းလွန်းလို့ အမျိုးသမီးအစစ်က ဆိုငိုနေတယ်လို့ ခံစားကြရပါသတဲ့။
ရုပ်သေးရုပ်တွေမတူသလို အရုပ်တွေရဲ့လှုပ်ရှားမှုတွေလိုအပ်သလို တပ်ဆင်ထားတဲ့ကြိုးအရေအတွက်ကလည်း မတူပါ။ မင်းသား၊ မင်းသမီးအရုပ်တွေက လှုပ်ရှားမှုများတာမို့ ကြိုးအများဆုံးပါဝင်တယ်။ ဒါပေမဲ့ ကြိုးပါဝင်မှုနည်းပြီး ခုန်ပြန်လှုပ်ရှားပြရတဲ့ ဇော်ဂျီရုပ်က ရုပ်သေးကြိုးဆွဲတွေအတွက် အခက်ဆုံးလို့ဆိုတယ်။ ဒါကြောင့် ဇော်ဂျီရုပ်ကို ရုပ်သေးကြိုးဆွဲတွေထဲမှာ အတော်ဆုံးလူကပဲ ဆွဲခွင့်ရှိပါသတဲ့။ ဇော်ဆွဲဆရာဟာ ခေါင်းဆောင်အဆင့်ပေါ့။
ရုပ်သေးအရုပ်ပေါင်းကလည်း စင်တစ်ခုအတွက် သုံးဆယ်ကျော်လိုပါတယ်။ ဒီအရုပ်တွေကို ယမနေသားနဲ့ ကိုယ်တိုင်ခုတ်ပြီး ဖန်တည်းကြတာပါ။ လက်ခြေ ခေါင်း ခါး အဆစ်တိုင်းကို ကြိုးတွေနဲ့ဆက်ရတယ်။ ဆေးချယ်ရတယ်။ အဝတ်အစားအပြည့်ဆင်ပေးရတယ်။ ဒါကြောင့်လည်း ကြိုးဆွဲတိုင်းက ရုပ်သေးရုပ်တွေကို အရုပ်တွေလို့မမြင်တော့ပဲ သူတို့ရဲ့သားသမီးတွေလို သဘောထားကြတယ်။
ရုပ်သေးစင်တစ်စင်အတွက် လိုအပ်တဲ့အရုပ်တွေကတော့ ရုပ်သေးပွဲရဲ့သမားစဉ်အတိုင်း ကမ္ဘာတည်ခန်းက စမြဲမို့ ကမ္ဘာတည်စဉ်က ပါဝင်ခဲ့သော တောကောင်တွေဖြစ်တဲ့ မျောက် ကျား ဆင် ငှက် စတဲ့ အရုပ်တွေ၊ ရှင်ဘုရင်၊ မိဘုရား၊ မင်းညီမင်းသား၊ မင်းသမီး၊ မူးကြီး မတ်ကြီး၊ အပျိုတော်၊ ရံရွေတော် စတဲ့အရုပ်တွေအပြင် သကြားမင်း၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ နဂါး၊ ဂဠုန် စတဲ့ ရာဇဝင်ထဲက အရုပ်တွေလည်း ပါဝင်ပါတယ်။ ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက ဇာတ်လမ်းတွေကို သာမန်ပြည်သူတွေက အကြိုက်ဆုံးပါတဲ့။
အမြင့်သဘင်လို့ ခေါ်တဲ့ ဒီရုပ်သေးပွဲတွေ အမြို့မြို့မှာ ချိမ့်ချိမ့်သဲ ကပြ အသုံးတော်ခံပြီးနောက် ရတနာပုံခေတ်မှာ မြေဝိုင်းဇာတ်သဘင် စတင်ပေါ်ပေါက်လာခဲ့တယ်။ စင်ပေါ်မှာအမျိုးသမီးမတက်ကောင်းဘူးဆိုတဲ့ ရှေးအယူအဆကြောင့် မြေကြီးပေါ်မှာ စတင်ကပြခဲ့ဟန် တူပါတယ်။ဒါကြောင့်လည်း အဲဒီခေတ်က အနိမ့်သဘင်လို့ ခေါ်ခဲ့ကြတယ်။ ဦးချစ်ဖွယ်နဲ့ဒေါ်စိန်သုန်တို့ စတင်ခဲ့တဲ့ မြန်မာ့အနိမ့်သဘင်ဟာ ယနေ့ မြန်မာ့ဇာတ်သဘင်ရဲ့ အစပထမပါပဲ။
မြေဝိုင်းဇာတ်သဘင်ကနေ စင်ပေါ်တက်ပြီးကပြကြတဲ့ခေတ်အထိ မြန်မာ့သဘင်ပညာဟာ အဆင့်ဆင့်ပြောင်းလည်းတိုးတက်ခဲ့တယ်။ မင်းသမီးဦးဆောင်ရင် အငြိမ့်သဘင်၊ မင်းသားဦးဆောင်ရင် ဇာတ်သဘင် နဲ့ ဖြစ်တည်လာတယ်။ အငြိမ့်တွေထဲမှာ ရနောင်မောင်မောင်တုတ်က ဆင်နဲ့ခိုးရလို့ ဆင်ခိုးမလေးနာမည်ရခဲ့တဲ့ ယင်းတော်မလေး၊ လေပါတီမြရင်၊ ယူနီဗာစတီမြသန်းကြည်၊ ဒေါ်သြဘာသောင်း၊ ဂီတမယ်လှကလေးစိန်တို့ခေတ်ကနေ ဝင်းဝင်းအေးရဲ့ ဆောင်းအငြိမ့်ခေတ်ထိ ပြည်သူတွေတခဲနက်အားပေးခဲ့တယ်။မန်းလေးမှာဆို အငြိမ့်တန်း ဆိုင်းတန်းမှာ အငြိမ့်အဖွဲ့တွေ ငါးဆယ်ကျော်ထိ ရှိခဲ့တယ်။
ဇာတ်သဘင်ရွှေခေတ်ကိုပြပါဆိုရင်တော့ ဂရိတ်ဦးဖိုးစိန်ရဲ့စိန်မဟာသဘင်ခေတ်ပါလို့ ဆိုတယ်။ ဦးဖိုးစိန်ရဲ့ ဇာတ်က ကိုယ်ပိုင်မီးသဘောင်္၊ ကိုယ်ပိုင်ရွက်ဖျင်ရုံတွေပိုင်တဲ့အပြင် အနောက်တိုင်းက အင်္ဂလိပ်လူမျိုးမင်းသမီးတွေပါ ငှားပြီး ပါဝင်ကပြစေနိုင်တဲ့အထိ အောင်မြင်ခဲ့ပါသတဲ့။ တီထွင်ဖန်တည်းမှုအားလည်း အလွန်ကောင်းဆိုပဲ။ ဒါကြောင့် ပထမမြန်မာဒါရိုက်တာကြီးဖြစ်တဲ့လန်ဒန်အပ်ဦးအုန်းမောင်က ဖိုးစိန်ဇာတ်ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ရုပ်ရှင်ကြောင့် ဇာတ်ပွဲကိုလူမလာမှာစိုးတဲ့ ဂရိတ်ဖိုးစိန်က လက်မခံခဲ့ဘူးလို့ သိရတယ်။ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဇာတ်သဘင်ကြီးမို့လည်း ဇာတ်ဆရာ ဦးဖိုးစိန်ကို ဂရိတ်ဖိုးစိန်လို့ ဘွဲ့တတ်ခေါ်ကြတာပါ။
ဂရိတ်ဦးဖိုးစိန်၊ ရွှေမန်းဦးတင်မောင်၊ ဦးစိန်ကတုံး၊ မင်္ဂလာဦးအောင်မောင်း၊ ဦးစိန်အောင်မင်း၊ ဦးရွှေနန်းတင် စတဲ့ ဇာတ်သဘင်ပညာရှင်ကြီးတွေရဲ့ သားသမီးမြေးမြစ်တွေကလည်း ယနေ့အချိန်အထိ မြန်မာ့သဘင်ကို မတိမ်ကောသွားအောင် လက်ဆင့်ကမ်း သယ်ဆောင်နေပါတယ်။ ခေတ်စနစ်တွေပြောင်းလာပြီမို့ မူလအတိုင်းမဟုတ်တော့ပေမဲ့ အရိုးပေါ်အရွက်မဖုံးရအောင် ကျိုးစားနေကြတယ်။ ဒါပေမဲ့ ပရိတ်သတ်ရဲ့ အားပေးမှုနည်းလာတဲ့အတွက် အရင်က ထိပ်တန်းစာရင်းဝင်ဇာတ်ကြီး ဆယ့်လေးငါးဇာတ်ရှိပေမဲ့ ယခုတော့ လေးငါးဇာတ်လောက်ပဲ ရှိပါတော့တယ်လို့ သိရတယ်။ ဖိုးချစ်၊ စွမ်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း စတဲ့ မျိုးဆက်သစ်ကလေးတွေရဲ့ မြန်မာ့ဇာတ်သဘင်ရှေ့ရေးက ရင်လေးစရာ။
မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့အငြိမ့်သဘင်ပညာရှင် ၁၃ ဦးပါဝင်တဲ့အဖွဲ့တစ်ခု မကြာခင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိပါတော့မယ်။ ဟာဝါယီကျွန်းမှာ ယဉ်ကျေးမှုပွဲတင်ဆက်ခဲ့တဲ့ဒီအဖွဲ့က အခကြေးငွေကိုအဓိက မထားပဲ အမေရိကန်ရောက်မြန်မာတွေအတွက် မြန်မာ့အနုသုခုမသဘင်ပညာ၊ ရုပ်သေးပညာတို့ကို ကပြဖျော်ဖြေပေးကြပါလိမ့်မယ်။ အရုပ်ကတာ လူနဲ့တူရမယ်၊ လူကတာ အရုပ်နဲ့တူရမယ်၊ အရုပ်နဲ့လူ အတူကပြ အသုံးတော်ခံကြမယ်။
မောင်လူပေနေထိုင်တဲ့ San Francisco Bay Area တဝိုက်က မြန်မာများအတွက် ဧပြီလ (၁၅)ရက် စနေနေ့ညနေ Newark မြို့ Swiss Park ခန်းမမှာ မြန်မာ့ရုပ်သေးနဲ့ ဇာတ်သဘင်ပညာရှင်တွေ ကပြဖျော်ဖြေကြမယ်လို့ သိရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါရဲ့။ မြန်မာတို့အတွက် ငတ်မွတ်နေတဲ့မြန်မာ့ရုပ်သေး မြန်မာ့ဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင်ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ပေးကြတဲ့ မြန်မာကွန်မြူနတီက ဦးဆောင်သူတွေဖြစ်တဲ့ ကိုချိုဦး၊ ကိုနန္ဒ၊ မဥမ္မာတို့အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဝင်ကြေးအခမဲ့နဲ့ ကျင်းပပေးမဲ့ တစ်သက်တစ်ခါကြည့်ရခဲလှတဲ့ ' မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင် ကပွဲ' ကြီးကို မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးကြတဲ့ ဆန်ဖရန်တဝိုက်မှာနေထိုင်ကြသူမြန်မာတိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြွရောက်အားပေးချီးမြှင့်ကြပါလို့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ဖိတ်ကြားအပ်ပါတ်ာခင်ဗျား။
Wednesday, April 26, 2017
သကြား စိတ်ညစ်တယ်
'အောင်ဇေရတု အောင်ဇေရတု'
ဟုတ်သေးဘူး။ ဒါက ဘိသိတ်ဆရာ။
' ဥုံ ဟရီဟရီ'
ဒါကလည်း ပုဏ္ဏားဆရာ။
'ဝေ...... နီဟောင်'
သကြားလည်း မန်းလေးမှာ အနေများလို့ တရုတ်လိုတောင် ယောင်တတ်နေပြီ။
'တာဝတိံဘုံဖျားက ငါသကြားဖြစ်တော့သကိုး။'
ဒါမှ ဇာတ်ထဲက သကြားလေနဲ့အံကိုက်မှာ။
'အင်း... ဗမာပြည်မယ် သင်္ကြန်ကျတော့မယ်တဲ့။ ငါလည်းအလုပ်ရှုပ်ပေဦးတော့မယ်။'
'အိုင်ပက်လို့ငါးကုန်.. ဟုတ်ပေါင်.. အိုင်ပက်(iPad) လေး အားသွင်းထားမှ။ ချတ်ချာ( charger) လည်းမေ့လို့မဖြစ်။ ဒီနိုင်ငံက မီးခဏခဏပျက်တတ်တော့ ပါဝါပက်( power pad) လေးလည်းယူသွာဦးမှ။ အရင်ကတော့ ခွေးသားရေနဲ့ ရပေမဲ့ လူဆိုးတွေများလာတော့ ခွေးသားရေနဲ့မှတ်လို့မလောက်တော့ဘူး။ ပန်းသီး(Apple) အကူအညီယူရပြီ။ ခတ်မှီသကြားမို့ အိုင်သကြား( iThagyar) ခေါ်လည်း မတတ်နိုင်ဘူး။'
'တနင်္ဂနွေဂြိုလ်မင်းနဲ့မှားပြီး ငါ့ကို ကျွဲစီးခိုင်း နွားစီးခိုင်းကြသူကရှိသေး။ သကြားက ခေတ်မှီတာဝတိံသာလင်မိုဇင်း( Limousine) စီးဆင်းတာပေါ့ကွယ်။ မနှစ်က မြန်မာပြည်ကအပြန်မှာ ဆီကုန်လို့ အော့တိန်း95 ဆိုပြီးဝယ်ထည့်လိုက်တာ ချက်ဆီရောနဲ့မိသွားလို့ သကြားလင်မိုကြီး ပလတ်တွေအကုန်လောင်သွားလို့ တာဝတိံသာဒေါ်လာတွေအတော်ထွက်သွားတယ်။ ဒီနှစ်တော့ ဒီကဆီတွေဆီတွေပီပါနဲ့သယ်သွားရမယ်။'
'ညာဘက်လက်က မေးစေ့ပွတ်၊ ဘယ်ဘက်လက်က အိုင်ပက်ကိုင်ရင်း လင်မိုစီးပြီးဆင်းမဲ့ ငါသကြားကို အတာအိုးနဲ့ကြိုနေမဲ့သူတွေကို ကျေးဇူးပဲ။ မကြိုလည်း ကိစ္စမရှိ။ ဒါက ငါ့တာဝန်ပဲ။ ဂျူတီ အစ် ဂျူတီ ( Duty is duty) ပါ ဗိုလ်အောင်ဒင်။ နင်က ဒါကိုမမြင်.... ယောင်ကုန်ပြီ။'
'လမ်းတွေပိတ်လို့ တာဝတိံသာ လင်မိုကြီးသွားမရရင်တော့ YBS စီးရမှာပဲ။ ကွီးဖြိုးရဲ့ရိုက်ချက် ခံစားတင်ပြ ပုံဖေါ် စိတ်ကူး ရင်နှင့်ရေး အနုပညာပြချက် YBS ကလည်း လူပြောများနေတော့ စီးဖြစ်အောင်စီးမှ။ အရင် မထသပုံအတိုင်း လူမိုက်လုပ်တဲ့သူတွေလည်း စာရင်းသွင်းမယ်။ကားခပိုတောင်းရင်လည်း လူဆိုးစားရင်းဝင်ပြီမှတ်ပေတော့။'
' တနှစ်ပြည့်ပေမဲ့ အလုပ်မလုပ်နိုင်သေးတဲ့ အမတ်မင်းတချို့ကိုလည်း လူဆိုးစာရင်းသွင်းရမယ်။ ပြည်သူတွေရဲ့ လိုလားချက်တွေကို ချောင်ထိုးပြီး ဟန်ပြတွေများနေရင် အမေစုကိုပါ ထိခိုက်တယ်။ တကယ်လုပ်နေတဲ့အမတ်တွေတော့ ဘရားဗိုး.....။'
' လွှတ်တော်ထဲဝင်ပြီး ဂွတိုက် အိပ်ငိုက်နေတဲ့သူအပေါင်းလည်း လူဆိုးစာရင်းသွင်းမယ်။ လွှတ်တော်ကြီးမှ အားမနာ။ နောက်ကမလိုက်ပဲ ဂွတိုက်နေမယ်ဆို ဂတ်တောက်(get out) ။'
' လမ်းဘေးအမှိုက်ပစ်၊ ကွမ်းတံတွေး တွေ့ကရာထွေး၊ အိမ်နောက်ဖေးအမှိုက်ပစ်၊ အဆိုးမြင်ပြီး လမ်းဘေးထိုင် ဘုပြော၊ ဂါကောင်းလို့ဂွင်တည့်၊ အခုကြမှ ငွေထုတ်ပိုက်ပြီး အစိုးရကို မကူညီတဲ့ အဘအောက်ဆွဲတွေလည်း လူဆိုးစာရင်းပဲ။'
လူဆိုးစာရင်းမှတ်စရာများလို့ သကြားစိတ်ညစ်တယ်ကွယ်။

နေမင်းကြီးနဲ့ပတ်သက်သမျှ
လောကတခွင်ကို အလှဆင်မဲ့ နေမင်းရဲ့အလင်းရောင်က တောင်တန်းကိုထိုးထွက်လာတယ်။
သူရိယနေမင်းကြီးကို နေထွက်ချိန်တိုင်းမှာ ဘုရားအလောင်းဥဒေါင်းမင်းက ဥဒေတယံအစချီဂါထာနဲ့ နေ့တိုင်း ဂုဏ်ပြုသတဲ့။ ဒါကို မောရသုတ်ဆိုပြီး ပရိတ်ကြီး ၁၁သုတ်ထဲ ထည့်ထားတယ်။
ဝေဒပညာရှင် ဗေဒင်ဆရာတွေအယူအဆအရကတော့ နေမင်းကို တနင်္ဂနွေဂြိုလ်မင်းလို့ ကိုယ်စားပြုတယ်။ ဂဠုန်မင်းပုံနဲ့လည်း ကိုယ်စားပြုတယ်။
ရှေးကလူတွေလည်း အမှောင်ကိုကြောက်တဲ့စိတ်ကြောင့် နေမင်းကို ရှိခိုးပူဇော်ခဲ့ကြတယ်လို့ ဖတ်ဖူးမှတ်ဖူးတယ်။ နေနတ်သားကို ပူဇော်တဲ့ဂျပန်တွေဆိုရင် သူတို့ရဲ့ဘုရင်တွေဟာ နေနတ်သားရဲ့သားတော်အမျိုးအနွယ်တွေလို့ လက်ခံယုံကြည်ကြသတဲ့။ ဂျပန်အလံတော်ကိုတောင် နေမင်းရဲ့သင်္ကေတ အနီလုံးကြီး ဆွဲခဲ့လေရဲ့။
နေမင်းကြီးဟာ ကမ္ဘာကြီးနဲ့ အလင်းရောင်သွားနှုန်း(တစက္ကန့်ကို ၁၈၆၀၀၀မိုင်) နဲ့တွက်ရင် ၈မိနစ်နဲ့ ၁၉ စက္ကန့်အကွာမှာရှိတယ်။ ကမ္ဘာထက် ၁၀၉ဆကြီးတယ်။ ကမ္ဘာ့သိပ်သည်းဆထက် အဆပေါင်း သုံးသောင်းသုံးထောင်ကျော်ပိုများတယ်။ လေးပုံသုံးပုံဟာ ဟိုက်ဒြိုဂျင်ဓါတ်တွေဖြစ်ပြီး လေးပုံတပုံနီးပါးကတော့ ဟီလီယံဓါတ်တွေ ဖြစ်သတဲ့။ နေရဲ့အလယ်မှာ နျူကလိယားပေါက်ကွဲမှုတွေဖြစ်နေရာက အပူတွေထုတ်ပေးနေတာလို့ဆိုတယ်။
နေမင်းကြီးရဲ့အသက်က နှစ်ပေါင်း လေးဘီလီယံခွဲကျော်လောက်ရှိပြီမို့ အလယ်အလတ်အရွယ်ရောက်ပြီဆိုပါတယ်။ နောက်ထပ်နှစ်ပေါင်း လေးဘီလီယံကနေငါးဘီလီယံလောက် ဆက်ပြီး ထွန်းလင်းမဲ့သဘောပေါ့။
ရှင်နေမင်းရဲ့ နံနက်ခင်းရဲ့လင်းရောင်ချည်နဲ့အပြိုင် ငှက်ကလေးတွေလည်း အစာရှာထွက်လို့။ ဒီငှက်တွေထဲမှာ ငှက်တကောင်က ကိုယ်ပါပဲ။
သာယာတဲ့နံနက်ခင်းမှာ မိတ်ဆွေ သူငယ်ချင်းတွေ စိတ္တသုခ၊ ကာယသုခစတဲ့ သုခနှစ်ဖျာနဲ့ ပြည့်စုံကြပါစေ။
Good Morning to all of my friends....!!!!

ပြောင်းလည်းခြင်း
အရာရာပြောင်းလည်းနေတယ်။ မပြောင်းလည်းတာကတော့ ပြောင်းလည်းခြင်းပါပဲ။
ပြောင်းလည်းမှုတွေမြန်ဆန်တော့ တခါတခါ အမြင်တွေတောင်မှားလို့။
မိုးမျှော်တိုက်တွေနဲ့ skyline 🌃 မြင်ကွင်းက မြင်နေကြမို့ မြင်ကွင်းပြောင်းလည်းနေတာ သတိမမူမိ။ မကြာခင်ကမှ မိုးပေါ်ထိုးတက်လာတဲ့ transit terminal ကြီးက အတော်မြင့်နေပါပေါ့လား။ မြင်နေကြမဟုတ်တဲ့နေရာမှာ ထိုးထိုးထောင်ထောင်ထွက်နေတော့ အမြင်စိမ်းနေသလို။
ဒီဟာကြီးကို ဆောက်ဖို့ လုပ်နေတာတော့ ကြားမိဖတ်မိပါရဲ့။ bullet train 🚂 ဘူတာ။ greyhound 🚌 ကားဂိတ်။ Aces 🚂 ဘူတာ တွေ ဒီမှာဆုံကြမယ်တဲ့။ သို့ပေမဲ့ ဒီနိုင်ငံရဲ့ထုံးစံက တခုခုဖြစ်လာဖို့ ငြင်းကြခုန်ကြနဲ့ အတော်ကြာမြဲမို့ ဒီလောက်မြန်မယ်မထင်မိ။ transbay transit terminal လို့နာမည်ပေးထားတဲ့ မြေပေါ်ကားဂိတ်ကြီးတခုထဲဆောက်တာ ၂.၃ဘီလီယံဒေါ်လာ ကုန်ကြမယ်တဲ့ဗျ။ ကမ္ဘာ့ ကုန်ကြမှုအများဆုံး ကားဂိတ်ပရောဂျက်ပါပဲလို့ စံချိန်တင်သွားခဲ့တာ။ မြေအောက်ရထားလမ်းတွေ၊ ရထားဂိတ်ကို ရွှေ့တာတွေအားလုံးပြီးဖို့ဆိုရင် ၆ဘီလီယံဒေါ်လာကုန်မှာမို့ အမေရိကန်အနောက်ဖက်ခြမ်းရဲ့ အကြီးဆုံး မဟာရထားနဲ့ကားဂိတ်ကြီး ဖြစ်လာမဲ့အပြင် အမေရိကားရဲ့ ပို့ဆောင်ရေးသမိုင်းမှာ ငွေကုန်ကြေးကျမှုအများဆုံး စီမံကိန်းအဖြစ် စံချိန်တင်မှာပဲ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲက အများပြည်သူပို့ဆောင်ရေးဂဏ္ဍမှာ ဘိတ်ချီးချိတ်တဲ့ နိုင်ငံ။ ကားကုမ္ပဏီတွေ ဆီကုမ္ပဏီတွေ ဒေဝါလီမခံရအောင် public transportation ကို ချာတူးလံလုပ်ထားလေသလားတောင် ထင်မှတ်ရတဲ့နိုင်ငံမို့ ဒီလိုပဲ ထင်မိပါတယ်။ တနိုင်ငံလုံးမှာ bullet 🚂 တစင်းမှမရှိသေးပါ။ ငွေအားတောင့်တဲ့ ကယ်လီဖိုးနီးယားက ဆောက်ဖို့ လုပ်နေတာ ခုထိ မပြီးနိုင်သေးတာလည်း ငွေမရှိလို့မဟုတ်ပဲ ပတ်ဝန်းကျင်ကိုထိခိုက်တယ်တို့၊ အသံဆူညံတယ်တို့၊ ရပ်ကွက်က ကန့်ကွက်တယ်တို့၊ EPA က သတ်မှတ်ဆင့်မမှီဘူးတို့နဲ့ ကန့်ကွက်မှုတွေဆူညံနေလို့ပါပဲ။
ဒီကြားထဲမှာ public transportation ကို အားမပေးတဲ့ ထရန့်အစိုးရကြီးက ဗဟိုအစိုးရရဲ့ ထောက်ပံ့ငွေတွေကို ဖြတ်တောက်လိုက်တာကြောင့် စီမံကိန်းက တိုးလိုးတန်းလန်းကြီးပါဗျာ အဆင့်ပေါ့။
ဒီ transit terminal အဆောက်အဦကြီးက နှစ်လုံးတွဲကြီး။ sale force company ကို ငှားမယ်ဆိုပဲ။ ဒါကြီးဆောက်နေတာ ငွေပြတ်လို့ ဆက်မဆောက်နိုင်ရင် skyline 🌃 ကြီးလည်း ကရိမ်းတွေ တရမ်းရမ်းနဲ့အတော်အကြည့်ရဆိုးမှာပဲ။
(ပရောဂျက်တခုအကြောင်းစဉ်းစားမိလို့ ရေးတဲ့စာ။)

သခွတ်ဖြူတပွင့်ရဲ့ ရာဇဝင်
သခွတ်ဖြူတပွင့်ရဲ့ ရာဇဝင်
သင်္ကြန်ပြီးလို့ သကြားမင်းကြီးပြန်သွားပြီ။ မကြာခင် သခွတ်ဖြူတွေပွင့်လို့ သကြားနဲ့အသူရာစစ်ခင်းတဲ့ မိုးရာသီကို ရောက်တော့မယ်။
မြန်မာတွေရဲ့ ပါးစပ်ရာဇဝင်အရ မိုးရွာတာ မိုးချိန်းတာ လျှပ်ပျက်တာတွေဟာ တာဝတိံသာက သမက်နဲ့ယောက်ခမတို့ရဲ့ စစ်ပွဲကြောင့်ပါတဲ့။
သင်္ကြန်တိုင်းလာလေ့ရှိတဲ့ သကြားမင်းကြီးကိုမာဃရဲ့ဘဝကလည်း အများထင်သလို အားလုံးအိုကေမဟုတ်ခဲ့ဘူးတဲ့ဗျ။
သူသကြားမင်းဖြစ်တဲ့အခါ တာဝတိံသာနတ်ပြည်တစ်ခုလုံးရဲ့အရှင်သခင် မဖြစ်ရသေးဘူးတဲ့။ မြင်းမိုရ်တောင်ကြီးရဲ့ထိပ်ဖျားကို အသူရာနတ်မင်းကြီးနဲ့ အသူရာကြီးရဲ့နောက်လိုက်နတ်စစ်သည်တွေက သိမ်းပိုက်ထားပါသတဲ့။ အသူရာနတ်မင်းကြီးဆိုတာ တန်ခိုးအလွန်ကြီးတဲ့နတ်ကြီးပေါ့။ အမြဲပဲမူးယစ်သောက်စားနေတတ်ပြီး ပွဲလမ်းသဘင်တွေအလွန်ကြိုက်ဆိုပဲ။ အလွန်ကုသိုလ်ထူးတဲ့နတ်ကြီးပေါ့ဗျာ။ နတ်ဖြစ်နေတဲ့အထိ မူးလို့မကုန် ပျော်လို့မပြီး။ မြန်မာနတ်ဆရာတွေရဲ့အသည်းဖြစ်တဲ့ ကူနီနန်းက ပခန်းကိုကြီးကျော်ဆိုတာ နောက်ပေါက်။ အသူရာနတ်မင်းကမှ မူလပထမယစ်ထုတ်နတ်မင်းကြီးလည်းဖြစ်သတဲ့။
ဆရာနတ်မင်းက အဲဒီလောက် သောက်စားမူးယစ်နေမှတော့ အသူရာနတ်မင်းကြီးရဲ့တပည့်ဆိုတဲ့နတ်တွေကလည်း ဆရာ့တပည့်ကျော်တွေပီပီ ဆရာ့လိုပဲ မူးယစ်သောက်စားပျော်ပါးနေကြမှာ မေးဖို့မလို။ ဒီလို ယစ်ထုတ်နတ်မင်းကြီးနဲ့တပည့်ကျော်တွေ သိမ်းပိုက်ထားတဲ့ တာဝတိံထိပ်ဖျားကို သိမ်းပိုက်ဖို့ သကြားမင်းကြီးက လက်လွတ်စပါယ် မလုပ်ရဲဘူး။ အသူရာကြီးဆိုတာ တန်ခိုးအရာမှာ အလွန်သာတဲ့နတ်ကြီးမို့ ဘယ်လောက်မူးနေဦးတော့ လျှော့မတွက်ရဲ။ သူ့တပည့်ကျော်တွေကလည်းရှိသေးမဟုတ်လား။ တိုက်ယူရမယ်ဆိုရင် နှစ်ဖက်လုံးမှာ နတ်စစ်သည်တွေ ဆုံးရှုံးကြမှာမနည်းလှ။
ဒိထက်ခက်တဲ့အရာကတော့ အဲဒီအသူရာနတ်ကြီးရဲ့ အချစ်ဆုံးသမီးတော်လေးက သကြားမင်းကြီးကိုမာဃရဲ့ အရင်ဘဝအချစ်ဆုံးအသည်းကျော်အငယ်ဆုံးမယားဖြစ်ပါသတဲ့။
'အချစ်စစ်တို့မည်သည် ဖျောင့်ဖြူးရခြင်းမရှိ။' ဆိုတာ တယ်မှန်သကိုးဗျနော်။ ဘယ်နှယ်ဗျာ မယားလေးဦးနဲ့အတူအကွပြုခဲ့ရတဲ့ ကုသိုလ်တွေနည်းမှမနည်း။ လူ့ဘဝရဲ့နောက်ဆုံးဘဝဖြစ်တဲ့ မာဃလုလင်ဘဝထိ တောင်းဆုတွေပြုခဲ့ကြတာ။ သေလွန်ပြီးလို့ တာဝတိံသာနတ်ပြည်သနင်း သကြားမင်းကြီးဖြစ်တဲ့အခါ မယားသုံးယောက်ပဲအတူရှိနေရသတဲ့။ အချစ်ဆုံးပူတူတူးလေးက ပါမလာဘူးတဲ့။ ဖြစ်ရပုံများ။
ဒါနဲ့ ပူတူတူးလေး ဘယ်ဘဝရောက်နေပါ့လို့ နတ်မျက်စေ့နဲ့ ကြည့်လိုက်တော့ တာဝမှာ ငါးစောင့်နေတဲ့ဗျိုင်းမလေး ဖြစ်နေရရှာတာ တွေ့ရဆိုပဲ။ ခက်ပြီပေါ့။ အမတွေနဲ့လင်ဝေယူရတဲ့ဘဝမို့ တခါတခါတော့လည်း အမရင်းတွေပေမဲ့ ငြူစူစောင်းမြောင်းမိတာလေးတွေ ရှိခဲ့မှာပေါ့။ သူက အငယ်ဆုံးညီမလေးမို့ နွဲ့ဆိုးဆိုးတတ်တာလေ။ သေခါနီးမှာ အဲဒီအဖြစ်တွေ ပြန်အမှတ်ရမိလို့ နတ်မဖြစ်တော့ပဲ ဗျိုင်းဖြစ်ရသတဲ့။
သကြားမင်းကြီး ရင်ကွဲခန်းပေမဲ့ကြာကြာမလွမ်းနိုင်ရှာပါဘူး။ ပူတူတူးလေးကို ဗျိုင်းဘဝကလွတ်ဖို့ အကြံထုတ်ရပြီပေါ့။ ဒါနဲ့သကြားမင်းလည်း တာဝတိံဘုံဖျားကနေ လူ့ပြည်ဆင်းရပြန်သတဲ့။ သင်္ကြန်ကျဖို့မဟုတ်ဖူးနော်။ သူ့မိန်းမအငယ်ဆုံးလေးဆီလာတာပါ။ ဗျိုင်းမလေးနဲ့တွေ့တော့ " အိုမိုင်ဒါလင်။ အိုင်အမ်သကြား" တွေဘာတွေ ရှင်းပြရတာပေါ့နော်။ သကြားက ဗျိုင်းကို ဘယ်ဘာသာနဲ့စကားပြောလည်းတော့ မောင်လူပေမသိ။ မာဂဓဘာသာနေမှာပေါ့။ တိရိစ္ဆာန်ဗေဒက မာဂဓလို့ ဖတ်ဖူးတာပဲ။
အဲ့လိုရှင်းပြတော့မှ ဗျိုင်းမလေးက အတိတ်ဘဝကို ပြန်မှတ်မိသတဲ့။ ဒီဗျိုင်းဘဝက သေလွန်ရင် နတ်ပြည်ပြန်ရောက်ဖို့အတွက် ပါဏာတိပါတာ သူ့အသက်သတ်ခြင်းကရှောင်ရမယ်။ ဒါကြောင့် ငါးအရှင်ကိုမစားရဖူး။ အသေတွေ့မှစားရမယ်လို့လည်း သကြားမင်းကြီးက မှာကြားခဲ့သတဲ့။
ဗျိုင်းမလေးကလည်း မောင်တော်သကြားမင်းနဲ့ပြန်ပေါင်းထုတ်ဖို့ မှာကြားချက်အတိုင်းလိုက်နာရှာတယ်တဲ့။ ငါးသေတွေ့မှ စားရှာတယ်။ ငါးသေကလည်း ရှားပါးလှတော့ ဗျိုင်းမလေးမှာပိန်လှီနေရှာသတဲ့။
သီလစောင့်နေရှာတဲ့ဗျိုင်းမလေးကို သကြားမင်းက စိတ်မချပြန်ဘူး။ ဒါနဲ့ပဲ လူ့ပြည်ပြန်လာခဲ့ပြန်ခဲ့ပြန်တယ်။ ငါးသေရှာနေတဲ့ဗျိုင်းမလေးနားမှာ ငါးသေလေးဟန်ဆောင်ပြီးနေလိုက်တယ်။ အရမ်းဆာနေရှာတဲ့ဗျိုင်းမလေးက ငါးသေလေးတွေ့လို့ ဝမ်းသာအားရနဲ့စားလိုက်မယ်ရယ်လို့ နှုတ်သီးလေးနဲ့ကောက်လိုက်တော့ ငါးလေးက ဖြတ်ဖြတ်လူးပြသတဲ့။ အော် ငါးအရှင်လေးမို့ မစားတော့ပါဘူးရယ်လို့ စိတ်ဆုံးဖြတ်ပြီးလှည့်ထွက်သွားတော့မှ သကြားမင်းကြီးက ဗျိုင်းမလေးရဲ့သီလကိုယုံကြည်ပြီး တာဝတိံက စောင့်ပါသတဲ့။
အစာငတ်ပြီးသေပွဲဝင်ရရှာတဲ့ဗျိုင်းမလေးက ဘဝပေါင်းများစွာပြုခဲ့တဲ့ကုသိုလ်အဟုန်ကြောင့် တာဝတိံသာနတ်ပြည်ကို ရောက်လာပါတယ်။ အသူရာနတ်မင်းကြီးရဲ့အချစ်ဆုံးသမီးတော်လေး လာဖြစ်ပါသတဲ့။ လေဒီအသူရာနတ်သမီးကြီးမှာ ကိုယ်ဝန်ရပြီး နတ်အိုဂျီတွေနဲ့ပြ၊ ဂျမခါနာက အထူးခန်းမှာခွဲမွေးတော့ မဟုတ်ဘူးပေါ့။ ကုသိုလ်အဟုန်တွေကြောင့် နတ်ပြည်မှာရွှေဗိမာန်ကြီးအလိုလိုပေါ်လာ၊ အဲဒီအထဲမှာ ၁၆နှစ်သမီးအရွယ်အစားနဲ့ ဟတ်ချလောင်းဆို ဖြစ်လာတာပေါ့ဗျာ။
သမီးတွေထဲမှာအချောဆုံးမို့ အသူရာနတ်မင်းကြီးက အရမ်းချစ်ရှာတယ်။ အခြားက တန်ခိုးကြီးနတ်သားတွေက လာတောင်းတာလည်း ငြင်းပယ်တယ်။ ဗျိုင်းနတ်သမီးလေးကလည်း သူ့မောင်တော်ဖြစ်မဲ့သကြားမင်းကိုပဲစောင့်နေတာမို့ မောင်တော်သကြားကလွဲရင် နိုးပါပဲပေါ့။
ယောက္ခမအသူရာဆီမှာ သူ့သမီးကို အလွယ်တကူတောင်းမရနိုင်ဘူးဆိုတာသိတဲ့သကြားမင်းက အကြံထုတ်ရပြန်ရောပေါ့။ ခက်လိုက်ပါတဲ့ဖူးစာ။ မယားထွေးလေးမို့ အချစ်ဆုံး။ အလိုလိုက်ရဆုံး။ သေလွန်ကြတဲ့အခါ အတူပါမလာပဲဗျိုင်းဖြစ်။ အခုလိုနတ်ဖြစ်ပြန်တော့လည်း အသူရာကြီးရဲ့သမီးမှ ဖြစ်လာရတယ်လေ။
ယောက္ခမလောင်းကြီးနဲ့စစ်မဖြစ်ချင်တဲ့သကြားက အကြံပိုင်သဗျ။ ယောက္ခမကြီးအပိုင်စားရထားတဲ့ တာဝတိံသာထိပ်ဖျားကိုလည်းရ၊ သူ့သမီးထွေးကိုလည်းရဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အကြံပေါ့။
အသူရာကြီးဆီကို သာမာန်နတ်သားလေးဟန်ဆောင်ပြီး ချဉ်းကပ်တယ်။ ဝင်ပေါင်းတယ်။ အရည်အချင်းရှိတဲ့နတ်သားလေးထင်ပြီး အသူရာကလည်း သဘောကျလာတယ်။ သကြားမင်းက အသူရာကြီးရဲ့နန်းတော်ကြီးတခုလုံးကို အသေးစိတ်ပုံဆွဲပြီး လူယုံတွေကိုပေးလိုက်တယ်။ သကြားရဲ့တပည့်တွေက ပုံစံတူနန်းတော်ကြီးကို မြင်းမိုရ်တောင်ခြေမှ တည်ဆောက်ကြတယ်။ တာဝတိံမှာရှိတဲ့ နတ်ပန်းနွယ်ကသစ်ပန်းတွေနဲ့တူတဲ့သခွတ်ပန်းနွယ်တွေပါ စိုက်ထားပေးသေးသတဲ့။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ အသူရာနတ်မင်းကြီးနဲ့ သူ့နောက်လိုက်တွေ အကြိုက် နတ်ပွဲသဘင်ဆင်ယင်ကျင်းပပေးပြီး အရက်တွေပါစိတ်ကြိုက်သောက်စေပါတယ်။ အားလုံးမူးပြီးအိပ်ပျော်သွားတဲ့အခါ အကုန်လုံးကို တောင်ခြေက နန်းတော်အတုကြီးမှာ သွားထားခဲ့လိုက်တယ်။ သကြားမင်းကြီးက ခုခံသူမရှိတော့တဲ့တာဝတိံသာထိပ်ဖျားကို သွေးထွက်သံယိုမရှိသိမ်းလိုက်ပြီး သမီးထွေးလေးနဲ့ အာဝါဟ၊ ဝိဝါဟကြပါတယ် ဆိုပါတော့ဗျာ။
အသူရာကြီးနဲ့ သူ့နောက်လိုက်တွေကလည်း အမူးပြေလိုက် သောက်လိုက်မို့ သူတို့တွေ နန်းတော်အတုကြီးထဲရောက်နေကြတာ မသိကြဘူးတဲ့။ မိုးရာသီရောက်လို့ သခွတ်ပွင့်ချိန်ရောက်တော့ နတ်သစ်ပင်နွယ်တွေမှာ နတ်ကသစ်ပန်းတွေမပွင့်ပဲ သခွတ်ပန်းတွေပွင့်တယ်။ ဒီတော့မှပဲ အသူရာကြီးက သူတို့တွေအားလုံး တာဝတိံသာမှာမဟုတ်တော့ပဲ လူ့ပြည်ရောက်နေကြတာကို သိကြရတော့တယ်။
ဒေါသတွေအလိပ်လိုက်ထွက်နေတဲ့ ယောက္ခမအသူရာကြီးက သူ့နောက်လိုက်နတ်စစ်သည်တွေခေါ်ပြီး သမက်သကြားမင်းရှိရာ တာဝတိံဘုံဖျားကိုသွားလို့ စစ်ချီပြီ။ အာလိမ်ငါးဆင့်စစ်တပ်ကြီးမှာ နဂါး၊ ဂဠုန်၊ ဂုမ္ဗာန်၊ယက္ခ စတဲ့ နတ်ဘီလူးစစ်သည်တွေနဲ့ပေါ့။ သကြားမင်းကလည်း မြင်းမိုရ်တောင်ကို ထုတ်ချင်းပေါက်အောင်ခွင်းနိုင်တဲ့ ဝရဇိန်လက်နက်မိုးကြိုးသွားကိုင်ပြီး နေ၊လ စတဲ့နတ်မင်းကြီးလေးပါးနဲ့အတူ နတ်စစ်သည်ပေါင်းတစ်သိန်းခြောက်သောင်းကျော်နဲ့ ပြန်လည်ခုခံတယ်။ စစ်မြေပြင်မှာစစ်သည်တွေဟာ ယူဇနာခြောက်ထောင်လောက်ရှိသတဲ့။
ဒီလောက်များတဲ့နတ်စစ်သည်တွေရဲ့ စစ်ပွဲမို့ ကောင်းကင်ယံမှာ မိုးလုံးချိမ်းညံပြီပေါ့ဗျာ။ရှစ်ရပ်ခွင်လုံးမှာ မဲမှောင်နေတာက နတ်စစ်သည်တွေရဲ့အရိပ်တွေ၊ လျှပ်စီးတွေလက်တာက ဝရဇိန်လက်နက်ကထွက်တဲ့အလင်းရောင်တွေ၊ မိုးခြိမ်းသံတွေကတော့ နတ်မြင်းတွေရဲ့ခွါသံတွေ၊ မိုးရေမိုးပေါက်တွေက နတ်စစ်သည်တွေရဲ့ချွေးတွေ သွေးတွေရယ်လို့ ဆိုတယ်။ စစ်က သုံးလကြာတယ်။ ပြီးရင် ပြန်လာကြပြီးမေ့သွားကြတယ်။ သခွတ်ပန်းပွင့်လာမှ ပြန်အမှတ်ရပြန်တယ်။ စစ်တိုက်ကြပြန်တယ်ပေါ့ဗျာ။
ဒါကြောင့် သခွပ်ပန်းပွင့်ချိန်တိုင်း စစ်တိုက်နေကြတဲ့ ယောက္ခမနဲ့သမက်တို့ရဲ့စစ်ပွဲဟာ ခုထိ မစဲသေးပါဘူး။ မြန်မာပြည်က ပြည်တွင်းစစ်ထက် ပိုရှည်ကြာတဲ့ တာဝတိံသာပြည်တွင်းစစ်ကြီးပေါ့။ မိုးရာသီရောက်လို့ သခွတ်ပန်းပွင့်ပြီဆိုတိုက်ကြတဲ့ သမက်နဲ့ယောက္ခမစစ်ပွဲကို ဆရာမြို့မငြိမ်းက ကသစ်ပန်းဆိုတဲ့ သီချင်းလေးရေးဖွဲ့ပြခဲ့ပါတယ်။ ဆရာငြိမ်းက ဟာသဉာဏ်နဲ့ ဖြtည့်စွက်ထားတာလေးတောင်ရှိသေး။
" နှစ်တိုင်းပဲ သခွတ်ပွင့်ချိန်မှာ၊ သကြားနဲ့အသူရာ၊ သမက်နဲ့ယောက္ခမ ဘောက်ကြလို့လည်း အားမရနိုင်ရှာ။
ဒါကိုအားမကျဖို့ မယားအလှကို တောင်းပန်မှာ၊ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုဒ်ရက်ရှည် စောင့်ခိုင်းမှာ"
" ဝေဖြာ။ သခွတ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ၊ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ဘက်သို့ တက်လို့ စစ်ထွက်တဲ့အခါ၊ အုံ့ကာလေတဖွဲဖွဲ၊ ရွာလေ တသဲသဲ။" ပါတဲ့။
ယောက္ခမဆိုတာ ရန်ဖြစ်နေလို့ရှိရင် ဘယ်တော့မှ ပြီးမှာမဟုတ်မဲ့အတူတူ တည့်အောင်ပေါင်းထား၊ ပြီးမှ ဘုန်းကြီးကျောင်းတို့ တရားစခန်းတို့မှာ ဥပုဒ်ရက်ရှည်စောင့်ခိုင်းလိုက်။ ပြီးရော တဲ့။
ဒီနေ့ အဲဒီသီချင်းလေးနားထောင်ရင်း ဒီပုံပြင်လေးကို သတိရတာနဲ့ ဒီစာလေးရေးလိုက်တာပါ။ ယောက္ခမနဲ့ ဂျောက်ကြနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက် အကြံပေးတဲ့သဘောတော့မဟုတ်။ ကိုယ်ကလည်း သမီးရှင်မို့ ကိုယ့်ကိုယ်ပါ ကျောင်းထုတ်ပြီး ဥပုဒ်ရက်ရှည်စောင့်ခိုင်းမဲ့ လူလိမ္မာသမက်နဲ့တွေ့နေမှာလည်း စိုးရသေးသဗျ။
မိတ်ဆွေသူငယ်ချင်းအပေါင်းလည်း ယောက္ခမဘေး အဲလေ ယောင်လို့ ဘေးရန်အပေါင်းက ကင်းဝေးကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

Thursday, April 6, 2017
ကိုကြီးကျော်
ကိုကြီကျော် (သို့မဟုတ်) မြန်မာနတ်တို့ရဲ့ ဆယ်လီ
တပေါင်းလရောက်ပြီဆိုရင် ကူနီနန်းက ကိုကြီးကျော်နတ်ပွဲစပြီ။ အဖေကျော်ဆီကို မြင်းခြံ ရေစကြို ပခုက္ကူ တကျောကလူတွေသာမကပဲ မုံရွာ တဝိုက်က ရေလည်ဆယ့်နှစ်ကျွန်းသားတွေအထိ ချီတက်ကြတယ်။ ရိုးရာကိုယုံသူတွေရော သေရည်ကို အပြတ်သောက်ချင်သူတွေပါ ပျော်ကြတဲ့ ကိုကြီးကျော်ရဲ့ ပခန်းကူနီနတ်နန်း။
မြန်မာနတ်တွေက အတွင်းအပြင်(၃၇)မင်းမို့ (၇၄) ပါး ရှိတာ။ ဒါတောင် နောက်ပေါက်နတ်တွေ မပါသေး။ ဒီထဲမှာ ဆယ်လီနတ်တပါးကိုပြပါဆိုရင် ကိုကြီးကျော်က ထိပ်ဆုံးကပေါ့။
မြန်မာဇာတ်ပွဲရဲ့ပွဲဦးထွက်သီချင်းကိုတောင် သူ့သီချင်းနဲ့စဖွင့်ရပါတယ်။
'အပျိုတော်နတ်ချင်း' ပါတဲ့ ခင်ဗျ။ နားဆင်ကြည့်ပါ။
" ခုနှစ်ခွေ သီတာရေမှ ပတ်ခါဆင်း၊ သာတောင့်သာတယ်လေ့.. နတ်ပြည်သနင်း။"
" ဘုန်း ဘုန်းတန်း တေဇာ ဖျာဖျာရောင်လင်းပါလို့ မင်း မင်းမြတ် ထွဋ်ခေါင်မွှေ။"
" အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် ပန်းမွေ့ယာ ရွှေကော်ဇော ရောနှောလို့ထိုင်။"
" ပျိုတိုင်းကြိုက်ပါတဲ့ နှင်းဆီခိုင်၊ ဝေတောင်းပိုက်တဲ့အဖွဲ့တော်သား ဝေးရာကရှား။"
"သန်းကောင်ကို နေ့မှတ်ပါလို့ အရပ်ကလေးကိုတဲ့ အားမနာ။
မသောက်ရရင် သီလစောင့်တဲ့ ကိုးကျောင်းဒကာ။ "
" သောက်တော်ဘူးရယ်တဲ့ ကိုယ်မကွာ၊ မင်းကျော်စွာလို့ မကျော်လား၊ ဝေးရာကရှား။"
"ချစ်လို့ရယ်တဲ့ ခင်မင် ယဉ်ရှာရော့သလား။
ကိုကြီးကျော်ရေ (ဗျို့.....)
မောင်ကြီးကျော်ရေ (ဗျို့......)
ဤဇဗ္ဗူမှာ ပြိုင်ဖက်ရှား မိုးကြနတ်သား။"
" ညနေ ညနေ စီတယ်လေ။ ကူနီကျော့စံကွန်း
ကိုကြီးကျော် ပလီလွန်းတယ် ဆေးရှိုက်တဲ့ကျွန်း။ "
နတ်ချော့တေးကနေ မြန်မာ့ယဉ်ကျေးမှုဇာတ်ထဲကို ရောက်လာသည်အထိမို့ မြန်မာတွေအတွက် ကိုကြီးကျော်ရဲ့အရှိန်အဝါနဲ့ နာမည်ကျော်မှုဟာ ဆယ်လီအဆင့်ထက်တောင် ပိုမယ်ထင်ပါတယ်။
ကိုကြီးကျော်ကို မင်းကျော်စွာဆိုတာလောက်ပဲ သိကြတဲ့သူများတယ်။ ပုဂံခေတ်က မင်းကျော်စွာနဲ့ အင်းဝခေတ်က မင်းရဲကျော်စွာ နှစ်ယောက်လုံးက (၃၇)မင်းထဲ ပါနေလေတော့ ဝေခွဲရခက်နေသူတွေလည်း ရှိတယ်။ သမိုင်းအရကတော့ ပုဂံခေတ်ကပါတဲ့။
ပုဂံမင်းဆက်(၂၇)ဆက်မြောက်ဖြစ်တဲ့ သိန်းခွန်းမင်းရဲ့သားလို့ဆိုတယ်။ အေဒီ ရှစ်ရာစုလောက်ကမို့  အနော်ရထာထက် နှစ်သုံးရာလောက်စောပါသတဲ့။
သိန်းခွန်းမင်းက မိဘုရားနှစ်ပါးရှိတယ်။ ရွှေလောင်းနဲ့ရွှေကိုင်းတဲ့။ ရွှေကိုင်းမိဘုရားကမွေးတဲ့ သားနှစ်ပါးက စည်သူနဲ့ကျော်စွာ။ သူတို့ကအကြီးတွေ။ ရွှေလောင်းမိဘုရားက မွေးတဲ့သားက အငယ်ဆုံးပါတဲ့။
သိန်းခွန်းမင်းက နေမကောင်းဖြစ်လာတယ်။ ရွှေလောင်းမိဘုရားကမွေးတဲ့ သားငယ်ကို နန်းတင်ချင်လို့ အကြီးနှစ်ယောက်ကို တောင်ငူအရပ်( တောင်ညိုလယ်မ) မှာ ပုန်ကန်မှုကိုဦးစီးနှိမ်နှင်းဖို့ လွှတ်လိုက်တယ်။ (အဲဒီခေတ်က တောင်ငူမြို့မတည်ရသေးပါ။ နာမည်တူ တောင်ငူ ဖြစ်မယ်ထင်ပါတယ်။)
ဘုရင်ကြီးက သားကြီးတွေမရှိတုန်း အငယ်ကောင်ကို နန်းတင်လိုက်တယ်။ ( ပြသနာရှာမဲ့ ညီနောင်ကို အဝေးပို့ထားတုန်း အမြန်နန်းတင်ရတာ။ ပြီးတော့ သိန်းခွန်းမင်းလည်း သေရှာသတဲ့။) ရွှေကိုင်းမိဘုရားကြီးကလည်း မကြေနပ်လို့ ရင်ကွဲသေရတယ်။ (ဒီမယ်တော်ကြီးကလည်း မြင်ခြံမြို့နယ်ထဲက ကိုင်းရွာမှာ နတ်နန်းနဲ့ ရှိတယ်။ တပေါင်းလဆန်း (၁၃)ရက်ဆို ကူနီနန်းကို ကျွဲလှည်းစီး ကြွလာတယ်။ သားကိုမကြည့်ချင်လို့ နောက်ပြန်တက်တယ်။ ဓါးသွေးပြီးပြန်ဆင်းတယ်။ ယာယီနန်းနဲ့ စံပါသတဲ့။)
စစ်နိုင်ပြီး တောင်ငူအရပ်ကပြန်လာတဲ့ ညီနောင်ကလည်း အဖေသေတာ၊ ညီအငယ်ဆုံးကိုနန်းတင်တာ၊ အမေသေတာတွေသိတော့ ပုဂံကိုပြန်မလာတော့ပဲ နန်းသစ်တည်ဖို့ ဧရာဝတီ၊ ချင်းတွင်းနဲ့ ရှင်မတောင်ကြားက မြေပြန့်လွင်ပြင်ကို နောက်လိုက်တွေနဲ့အခြေချဖို့ ရွေးလိုက်တယ်။ နန်းသစ်တည်တယ်။ ကျုံးအတွက်လိုတဲ့ရေကို ချင်းတွင်းမြစ်ထဲကနေ တူးမြောင်းနဲ့ သွယ်ယူဖို့ ညီဖြစ်သူ ကျော်စွာက တာဝန်ကြပါသတဲ့။
ညီအကိုနှစ်ဦးမှာ အကိုကြီးစည်သူက ခက်ထန်ပြီး ရက်စက်သူ။ ညီဖြစ်သူ ကျော်စွာကတော့ ကြက်ကလေးတိုက်၊ ထန်းရေလေးမူးပြီး ပျော်သလို နေတတ်သူ၊ မိန်းမတွေအကြိုက် ရုပ်ရည်ရှင်မို့ ပျိုတိုင်းကြိုက်လို့ဆိုတယ်။ လူချစ်လူခင်လည်း အလွန်များဆိုပဲ။ ( ခုခေတ်ဆိုရင် ပလေးဘွိုင်ပဲ။)
ဒါကြောင့်လည်း ရောက်လေရာအရပ်မှာ အပေါင်းအသင်းတွေများသူ ပျော်နေတတ်တဲ့သူ မင်းကျော်စွာက သူ့အလုပ်ဖြစ်တဲ့ တူးမြောင်းကိစ္စကို စိတ်မဝင်စားဘူး။ နောက်လိုက်တွေနဲ့ပဲ လွှဲထားပြီးတော့ အရက်သောက်လိုက် ကြက်တိုက်လိုက်နဲ့ပဲ ပျော်သလို နေခဲ့တယ်။
အချိန်ရောက်တော့ ကျုံးထဲသွယ်မဲ့ရေ စကြိုမဲ့နေရာကို ရေစကြိုရယ်လို့ သတ်မှတ်ပြီး ရေကြိုနေတဲ့အကိုဖြစ်သူ စည်သူက ရေမလာလို့ ညီဖြစ်သူကျော်စွာကို ဒါသတကြီးနဲ့ လိုက်ရှာရတယ်။ ကျော်စွာက ရွှေကူနီဘုရားနားမှာ ထုံးစံအတိုင်း ထန်းရေသောက်ရင်း ကြက်တိုက်နေတာတွေ့တယ်။ အကိုလိုက်လာတာသိတော့ ကြက်ပိုက်ပြီး မြင်းပေါ်တက်ရင်း ပြေးဖို့ပြင်တယ်။ အကိုက ဒေါသမထိန်းနိုင်ပဲ လက်သုံးတော်ဓါးနဲ့ခုတ်လို့ ကြက်ပိုက်ရင်းပဲ မြင်းပေါ်ကကြလို့ သေရှာရပါသတဲ့။ လူထုအချစ်တော်မို့ နတ်ဖြစ်တယ်၊ စောင့်ရှောင့်တယ်နဲ့ နတ်နန်းဆောက်ပြီး ကိုးကွယ်ခဲ့တာ ခုချိန်ထိပါပဲ။ ( ရှေးမြန်မာတွေက သူရဲကောင်းကိုးကွယ်ကြတဲ့အပြင် သူတို့အားကိုးနေရတဲ့သူ အသေဆိုးနဲ့သေရင် ဝမ်းနည်းရုံမကပဲ သေသူက နတ်ဖြစ်ပြီးဆက်လက်စောင့်ရှောက်နေတယ်လို့ ယုံကြည်တဲ့ အလေ့အထရှိပါတယ်။)
ကျော်စွာသေတော့ သူ့ကိုချစ်တဲ့သူ့နောက်လိုက်တွေပါ အသတ်ခံရတယ်။ တဖွဲ့လုံး နတ်စိမ်းဖြစ်ကြတယ်။ သူတို့ကိုသတ်တဲ့ အကိုဖြစ်တဲ့ စည်သူကိုလိုက်ရှာကြတယ်။ တွေ့တော့ သူတို့ကပဲ စည်သူကို သတ်လိုက်ကြပြန်ပါတယ်။ စည်သူကလည်း နတ်ဖြစ်ပြန်လို့ စည်သူနတ်ကွန်းနဲ့ ထားရပါသတဲ့။ ( ကူနီပွဲကြီးမှာ ယာယီနန်းနဲ့စံတော်မူပြီး တပေါင်းလဆန်း (၁၂)ရက်နေ့ရောက်ရင် နန်းကြီးပေါ်နောက်ပြန်တက်၊ ဓါးသွေးပြီး ပြန်ဆင်းတယ်။ ညီအကိုတွေ အပြန်အလှန် အပြတ်ရှင်းကြတဲ့ပွဲက အဆုံးသတ်တော့ အားလုံးသေကြရတာပဲ အဖတ်တင်တယ်။)
အတိုချုံးရရင်တော့ ကိုကြီးကျော်ဟာ ဘုရင်မဖြစ်လိုက်ရတဲ့သူ၊ အကိုရင်းက သတ်လို့ သေရသူ၊ လူချစ်လူခင်ပေါသူ၊ အလုပ်ကို မလေးစားသူ၊ ပျော်သလိုနေတတ်သူ၊ အရက်ကြိုက်သူ၊ ကြက်တိုက်သူ။ ဘုရင့်ညီတော်ဆိုတဲ့ဂုဏ်နဲ့အတူ ရုပ်ချောလို့ မိန်းမသားတွေစိတ်ဝင်စားခံရသူပေါ့။ မိန်းမတော့ရှိတယ်။ သူ့လိုပဲ ခပ်ဆိုးဆိုး။ မဘို့မယ် တဲ့။မိန်းမကြောက်ရသူလို့ ဆိုသူလည်း ရှိတယ်။ သူနဲ့အတူ သူ့မိန်းမကိုပါ အကိုဖြစ်တဲ့စည်သူက အဆုံးစီရင်ခဲ့ပါသတဲ့။ (မျိုးပြုတ်ရော။ သားသမီးကျန်ခဲ့တယ်လို့ မဖတ်မိ။)
မင်းကျော်စွာဘဝကနေ အယူတိမ်းလို့ နတ်စိမ်းဘဝပြောင်းလာရတဲ့ ကိုကြီးကျော်ဘဝအထိ ကြက်တိုက် အရက်သောက်ရင်း ပျော်ကောင်းဆဲ အဖေကျော်။ နတ်ဘဝရောက်မှ ကြောက်ရမဲ့မိန်းမမရှိလို့ မိန်းမတွေ လိပ်ပြာလှရင် တော်ကောက်ချင်တဲ့ ကွီးကျော်။ ( မျိုးစောင့်ဥပဒေက ကွီးကျော်ကို အရေးယူဖို့ မတတ်နိုင်သေး။ )
မြန်မာတွေရဲ့ ဆယ်လီနတ်အဖေကြီး ကိုကြီးကျော်ရဲ့ ပခန်းကူနီနန်းပွဲတော်ကြီးကတော့ တပေါင်းလဆို စည်ကားပါတယ်။ အနယ်နယ်က ယုံကြည်သူတွေအပြည့်။ ပျော်ကြသူတွေအပြည့်။ ( ကြက်ကြော်နဲ့ အရက်က အလျှံပယ်။)
အကြောင်းသင့်ရင်တော့ ကိုကြီးကျော်ရဲ့ ကူနီနန်းမှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဂျော်နီလမ်းလျှောက်အပြာရောင်ပုလင်းလေးဖွင့်ရင်း ဆုံချင်ပါသေးတယ်။ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောကြတာပေါ့။ ရီဝေဝေလေး ဖြစ်လာရင် နတ်ဒိုးလေးနဲ့ ကကြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။
ကျန်းမာချမ်းသာကြပါစေ။
ချစ်တဲ့
မောင်လူပေ
( မှီငြမ်း ရေစကြိုသတင်းမီဒီယာ၊ ဒေါက်တာသက်လွင်)

အရှိအတိုင်း
အရှိကိုအရှိအတိုင်း
' သင်္ကြန်နှစ်ဦး တူးပို့တူးပို့ ' သင်္ကြန်သီချင်းများ ဖွင့်နေကြသည်။ နွေကလည်း ပူစွ။ မကြာခင် သင်္ကြန်ကျပြီပေါ့။
သင်္ကြန်တေးတွေ လွှမ်းနေတဲ့ လမ်းမပေါ်မှာ လမ်းလျှောက်လာနေသော မောင်လူပေလည်း အတွေးတွေကြွယ်မိသည်။
သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းလို့ အဓိပ္ပါယ်ရသတဲ့။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခြင်းပေါ့။ နှစ်ဟောင်းကနေ နှစ်သစ်ပြောင်းသလို သင်္ကြန်မှာမွေးခဲ့တဲ့မောင်လူပေလည်း လူဟောင်းကနေ လူသစ်ပြောင်းချင်းတာ။ လူဟောင်းကြီးကို ရာဝင်အိုးထဲမှာထားခဲ့ .. အဲလေ.. ရာဇဝင်ထဲမှာထားခဲ့ပြီး လူသစ်ပြောင်းလို့ရမယ်ဆို သိပ်ကောင်းမည်။
လူဟောင်းကြီးက ငါးထိပ်စီးမို့ အတော်ဟောင်းနွမ်းနေပြီ။ အော်ရဂျင်နယ်အန်းတိတ်ကြီးပေါ့။ နောက်ဆုံးပေါ်မော်ဒယ်လေးတွေလို မသွက်လက်တော့။ သံရည်ကျိုဖို့ သင့်နေပြီ။ ကားဟောင်းလို ပြန်အပ်ပြီး စလစ်ထုတ်လို့ရရင် ကောင်းမည်။ မော်ဒယ်ခပ်လတ်လတ်လေးနဲ့ လဲချင်သည်။
ဒီလိုဒီပုံတွေးမိတော့ အတော်စိတ်ပိန်ရ၏။ ငါးနဲ့နှစ်ကို ရှေ့နောက်ပြောင်းပြီး ၂၅ လောက်လုပ်လို့ရရင်ကောင်းမယ်။ ဘွဲ့ရကာစအရွယ်။ ကလပ်သွားဖို့ အကောင်းဆုံးအရွယ်။ ဘီယာဆိုင်မှာ ငြိမ့်ကောင်းမဲ့အရွယ်။ ကာရာအိုကေမှာ ဟဲလို့ကောင်းမဲ့အရွယ်။ အလုပ်အကိုင်ကောင်းများရှိရင် သမီးရှင်တွေ ဖြတ်ဖြတ်လူးမဲ့အရွယ်။ ရီးစားထားဖို့ အကောင်းဆုံးအရွယ်။ ဒီလိုအတွေးများစွာနဲ့ တယောက်ထဲ လမ်းလျှောက်နေတုန်း ကိုယ့်ရှေ့တည့်တည့်က လမ်းလျှောက်လာနေသူကို သတိထားမိ၏။ လား...လား။ သကြားမင်းယူနီဖေါင်း မဝတ်ထားတဲ့ သကြားမင်းကြီးဦးမာဃ ပါလား။ စတိုင်အပြည့်နဲ့။ နေကာမျက်မှန်ကြီးတတ်လို့။ မြင်နေကြ သကြားမင်း ယူနီဖေါင်းတော့မဟုတ်။
မနှစ်က သင်္ကြန်ပြီးလို့ ပြန်အတက်မှာ မောင်လူပေနဲ့တွေ့ခဲ့ဖူးတာကို အမှတ်တရ ရေးဖူးခဲ့၏။ ဒါကြောင့်လည်း သူ့ကိုမြင်မြင်ချင်းပဲ မှတ်မိသည်။
" ဦးမာဃ၊ ဦးမာဃ ဘယ်တုန်းက ရောက်နေတာလဲဗျ။"
"အလို.. မောင်လူပေ။ တွေ့မှတွေ့တတ်ပလေကွယ်။ အတော်ပဲ။ ကျုပ်လည်း မောင်ရင်လေးကိုတွေ့ချင်နေတာ။ တနေရာမှာ စကားပြောကြစို့။"
ဒီလိုနဲ့ နှစ်ယောက်သား အနီးဆုံး လမ်းဘေးလက်ဖက်ရည်ဆိုင်လေးမှာ ဝင်ထိုင်ဖြစ်သည်။
" လက်ရှိအသက်ကို ပြောင်းပြန်လုပ်ချင်နေတဲ့ မောင်လူပေ။ စိတ်ကူးတွေယဉ်နေတာ များတယ်မထင်ဘူးလားကွ။"
ဦးမာဃကြီးက လက်ဖက်ရည်ပေါ့ကျနှစ်ခွက်မှာပြီး လက်ဖက်ရည်ကြမ်းငှဲ့ပေးရင်း ပြောလိုက်၏။
သူက မောင်လူပေ့အတွေးတွေကိုပါ ကြိုသိနေပုံရသည်။ စီအိုင်ဒီကပုလိပ်တွေကို သူ့ဆီမှာ သင်တန်းတက်ခိုင်းသင့်တယ်လို့ တွေးမိသေးရဲ့။
" အေးဗျာ။ ဦးမာဃကြီးပြောရင်လည်း ခံရတော့မှာပဲ။ အခုတလော အတော်ချူချာနေလို့ စိတ်ဓါတ်ကြနေတာ။ ဒါကြောင့်လည်း ငါးနဲ့နှစ်နံပါတ်နှစ်လုံး ရှေ့နောက်ပြောင်းရင် ကောင်းမလား စဉ်းစားမိတာပါ။"
" ဒါ သဘာဝလေကွယ်။ မင်းတွေ့တဲ့အခု မာဃလည်း မနှစ်ကတွေ့ခဲ့တဲ့မာဃထက် တနှစ်အသက်ပိုကြီးသွားပါပြီ။ နေရမဲ့နှစ် တနှစ်တိုသွားပါပြီပေါ့ကွာ။ မင်းပြောသလို နံပါတ်တွေပြောင်းပြန်ရေးလည်း လူကတော့ မပြောင်းလည်းနိုင်တော့ပါဘူး။ အရှိကို အရှိအတိုင်း လက်ခံနိုင်ဖို့ပဲ လိုတာပါ။"
" ဟုတ်ကဲ့။ မဖြစ်နိုင်တာကို ဖြစ်န်ုင်မယ်ထင်ပြီးမတွေးတော့ပါဘူး။ ဦးမာဃကြီးပြောသလိုပဲ အရှိအတိုင်းမြင်နိုင်အောင်ကြိုးစားပါ့မယ်။ "
" အဲဒါအကောင်းဆုံးပဲကွ။ သီချင်းထဲကလိုပေါ့။ အရှိကိုအရှိတိုင်းသာ ဆင်ခြင်ပါ။ "
ကျွန်တော်တို့နှစ်ယောက် အားပါးတရ စကားတွေပြောနေကြတာ အသံကျယ်နေလို့လားမသိ။ ဘေးဝိုင်းတွေကလူတချို့က ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ ဒါကိုသတိထားမိဟန်တူတဲ့ ဦးမာဃကြီးက သတိပေးသည်။
" မင်းက ဦးမာဃ ဦးမာဃ နဲ့ခေါ်သံကြားလို့လားမသိဘူး။ ဘေးကလူတွေ ကြည့်နေကြတယ်။ တိုးတိုးပြော။ " တဲ့။
ကျွန်တော်လည်း ဒီတော့မှပဲ အသံနှိမ့်ပြီး ပြောရသည်။
" ဟုတ်ကဲ့။ ဆင်ချင်ပါ့မယ်။ ဒါနဲ့ ဦးမာဃကြီးက ဘယ်လိုလုပ်ပြီး သင်္ကြန်မတိုင်ခင် မြန်မာပြည်ထဲရောက်နေတာလဲ။ ပြီးတော့သကြားမင်း ဘူစီဖေါင်း အဲ.. ယူနီဖောင်းလည်း ဝတ်မထားဘူး။ "
" ဖြေးဖြေးမေးပါကွာ။ ဖြေပါ့မယ်။ မင်းတို့ဆီက မြန်မာအိုင်ဒေါဖိုင်နယ်နေ့ထဲကရောက်နေတာကွ။ "
" ဗျာ။ ဦးမာဃကြီးက အိုင်ဒေါလည်းသိတာပဲလား။"
" သိတာပေါ့ကွာ။ တို့ဆီမှာလည်း မြန်မာအိုင်ဒေါက နာမည်ကြီးပဲ။ တီဗီကအိုင်ဒေါပြမဲ့နေ့ဆို နတ်သဘင်အစည်းအဝေးတောင် ရက်ရွှေ့ပေးရတယ်။ နတ်သမီးနတ်သားတွေ မတက်ကြလို့။ နတ်သားတွေက အန်ကယ်ကြီးစတိုင်လိုက်ဝတ်ကြတာတောင် ခေတ်စားနေတယ်။"
သူပြောမှ သတိထားမိသည်။ ဦးမာဃကြီးဝတ်ထားတဲ့စတိုင်က အန်ကယ်ကြီးအလား။ နေမပူတဲ့အရိပ်ထဲထိ နေကာမျက်မှန်ကြီးလည်း မချွတ်။
" ဒါနဲ့ ဦးမာဃကိုယ်တိုင် အိုင်ဒေါဖိုင်နယ်ပွဲအမှီ ဆင်းလာခဲ့ရတယ် ဆိုပါတော့။"
" မင်းတို့မြန်မာအိုင်ဒေါက အတော်ဒုက္ခပေးသကွဲ့။ ရဲနောင်၊ဇင်ကြီး၊ ပိုးမီ၊ ဘီလီ၊ သားငယ် ဆိုပြီး နတ်သမီးနတ်သားတွေ ကွဲကြပြဲကြ။ တချို့ဆို ထသတ်ကြလို့ တရားရုံးတွေရောက်။ နောက်ဆုံးဖိုင်နယ်ပွဲအထိ သားငယ်၊ ဘီလီကွဲကြတုန်း။ ငါက ဘီလီ၊ ငါ့မိဘုရားကြီးသုစိတ္တာက သားငယ်၊ အဲ့ဒီလိုတွေဖြစ်ကြတာ။ အမ်ပီတီကငွေဖြည့်ကပ်တွေနဲ့ မဲတွေပေးလိုက်ရလို့ ငါ့ဘဏ္ဍာတိုက်တောင် အတော်ထိသွားတယ်။ နောက်ဆုံး ဝင်းနား(winner) ကတော့ အမ်ပီတီပေါ့ကွာ။ သူ့အိပ်ထဲကို ငွေတွေ လှိမ့်ဝင်သွားတာပေါ့။ "
" ဦးမာဃတို့ဆီရော အမ်ပီတီက သက်ရောက်လား။"
" တို့ဆီတော့ အမ်ပီတီမရှိဘူးပေါ့ကွာ။ တို့ဆီမှာတော့ တီတီကွန်းတဲ့။ တာဝတိံသာ တယ်လီ ကွန်မြူနကေးရှင်း ( Tarwayainthar Telecommunications) ကိုသုံးတာ။ အင်တာနက်လိုင်းကလည်း အရမ်းမြန်။ ဖုန်းလိုင်းတွေက ဖိုက်ဂျီ(5G LTE) ။ ခက်တာက မြန်မာအိုင်ဒိုကိုမဲပေးဖို့ အမ်ပီတီဖုန်းနဲ့ပဲ လက်ခံတာမို့ အမ်ပီတီကို လုပ်ကျွေးလိုက်ရတာ။"
" ဒါဆို ဦးမာဃကြီးက ဘီလီကို လာအားပေးတာပေါ့။"
" အေးပေါ့ကွာ။ vacation လေးယူပြီး ကြိုဆင်းလာတာ။ မြန်မာအိုင်ဒေါလည်း ကြည့်ချင်တာပါတယ်။ မင်းတို့ဆီက ကွီးတွေနဲ့အပြိုင် ငါလည်း ဘီလီကို vote လုပ်တာပါပဲ။ ဒါပေမဲ့ ငါ့မဟေသီလေးပါးလုံးက သားငယ်မှသားငယ်ဖြစ်ကြလေတော့ တို့ကွီးတွေက မဲအရေအတွက်နည်းပြီး ဘီလီလေးရှုံးရရှာတာ။"
သူပြောမှသတိရသွားသည်။ ဦးမာဃကြီးမှာ တရားဝင်ဇနီးလေးယောက်နဲ့။ သုစိတ္တာ၊ သုနန္ဒာ၊ သုမာလာ၊ သုဇိတာ ဆိုလား။ ညီမအရင်းတွေ။ ဒီကြားထဲမှာ နတ်သားတွေအဝေမတည့်လို့ သူ့အတွက်ဆိုပြီးသိမ်းလိုက်တာတွေ၊ မာနတ်ကြီးသမီးကို ခိုးပြေးတာတွေ မပါသေး။ အတော်များတဲ့မယားတွေ သူ့မှာရှိသည်။
" အဲဒါ ဦးမာဃကြီး မိန်းမအများကြီးယူလို့ ဖြစ်ရတာ။ ဘီလီလေး ရှုံးရတာ။ "
" ငါ့ကြောင့်ပဲ ဘယ်ကမလဲ။ တို့ဆီက မောင်တွေက နတ်သားတစ်ယောက်ကို နတ်သမီးတစ်ဖက်ငါးရာနဲ့ နှစ်ဖက်တစ်ထောင် အနည်းဆုံးယူထားတဲ့ မောင်တွေမို့ ယောက်ျားတစ်မဲပဲ ဘီလီရပြီး ကျန်တဲ့ သူ့မိန်းမတွေ မဲတစ်ထောင်က သားငယ်ရသွားတာပဲကွာ။ "
ဒါကြောင့်ဖြစ်မည်။ သားငယ်တယောက် bottom three ခုံတွေမှာထိုင်ခဲ့ရတာ မရှိခဲ့။ တာဝတိံသာက နတ်သမီးတွေလက်ချက်ပင် ဖြစ်ရမည်။ ကွီးတွေဘယ်လောက်ပဲ ဘီလီကိုမဲပေးပေး သားငယ်ကိုအားပေးကြတဲ့ နတ်သမီးမဲတွေကို ကျော်လွှားနိုင်ဖို့ လမ်းမရှိ။ ဒါဟာ မြန်မာပြည်က အဘတွေလုပ်ခဲ့သလို မျိုးစောင့်ဥပဒေဆိုတာ တာဝတိံသာမှာ မရှိလို့ ဖြစ်ရတာ ဖြစ်မည်။
" ဒါဆိုရင် ဦးမာဃတို့ဆီလည်း ဒီမှာလို မျိုးစောင့်ဥပဒေလိုနေပြီ။"
" မလုပ်ပါနဲ့ကွာ။ ငါကိုယ်တိုင် ထောင်ထဲသွားနေရပါဦးမယ်။ တစ်ယောက်ပိုယူမိတိုင်းခုနှစ်နှစ်နှုန်းနဲ့သာဆိုရင် နှစ်ဆယ့်ရှစ်နှစ်တောင် ထောင်ကျမဲ့ကိန်းပဲ။ ဒါတောင် တရားဝင်တွေလေးယောက်ပဲတွက်ထားတာ။ တရားမဝင်စမောတွေမပါသေးဘူး။ တခြားနတ်သားတွေလည်း နှစ်ခုနှစ်ထောင်ကျော် ထောင်ထဲထည့်ထားရမဲ့သဘောဖြစ်နေတယ်။ ဒီအတိုင်းပဲရှိပါစေတော့။ နတ်သားတွေထောင်ကျနေရင် သာဝတိံသာကုန်ထုတ်စွမ်းအားထိခိုက်မယ်။ နတ်သားတယောက် ထောင်ကျတိုင်း ကျန်ခဲ့တဲ့ မိန်းမ တစ်ထောင်ကို တာဝတိံသာအစိုးရက တာဝန်ယူရရင်လည်း ငါ့အစိုးရ ဒေဝါလီခံရလိမ့်မယ်။ သူတို့အချင်းချင်း ကြေနပ်ရင် ပြီးတာပဲလို့ သဘောထားလိုက်။ ယုံထောင်ကြောင်မိတွေ ဖြစ်ကုန်မှာ။ "
" ဦးမာဃကြီးပြောတော့လည်း ဟုတ်သလိုလိုပဲ။ အရှိအတိုင်းပဲထားလိုက်ကြရတော့မှာပေါ့။"
" အေးလေ။ တာဝတိံသာကို အရှိအတိုင်းသာထားဖို့ပြောတာပါ။ ဒီမြန်မာပြည်ရောက်ရင်တော့ ငါလည်း မိန်းမများကြောင်း လူသိမခံရဲပါဘူး။ ဒါကြောင့် နှစ်တိုင်း ဘယ်မိန်းမမှမပါပဲ ဆင်းလာတာပေါ့။ မျိုးစောင့်ဥပဒေနဲ့ငြိတယ်ဆိုပြီး အချုပ်ထဲရောက်သွားရင် သင်္ကြန်အတက်မှာ တာဝတိံသာကို မပြန်တက်နိုင် ဖြစ်သွားနိုင်တယ်။"
" ဒါကြောင့် လူမသိအောင် ယူနီဖေါင်းမဝတ်ပဲ မာဖီနဲ့ အပီကဲလာတာပေါ့။ "
" မဟုတ်ပါဘူးကွာ။ ငါက သင်္ကြန်ရောက်မှ လူဆိုးတွေကို အိုင်ပက်အသစ်ကြီးနဲ့ နာမည်မှတ်တဲ့ဂျူတီကျမှာလေ။ ယူနီဖေါင်းက အဲဒီကြမှ ဝတ်ရမှာ။ အခုက vacation ခွင့်နဲ့နားနေတဲ့အချိန်။ ယူနီဖေါင်းကြီးတကားကား ဝတ်ထားဖို့မလိုဘူး။ ဒါကြောင့် တာဝတိံသာမှာ ခေတ်စားတဲ့ အန်ကယ်ကြီးစတိုင် ယူထားတာ။ မောင်ကျော်ထက်အောင်။ ကြိုက်လား။ "
" ကြိုက်ပါတယ်အန်ကယ်။ အန်ကယ်နဲ့ထပ်တူပါပဲ။ "
ဟဲဟဲဟဲ..... မင်းလည်း ငါ့လိုပဲ နောက်တတ်လာပြီ။ "
အန်ကယ်ကြီး၏ သိန်းတထောင်ဖက်ရှင်ကား သာဝတိံသာဘုံဖျားထိ ခေတ်စားလေစွတကား။ သကြားမင်းကြီးဦးမာဃတောင် လိုက်ဝတ်နေပြီဆိုတော့ တာဝတိံသာမှာဆို ပြောဖွယ်မရှိ။ အချစ်ဆုံးတေးချစ်သူကြီးတွေများတဲ့ ဦးမာဃကြီးအတွက် အန်ကယ်ကြီးဖက်ရှင်တွေ ထောင်ချီရှိပေလိမ့်မည်။ အရှိကို အရှိအတိုင်း တွေးမိခြင်းဖြစ်၏။
မောင်လူပေကား ညံ့ပေစွ။ အရှေ့ အနောက်တောင်မြောက် အရပ်လေးမျက်နှာက ပြေးကြည့်လျှင်လည်း မဒီကညာ ခေါ်စရာ အချစ်ဆုံးတေးချစ်သူဆိုလို့ မဒန်ပေတယောက်သာ ရှိသည်။မဒန်လေတို့ မဒန်ဝေတို့ မရှိခဲ့ရ။ အရှိကိုအရှိအတိုင်း ဝေဖန်ရလျှင် နှောင်းခဲ့ပြီပေ.. ဟုတ်ပေါင် နှောင်းခဲ့ပြီမောင်လူပေ..။
နောင်ဘဝမှာ ဦးမာဃကြီးလို မိန်းမအများကြီးရအောင် ခုထဲက ကုသိုလ်တွေပြုမှ။ သူကတော့ မာဃလုလင်ဘဝမှာ အတော်ကောင်းမှုတွေ ပြုခဲ့သတဲ့။ ဒါဆို မာဃလုလင်လောင်းတွေဖြစ်တဲ့ ကိုချိုဦး၊ ကိုစိန်၊ ကိုဂျေစင်၊ ကိုမျိုးလွင်၊ ကိုအေးချို တို့ထံမှာ တပည့်ခံရမည်။ ဒါမှ သူတို့တွေ ဦးမာဃနဲ့ နေရာလဲကြရင် ဦးမာဃရဲ့ ကားဆရာမာတလိအဆင့်လောက်တော့ဖြစ်ကောင်း၏။ တာဝတိံသာက နတ်ယဉ်ပျံတွေက မာစီးဒီးတွေထက်တောင် မောင်းလို့ကောင်းမှာ သေချာသည်။ ဒရိုင်ဘာမာတလိလောက်ပဲ မှန်းတာမို့ ဖြစ်နိုင်ကောင်းရဲ့။ သကြားမင်းလောင်းကိုချိုဦးတို့လို နတ်သမီးတစ်ထောင်မရှိရင်တောင် တစ်ရာလောက်တော့ ရကောင်းပါရဲ့။
အဲဒီအချိန်မှာဖြစ်မဲ့ ဦးမာဃလက်သစ်ကိုတော့ တာဝတိံသာမှ နတ်သမီးများ မြန်မာအိုင်ဒေါ မဲပေးခွင့်မရှိစေရဟု အမိန့်သစ် ထုတ်ပြန်ခိုင်းရမည်။ ဒါမှလည်း နောက်ပေါ်လာမဲ့ ဘီလီလေးတွေ ဆေ့ဖ် ( safe ) ဖြစ်မှာပေါ့။ နတ်ကွီးတွေကတော့ မဲပေးလိုက ပေးစေ။ အကြောင်းမဟုတ်။ ဒီကိစ္စကိုလည်း အရှိကိုအရှိအတိုင်း ထား၍မဖြစ်။
နတ်သက်ရှည်လှသော ဦးမာဃကလည်း ဘယ်သောအခါရောက်မှ သကြားမင်းရာထူးကို စွန့်မည်မသိရ။ နောက်ကတက်ဖို့စောင့်နေတဲ့ ကိုချိဦးတို့တတွေ နှစ်ပေါင်းအသင်္ချေ စောင့်ရကိန်းရှိ၏။ မောင်လူပေလည်း မာတလိဖြစ်ရန် မသေချာတော့။ ဒါကိုတော့ အရှိကိုအရှိအတိုင်း ထားလို့မရ။ သကြားမင်းသက်တမ်းကို ကန့်သတ်ရမည်။ သက်တမ်းတစ်ကြိမ်ငါးနှစ်စီဖြင့် သက်တမ်းနှစ်ကြိမ်သာ သကြားမင်းလုပ်ခွင့်ရှိသည်ဟူပြီး သာဝတိံသာဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်စေရမည်။ တာဝတိံသာမှာ တမတ်သားမရှိတာမို့ အခြေခံဥပဒေပြင်မဲ့ကိစ္စက မြန်မာပြည်လောက်တော့ ခက်မည်မထင်။ သကြားမင်းအငြိမ်းစားကို မြန်မာပြည်က တပ်ချုပ်ငြိမ်းကြီးလို တစ်လသိန်းတစ်ထောင်ကျော် ပင်စင်လခပေးပြီး နန်းတော်လိုအိမ်ကြီးဆောက်ပေးလိုက်လျှင် သဘောတူမည် ထင်ရ၏။
" နတ်သမီးတွေ မြန်မာအိုင်ဒေါ မဲပေးခွင့် ပိတ်ပင်ရေး.... တို့အရေး။"
" တာဝတိံသာတွင် မျိုးစောင့်ဥပဒေ မပြဌာန်းရေး..........တို့အရေး။"
" ဦးမာဃ၏ တာဝန်သက်တန်းကို ကန်ုသတ်ရေး.........တို့အရေး။"
တာဝတိံသာရောက်လျှင် လုပ်ဆောင်ရန် တို့တာဝန် အရေးသုံးပါး... သုံးပါး.......။
" ဘာတွေသုံးပါးနေတာလဲ ကလူပေ။ ထထ။ ဧည့်ခန်းထဲမှာ ငုတ်တုတ်အိပ်နေရင်း ဘာတွေ ယောင်နေတာလဲ။ "
မြန်မာအိုင်ဒေါမှာ ကိုယ်အားပေးတဲ့ ဘီလီလေး မနိုင်ပဲ ရှုံးသွားရတာကို အားမလိုအားမရဖြစ်ပြီး အိပ်ပျော်နေသော မောင်လူပေကား မဒန်ပေနှိုးမှပဲ နိုးလေတော့၏။ ဒီတော့မှပဲ အရှိကို အရှိအတိုင်း ဆင်ခြင်မိသည်။ ဦးမာဃကို အားကြလို့ မဖြစ်သေး။ မဒန်ပေ ဒေါသအိုးကွဲပြီး ဟိုတိုင်ဒီတောလုပ်လျှင် အချုပ်ထဲရောက်သွားသူက မာမူမဟုတ်ပဲ ထောင်ကဲပေ ဖြစ်သွားကာ မရှိမဲ့ရှိမဲ့ သိက္ခာလေးတွေကျ၊ မဟာအရှက်တော် ဖျန်းဖျန်းကွဲသွားနိုင်သည် မဟုတ်လား။ ဒီတော့လည်း အရှက်ပြေလေး မဒန်ပေကို ပြန်ပြောရသည်။
" ဘာမှမဟုတ်ပါဘူးကွာ။ ငါ့မွေးနေ့ရောက်ရင် ဘုန်းကြီးသုံးပါးလောက် ဆွမ်းကပ်ရင်ကောင်းမလား စဉ်းစားမိလို့ပါ။ "
တော်ပါသေးရဲ့။ ဘုန်းကြီးသုံးပါးကယ်ပေလို့။
အရှိကို အရှိအတိုင်းဆင်ခြင်ပြီး နေကြစို့လား။ ကွီးအပေါင်းတို့ခင်ဗျား။
ကျန်းမာချမ်းသာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
(အိုင်ဒေါမှာ ဘီလီရှုံးရခြင်းကိစ္စ။)

မြန်မာ့ရုပ်သေး ဆိုင်းနဲ့အငြိမ့်သဘင်
မြန်မာ့အနုသုခမပညာတွေထဲမှာ ဘသင်ပညာဟာ အလွန်ခက်ခဲတဲ့ပညာတခုပါ။
ဒီမြန်မာ့သဘင်ရဲ့ အစပထမက မြန်မာ့ရုပ်သေးပါတဲ့။မြန်မာ့ရုပ်သေးကလည်း ကမ္ဘာမှာရှိပြီးဖြစ်တဲ့ ရုပ်သေးအမျိုးအစားတွေနဲ့ တဘာသာခြားနားလှတဲ့ အဆင့်မြင့် ရုပ်သေးအမျိုးအစားတစ်ခုပါပဲ။
မြန်မာ့ ရုပ်သေးစင်တော်ကြီးတွေကို မြန်မာပြည်သူတွေ အလွန်နှစ်ချိုက်ခဲ့တယ်။ နန်းတွင်းမှာကပြအသုံးတော်ခံရတဲ့ ရုပ်သေးစင်တွေကို စင်တော်ကြီးလို့ခေါ်ပြီး အရပ်ထဲက ရုပ်သေးစင်တွေကိုတော့ စင်တော်လေးလို့ ခေါ်ကြတယ်။
ဘုရင်နဲ့မိဘုရားတွေက ရုပ်သေးဇာတ်တွေကို အလွန်ကြိုက်နှစ်သက်ရင် နန်းတွင်းစင်တော်မဟာအတွက် ဆုတွေလာဒ်တွေ ပေးသနားတော်မူတာကြောင့် စင်တော်ကြီးကြိုးဆွဲတွေဟာ ဖဲတွေပိုးတွေစတဲ့ တပတ်နွမ်း နန်းတွင်းအသုံးအဆောင်တွေ ဝတ်ဆင်ခွင့် ရတယ်။ အရှင်နှစ်ပါးကနေ ချီးမြှင့်တော်မူတဲ့ ဘွဲ့တော်မင်္ဂလာနဲ့ ရွာစားတော်အဖြစ် ဂုဏ်တင့်ခဲ့တယ်။နန်းတွင်း ရုပ်သေးဆရာ၊ ဆိုင်းဆရာတွေကို ဒီလိုရွာစားဘွဲ့တွေ ပေးခဲ့တဲ့အလေ့အထကြောင့် ယနေ့ခေတ်အထိ ဆိုင်းဆရာတွေကို ရွာစားကျော် ဘယ်သူ ရယ်လို့ ဆက်လက်အသုံးပြုခေါ်ဝေါ်ကြဆဲဖြစ်ပါတယ်။
နန်းတွင်းစင်တော်ကြီးတွေမှာ ယိုးဒယားအီနောင်ဇာတ်တို့ ရာမယဏဇာတ်တော်ကြီးတို့ကို ရက်ပေါင်းများစွာခွဲပြီး ကပြခဲ့ကြတယ်လို့ဆိုတယ်။
ရုပ်သေးစင်တော်ရဲ့ကြိုးဆွဲတွေအားလုံးကလည်း အမျိုးသားများပါ။ အမျိုးသမီတွေ စင်ပေါ်တက်ခွင့်မရှိလို့ အမျိုးသား မင်းသမီးကြိုးဆွဲကပဲ မင်းသမီးလို ဆိုပြငိုပြရတယ်။ လွမ်းပြရတယ်။ မင်းသမီးကြိုးဆွဲသူရဲ့ အဆိုအပြောတွေက ကောင်းလွန်းလို့ အမျိုးသမီးအစစ်က ဆိုငိုနေတယ်လို့ ခံစားကြရပါသတဲ့။
ရုပ်သေးရုပ်တွေမတူသလို အရုပ်တွေရဲ့လှုပ်ရှားမှုတွေလိုအပ်သလို တပ်ဆင်ထားတဲ့ကြိုးအရေအတွက်ကလည်း မတူပါ။ မင်းသား၊ မင်းသမီးအရုပ်တွေက လှုပ်ရှားမှုများတာမို့ ကြိုးအများဆုံးပါဝင်တယ်။ ဒါပေမဲ့ ကြိုးပါဝင်မှုနည်းပြီး ခုန်ပြန်လှုပ်ရှားပြရတဲ့ ဇော်ဂျီရုပ်က ရုပ်သေးကြိုးဆွဲတွေအတွက် အခက်ဆုံးလို့ဆိုတယ်။ ဒါကြောင့် ဇော်ဂျီရုပ်ကို ရုပ်သေးကြိုးဆွဲတွေထဲမှာ အတော်ဆုံးလူကပဲ ဆွဲခွင့်ရှိပါသတဲ့။ ဇော်ဆွဲဆရာဟာ ခေါင်းဆောင်အဆင့်ပေါ့။
ရုပ်သေးအရုပ်ပေါင်းကလည်း စင်တစ်ခုအတွက် သုံးဆယ်ကျော်လိုပါတယ်။ ဒီအရုပ်တွေကို ယမနေသားနဲ့ ကိုယ်တိုင်ခုတ်ပြီး ဖန်တည်းကြတာပါ။ လက်ခြေ ခေါင်း ခါး အဆစ်တိုင်းကို ကြိုးတွေနဲ့ဆက်ရတယ်။ ဆေးချယ်ရတယ်။ အဝတ်အစားအပြည့်ဆင်ပေးရတယ်။ ဒါကြောင့်လည်း ကြိုးဆွဲတိုင်းက ရုပ်သေးရုပ်တွေကို အရုပ်တွေလို့မမြင်တော့ပဲ သူတို့ရဲ့သားသမီးတွေလို သဘောထားကြတယ်။
ရုပ်သေးစင်တစ်စင်အတွက် လိုအပ်တဲ့အရုပ်တွေကတော့ ရုပ်သေးပွဲရဲ့သမားစဉ်အတိုင်း ကမ္ဘာတည်ခန်းက စမြဲမို့ ကမ္ဘာတည်စဉ်က ပါဝင်ခဲ့သော တောကောင်တွေဖြစ်တဲ့ မျောက် ကျား ဆင် ငှက် စတဲ့ အရုပ်တွေ၊ ရှင်ဘုရင်၊ မိဘုရား၊ မင်းညီမင်းသား၊ မင်းသမီး၊ မူးကြီး မတ်ကြီး၊ အပျိုတော်၊ ရံရွေတော် စတဲ့အရုပ်တွေအပြင် သကြားမင်း၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ နဂါး၊ ဂဠုန် စတဲ့ ရာဇဝင်ထဲက အရုပ်တွေလည်း ပါဝင်ပါတယ်။ ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက ဇာတ်လမ်းတွေကို သာမန်ပြည်သူတွေက အကြိုက်ဆုံးပါတဲ့။
အမြင့်သဘင်လို့ ခေါ်တဲ့ ဒီရုပ်သေးပွဲတွေ အမြို့မြို့မှာ ချိမ့်ချိမ့်သဲ ကပြ အသုံးတော်ခံပြီးနောက် ရတနာပုံခေတ်မှာ မြေဝိုင်းဇာတ်သဘင် စတင်ပေါ်ပေါက်လာခဲ့တယ်။ စင်ပေါ်မှာအမျိုးသမီးမတက်ကောင်းဘူးဆိုတဲ့ ရှေးအယူအဆကြောင့် မြေကြီးပေါ်မှာ စတင်ကပြခဲ့ဟန် တူပါတယ်။ဒါကြောင့်လည်း အဲဒီခေတ်က အနိမ့်သဘင်လို့ ခေါ်ခဲ့ကြတယ်။ ဦးချစ်ဖွယ်နဲ့ဒေါ်စိန်သုန်တို့ စတင်ခဲ့တဲ့ မြန်မာ့အနိမ့်သဘင်ဟာ ယနေ့ မြန်မာ့ဇာတ်သဘင်ရဲ့ အစပထမပါပဲ။
မြေဝိုင်းဇာတ်သဘင်ကနေ စင်ပေါ်တက်ပြီးကပြကြတဲ့ခေတ်အထိ မြန်မာ့သဘင်ပညာဟာ အဆင့်ဆင့်ပြောင်းလည်းတိုးတက်ခဲ့တယ်။ မင်းသမီးဦးဆောင်ရင် အငြိမ့်သဘင်၊ မင်းသားဦးဆောင်ရင် ဇာတ်သဘင် နဲ့ ဖြစ်တည်လာတယ်။ အငြိမ့်တွေထဲမှာ ရနောင်မောင်မောင်တုတ်က ဆင်နဲ့ခိုးရလို့ ဆင်ခိုးမလေးနာမည်ရခဲ့တဲ့ ယင်းတော်မလေး၊ လေပါတီမြရင်၊ ယူနီဗာစတီမြသန်းကြည်၊ ဒေါ်သြဘာသောင်း၊ ဂီတမယ်လှကလေးစိန်တို့ခေတ်ကနေ ဝင်းဝင်းအေးရဲ့ ဆောင်းအငြိမ့်ခေတ်ထိ ပြည်သူတွေတခဲနက်အားပေးခဲ့တယ်။မန်းလေးမှာဆို အငြိမ့်တန်း ဆိုင်းတန်းမှာ အငြိမ့်အဖွဲ့တွေ ငါးဆယ်ကျော်ထိ ရှိခဲ့တယ်။
ဇာတ်သဘင်ရွှေခေတ်ကိုပြပါဆိုရင်တော့ ဂရိတ်ဦးဖိုးစိန်ရဲ့စိန်မဟာသဘင်ခေတ်ပါလို့ ဆိုတယ်။ ဦးဖိုးစိန်ရဲ့ ဇာတ်က ကိုယ်ပိုင်မီးသဘောင်္၊ ကိုယ်ပိုင်ရွက်ဖျင်ရုံတွေပိုင်တဲ့အပြင် အနောက်တိုင်းက အင်္ဂလိပ်လူမျိုးမင်းသမီးတွေပါ ငှားပြီး ပါဝင်ကပြစေနိုင်တဲ့အထိ အောင်မြင်ခဲ့ပါသတဲ့။ တီထွင်ဖန်တည်းမှုအားလည်း အလွန်ကောင်းဆိုပဲ။ ဒါကြောင့် ပထမမြန်မာဒါရိုက်တာကြီးဖြစ်တဲ့လန်ဒန်အပ်ဦးအုန်းမောင်က ဖိုးစိန်ဇာတ်ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ရုပ်ရှင်ကြောင့် ဇာတ်ပွဲကိုလူမလာမှာစိုးတဲ့ ဂရိတ်ဖိုးစိန်က လက်မခံခဲ့ဘူးလို့ သိရတယ်။ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဇာတ်သဘင်ကြီးမို့လည်း ဇာတ်ဆရာ ဦးဖိုးစိန်ကို ဂရိတ်ဖိုးစိန်လို့ ဘွဲ့တတ်ခေါ်ကြတာပါ။
ဂရိတ်ဦးဖိုးစိန်၊ ရွှေမန်းဦးတင်မောင်၊ ဦးစိန်ကတုံး၊ မင်္ဂလာဦးအောင်မောင်း၊ ဦးစိန်အောင်မင်း၊ ဦးရွှေနန်းတင် စတဲ့ ဇာတ်သဘင်ပညာရှင်ကြီးတွေရဲ့ သားသမီးမြေးမြစ်တွေကလည်း ယနေ့အချိန်အထိ မြန်မာ့သဘင်ကို မတိမ်ကောသွားအောင် လက်ဆင့်ကမ်း သယ်ဆောင်နေပါတယ်။ ခေတ်စနစ်တွေပြောင်းလာပြီမို့ မူလအတိုင်းမဟုတ်တော့ပေမဲ့ အရိုးပေါ်အရွက်မဖုံးရအောင် ကျိုးစားနေကြတယ်။ ဒါပေမဲ့ ပရိတ်သတ်ရဲ့ အားပေးမှုနည်းလာတဲ့အတွက် အရင်က ထိပ်တန်းစာရင်းဝင်ဇာတ်ကြီး ဆယ့်လေးငါးဇာတ်ရှိပေမဲ့ ယခုတော့ လေးငါးဇာတ်လောက်ပဲ ရှိပါတော့တယ်လို့ သိရတယ်။ ဖိုးချစ်၊ စွမ်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း စတဲ့ မျိုးဆ
က်သစ်ကလေးတွေရဲ့ မြန်မာ့ဇာတ်သဘင်ရှေ့ရေးက ရင်လေးစရာ။
မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့အငြိမ့်သဘင်ပညာရှင် ၁၃ ဦးပါဝင်တဲ့အဖွဲ့တစ်ခု မကြာခင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိပါတော့မယ်။ ဟာဝါယီကျွန်းမှာ ယဉ်ကျေးမှုပွဲတင်ဆက်ခဲ့တဲ့ဒီအဖွဲ့က အခကြေးငွေကိုအဓိက မထားပဲ အမေရိကန်ရောက်မြန်မာတွေအတွက် မြန်မာ့အနုသုခုမသဘင်ပညာ၊ ရုပ်သေးပညာတို့ကို ကပြဖျော်ဖြေပေးကြပါလိမ့်မယ်။ အရုပ်ကတာ လူနဲ့တူရမယ်၊ လူကတာ အရုပ်နဲ့တူရမယ်၊ အရုပ်နဲ့လူ အတူကပြ အသုံးတော်ခံကြမယ်။
မောင်လူပေနေထိုင်တဲ့ San Francisco Bay Area တဝိုက်က မြန်မာများအတွက် ဧပြီလ (၁၅)ရက် စနေနေ့ညနေ Newark မြို့ Swiss Park ခန်းမမှာ မြန်မာ့ရုပ်သေးနဲ့ ဇာတ်သဘင်ပညာရှင်တွေ ကပြဖျော်ဖြေကြမယ်လို့ သိရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါရဲ့။ မြန်မာတို့အတွက် ငတ်မွတ်နေတဲ့မြန်မာ့ရုပ်သေး မြန်မာ့ဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင်ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ပေးကြတဲ့ မြန်မာကွန်မြူနတီက ဦးဆောင်သူတွေဖြစ်တဲ့ ကိုချိုဦး၊ ကိုနန္ဒ၊ မဥမ္မာတို့အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဝင်ကြေးအခမဲ့နဲ့ ကျင်းပပေးမဲ့ တစ်သက်တစ်ခါကြည့်ရခဲလှတဲ့ ' မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင် ကပွဲ' ကြီးကို မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးကြတဲ့ ဆန်ဖရန်တဝိုက်မှာနေထိုင်ကြသူမြန်မာတိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြွရောက်အားပေးချီးမြှင့်ကြပါလို့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ဖိတ်ကြားအပ်ပါတ်ာခင်ဗျား။
ဒီမြန်မာ့သဘင်ရဲ့ အစပထမက မြန်မာ့ရုပ်သေးပါတဲ့။မြန်မာ့ရုပ်သေးကလည်း ကမ္ဘာမှာရှိပြီးဖြစ်တဲ့ ရုပ်သေးအမျိုးအစားတွေနဲ့ တဘာသာခြားနားလှတဲ့ အဆင့်မြင့် ရုပ်သေးအမျိုးအစားတစ်ခုပါပဲ။
မြန်မာ့ ရုပ်သေးစင်တော်ကြီးတွေကို မြန်မာပြည်သူတွေ အလွန်နှစ်ချိုက်ခဲ့တယ်။ နန်းတွင်းမှာကပြအသုံးတော်ခံရတဲ့ ရုပ်သေးစင်တွေကို စင်တော်ကြီးလို့ခေါ်ပြီး အရပ်ထဲက ရုပ်သေးစင်တွေကိုတော့ စင်တော်လေးလို့ ခေါ်ကြတယ်။
ဘုရင်နဲ့မိဘုရားတွေက ရုပ်သေးဇာတ်တွေကို အလွန်ကြိုက်နှစ်သက်ရင် နန်းတွင်းစင်တော်မဟာအတွက် ဆုတွေလာဒ်တွေ ပေးသနားတော်မူတာကြောင့် စင်တော်ကြီးကြိုးဆွဲတွေဟာ ဖဲတွေပိုးတွေစတဲ့ တပတ်နွမ်း နန်းတွင်းအသုံးအဆောင်တွေ ဝတ်ဆင်ခွင့် ရတယ်။ အရှင်နှစ်ပါးကနေ ချီးမြှင့်တော်မူတဲ့ ဘွဲ့တော်မင်္ဂလာနဲ့ ရွာစားတော်အဖြစ် ဂုဏ်တင့်ခဲ့တယ်။နန်းတွင်း ရုပ်သေးဆရာ၊ ဆိုင်းဆရာတွေကို ဒီလိုရွာစားဘွဲ့တွေ ပေးခဲ့တဲ့အလေ့အထကြောင့် ယနေ့ခေတ်အထိ ဆိုင်းဆရာတွေကို ရွာစားကျော် ဘယ်သူ ရယ်လို့ ဆက်လက်အသုံးပြုခေါ်ဝေါ်ကြဆဲဖြစ်ပါတယ်။
နန်းတွင်းစင်တော်ကြီးတွေမှာ ယိုးဒယားအီနောင်ဇာတ်တို့ ရာမယဏဇာတ်တော်ကြီးတို့ကို ရက်ပေါင်းများစွာခွဲပြီး ကပြခဲ့ကြတယ်လို့ဆိုတယ်။
ရုပ်သေးစင်တော်ရဲ့ကြိုးဆွဲတွေအားလုံးကလည်း အမျိုးသားများပါ။ အမျိုးသမီတွေ စင်ပေါ်တက်ခွင့်မရှိလို့ အမျိုးသား မင်းသမီးကြိုးဆွဲကပဲ မင်းသမီးလို ဆိုပြငိုပြရတယ်။ လွမ်းပြရတယ်။ မင်းသမီးကြိုးဆွဲသူရဲ့ အဆိုအပြောတွေက ကောင်းလွန်းလို့ အမျိုးသမီးအစစ်က ဆိုငိုနေတယ်လို့ ခံစားကြရပါသတဲ့။
ရုပ်သေးရုပ်တွေမတူသလို အရုပ်တွေရဲ့လှုပ်ရှားမှုတွေလိုအပ်သလို တပ်ဆင်ထားတဲ့ကြိုးအရေအတွက်ကလည်း မတူပါ။ မင်းသား၊ မင်းသမီးအရုပ်တွေက လှုပ်ရှားမှုများတာမို့ ကြိုးအများဆုံးပါဝင်တယ်။ ဒါပေမဲ့ ကြိုးပါဝင်မှုနည်းပြီး ခုန်ပြန်လှုပ်ရှားပြရတဲ့ ဇော်ဂျီရုပ်က ရုပ်သေးကြိုးဆွဲတွေအတွက် အခက်ဆုံးလို့ဆိုတယ်။ ဒါကြောင့် ဇော်ဂျီရုပ်ကို ရုပ်သေးကြိုးဆွဲတွေထဲမှာ အတော်ဆုံးလူကပဲ ဆွဲခွင့်ရှိပါသတဲ့။ ဇော်ဆွဲဆရာဟာ ခေါင်းဆောင်အဆင့်ပေါ့။
ရုပ်သေးအရုပ်ပေါင်းကလည်း စင်တစ်ခုအတွက် သုံးဆယ်ကျော်လိုပါတယ်။ ဒီအရုပ်တွေကို ယမနေသားနဲ့ ကိုယ်တိုင်ခုတ်ပြီး ဖန်တည်းကြတာပါ။ လက်ခြေ ခေါင်း ခါး အဆစ်တိုင်းကို ကြိုးတွေနဲ့ဆက်ရတယ်။ ဆေးချယ်ရတယ်။ အဝတ်အစားအပြည့်ဆင်ပေးရတယ်။ ဒါကြောင့်လည်း ကြိုးဆွဲတိုင်းက ရုပ်သေးရုပ်တွေကို အရုပ်တွေလို့မမြင်တော့ပဲ သူတို့ရဲ့သားသမီးတွေလို သဘောထားကြတယ်။
ရုပ်သေးစင်တစ်စင်အတွက် လိုအပ်တဲ့အရုပ်တွေကတော့ ရုပ်သေးပွဲရဲ့သမားစဉ်အတိုင်း ကမ္ဘာတည်ခန်းက စမြဲမို့ ကမ္ဘာတည်စဉ်က ပါဝင်ခဲ့သော တောကောင်တွေဖြစ်တဲ့ မျောက် ကျား ဆင် ငှက် စတဲ့ အရုပ်တွေ၊ ရှင်ဘုရင်၊ မိဘုရား၊ မင်းညီမင်းသား၊ မင်းသမီး၊ မူးကြီး မတ်ကြီး၊ အပျိုတော်၊ ရံရွေတော် စတဲ့အရုပ်တွေအပြင် သကြားမင်း၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ နဂါး၊ ဂဠုန် စတဲ့ ရာဇဝင်ထဲက အရုပ်တွေလည်း ပါဝင်ပါတယ်။ ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက ဇာတ်လမ်းတွေကို သာမန်ပြည်သူတွေက အကြိုက်ဆုံးပါတဲ့။
အမြင့်သဘင်လို့ ခေါ်တဲ့ ဒီရုပ်သေးပွဲတွေ အမြို့မြို့မှာ ချိမ့်ချိမ့်သဲ ကပြ အသုံးတော်ခံပြီးနောက် ရတနာပုံခေတ်မှာ မြေဝိုင်းဇာတ်သဘင် စတင်ပေါ်ပေါက်လာခဲ့တယ်။ စင်ပေါ်မှာအမျိုးသမီးမတက်ကောင်းဘူးဆိုတဲ့ ရှေးအယူအဆကြောင့် မြေကြီးပေါ်မှာ စတင်ကပြခဲ့ဟန် တူပါတယ်။ဒါကြောင့်လည်း အဲဒီခေတ်က အနိမ့်သဘင်လို့ ခေါ်ခဲ့ကြတယ်။ ဦးချစ်ဖွယ်နဲ့ဒေါ်စိန်သုန်တို့ စတင်ခဲ့တဲ့ မြန်မာ့အနိမ့်သဘင်ဟာ ယနေ့ မြန်မာ့ဇာတ်သဘင်ရဲ့ အစပထမပါပဲ။
မြေဝိုင်းဇာတ်သဘင်ကနေ စင်ပေါ်တက်ပြီးကပြကြတဲ့ခေတ်အထိ မြန်မာ့သဘင်ပညာဟာ အဆင့်ဆင့်ပြောင်းလည်းတိုးတက်ခဲ့တယ်။ မင်းသမီးဦးဆောင်ရင် အငြိမ့်သဘင်၊ မင်းသားဦးဆောင်ရင် ဇာတ်သဘင် နဲ့ ဖြစ်တည်လာတယ်။ အငြိမ့်တွေထဲမှာ ရနောင်မောင်မောင်တုတ်က ဆင်နဲ့ခိုးရလို့ ဆင်ခိုးမလေးနာမည်ရခဲ့တဲ့ ယင်းတော်မလေး၊ လေပါတီမြရင်၊ ယူနီဗာစတီမြသန်းကြည်၊ ဒေါ်သြဘာသောင်း၊ ဂီတမယ်လှကလေးစိန်တို့ခေတ်ကနေ ဝင်းဝင်းအေးရဲ့ ဆောင်းအငြိမ့်ခေတ်ထိ ပြည်သူတွေတခဲနက်အားပေးခဲ့တယ်။မန်းလေးမှာဆို အငြိမ့်တန်း ဆိုင်းတန်းမှာ အငြိမ့်အဖွဲ့တွေ ငါးဆယ်ကျော်ထိ ရှိခဲ့တယ်။
ဇာတ်သဘင်ရွှေခေတ်ကိုပြပါဆိုရင်တော့ ဂရိတ်ဦးဖိုးစိန်ရဲ့စိန်မဟာသဘင်ခေတ်ပါလို့ ဆိုတယ်။ ဦးဖိုးစိန်ရဲ့ ဇာတ်က ကိုယ်ပိုင်မီးသဘောင်္၊ ကိုယ်ပိုင်ရွက်ဖျင်ရုံတွေပိုင်တဲ့အပြင် အနောက်တိုင်းက အင်္ဂလိပ်လူမျိုးမင်းသမီးတွေပါ ငှားပြီး ပါဝင်ကပြစေနိုင်တဲ့အထိ အောင်မြင်ခဲ့ပါသတဲ့။ တီထွင်ဖန်တည်းမှုအားလည်း အလွန်ကောင်းဆိုပဲ။ ဒါကြောင့် ပထမမြန်မာဒါရိုက်တာကြီးဖြစ်တဲ့လန်ဒန်အပ်ဦးအုန်းမောင်က ဖိုးစိန်ဇာတ်ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ရုပ်ရှင်ကြောင့် ဇာတ်ပွဲကိုလူမလာမှာစိုးတဲ့ ဂရိတ်ဖိုးစိန်က လက်မခံခဲ့ဘူးလို့ သိရတယ်။ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဇာတ်သဘင်ကြီးမို့လည်း ဇာတ်ဆရာ ဦးဖိုးစိန်ကို ဂရိတ်ဖိုးစိန်လို့ ဘွဲ့တတ်ခေါ်ကြတာပါ။
ဂရိတ်ဦးဖိုးစိန်၊ ရွှေမန်းဦးတင်မောင်၊ ဦးစိန်ကတုံး၊ မင်္ဂလာဦးအောင်မောင်း၊ ဦးစိန်အောင်မင်း၊ ဦးရွှေနန်းတင် စတဲ့ ဇာတ်သဘင်ပညာရှင်ကြီးတွေရဲ့ သားသမီးမြေးမြစ်တွေကလည်း ယနေ့အချိန်အထိ မြန်မာ့သဘင်ကို မတိမ်ကောသွားအောင် လက်ဆင့်ကမ်း သယ်ဆောင်နေပါတယ်။ ခေတ်စနစ်တွေပြောင်းလာပြီမို့ မူလအတိုင်းမဟုတ်တော့ပေမဲ့ အရိုးပေါ်အရွက်မဖုံးရအောင် ကျိုးစားနေကြတယ်။ ဒါပေမဲ့ ပရိတ်သတ်ရဲ့ အားပေးမှုနည်းလာတဲ့အတွက် အရင်က ထိပ်တန်းစာရင်းဝင်ဇာတ်ကြီး ဆယ့်လေးငါးဇာတ်ရှိပေမဲ့ ယခုတော့ လေးငါးဇာတ်လောက်ပဲ ရှိပါတော့တယ်လို့ သိရတယ်။ ဖိုးချစ်၊ စွမ်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း စတဲ့ မျိုးဆ
က်သစ်ကလေးတွေရဲ့ မြန်မာ့ဇာတ်သဘင်ရှေ့ရေးက ရင်လေးစရာ။
မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့အငြိမ့်သဘင်ပညာရှင် ၁၃ ဦးပါဝင်တဲ့အဖွဲ့တစ်ခု မကြာခင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိပါတော့မယ်။ ဟာဝါယီကျွန်းမှာ ယဉ်ကျေးမှုပွဲတင်ဆက်ခဲ့တဲ့ဒီအဖွဲ့က အခကြေးငွေကိုအဓိက မထားပဲ အမေရိကန်ရောက်မြန်မာတွေအတွက် မြန်မာ့အနုသုခုမသဘင်ပညာ၊ ရုပ်သေးပညာတို့ကို ကပြဖျော်ဖြေပေးကြပါလိမ့်မယ်။ အရုပ်ကတာ လူနဲ့တူရမယ်၊ လူကတာ အရုပ်နဲ့တူရမယ်၊ အရုပ်နဲ့လူ အတူကပြ အသုံးတော်ခံကြမယ်။
မောင်လူပေနေထိုင်တဲ့ San Francisco Bay Area တဝိုက်က မြန်မာများအတွက် ဧပြီလ (၁၅)ရက် စနေနေ့ညနေ Newark မြို့ Swiss Park ခန်းမမှာ မြန်မာ့ရုပ်သေးနဲ့ ဇာတ်သဘင်ပညာရှင်တွေ ကပြဖျော်ဖြေကြမယ်လို့ သိရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါရဲ့။ မြန်မာတို့အတွက် ငတ်မွတ်နေတဲ့မြန်မာ့ရုပ်သေး မြန်မာ့ဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင်ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ပေးကြတဲ့ မြန်မာကွန်မြူနတီက ဦးဆောင်သူတွေဖြစ်တဲ့ ကိုချိုဦး၊ ကိုနန္ဒ၊ မဥမ္မာတို့အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဝင်ကြေးအခမဲ့နဲ့ ကျင်းပပေးမဲ့ တစ်သက်တစ်ခါကြည့်ရခဲလှတဲ့ ' မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင် ကပွဲ' ကြီးကို မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးကြတဲ့ ဆန်ဖရန်တဝိုက်မှာနေထိုင်ကြသူမြန်မာတိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြွရောက်အားပေးချီးမြှင့်ကြပါလို့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ဖိတ်ကြားအပ်ပါတ်ာခင်ဗျား။
Subscribe to:
Posts (Atom)