လောကကြီးကို ဘောင်ခတ်မကြည့်နဲ့  လို့  မျက်မှန်သမား သူငယ်ချင်းများကို စဖူးသည်။ စိတ်ညစ်နေသူများကိုလည်း အကောင်းပဲရှာတွေးဟု အကြံပေးဖူးသည်။ ကိုယ်တိုင်ကြတော့ တကယ်ကျင့်သုံးဖို့  မလွယ်။ မလွယ်တာအသာထားပြီး အကောင်းရှာစဉ်းစားတော့မည်။ သွေးကလည်း ခတ်တက်တက်မို့  အကောင်းတရားများကိုသာ စဉ်းစားတော့မည်ဟု စဉ်းစားနေစဉ် မိတ်ဆွေကြီး ကိုရင်ချက်တယောက် ဆိုင်းမပါဗုံမဆင့်နှင့် ရောက်လာလေသည်။
" ဘာတွေထူးသေးလည်း ကိုလူပေ " ဟု နှုတ်ဆက်သော သူ့ မျက်နှာမှာ ဒေါသအရိပ်ငွေ့ လေးတွေ တွေ့ နေရသည်မို့ 
" ဘာတွေဒေါသဖြစ်လာလဲ ကိုရင်ချက်၊ စိတ်ကိုလျှော့။ အကောင်းဘက်က စဉ်းစားလေ။ " ဟု အကြံပေးရန် အစပျိုးလိုက်သည်။
" ဘာဖြစ်ရမလည်း ကိုလူပေရယ်။ ကျုပ်တို့ ရွာနားက စပယ်တောင်၊ ကြေးစင်တောင်တွေလည်း ကျင်းတွေဖြစ်ခဲ့ပြီးပြီ။ ခုလည်း လက်ပန်းတောင်းတောင်တွေကို တွင်းဖြစ်အောင်လုပ်နေတာအပြင် အက်ဆစ်တွေပါ စည်းကမ်းမဲ့သွန်နေလို့  အနားကရွာတွေ သောက်ရေတောင် ခက်နေကြသတဲ့။ "
" ဒါများကိုရင်ချက်ရယ်။ သတင်းဟောင်းကြီးကို လာပြောနေတယ်။ ဘုန်းတော်ကြီးတွေတောင် မီးလောင်ဗုံး အာရုံဆွမ်းနဲ့ တိုးခဲ့တာလေ။ ဘာတတ်နိုင်မလဲ။ ဆွေမျိုးပေါက်ဖေါ်တွေက အညာမှာရေရှားလို့  တောင်ဖြိုပြီး ရေကန်တူးပေးတယ်သဘောထားလိုက်။ ရေမကောင်းလည်း ရေသန့် တွေ ဒီလောက်ရောင်းနေကြတာ ဝယ်သောက်လိုက်။ ကျန်းမာရေးနဲ့ တောင်ညီညွတ်သေး။ "
" ခင်ဗျားပဲဝယ်သောက်။ တောသားတွေဆင်းရဲပါတယ်ဆို ဘယ်ကရေသန့်  ဝယ်သောက်နိုင်မှာလဲ။ "
" ဒါဆို ဆင်းရဲသားလျှော့ချရေး ကော်မတီကို တင်ပြလိုက်။ စကားမစပ် ခင်ဗျားရွာကလူတွေ သတိပေးလိုက်ဦး။ တော်ကြာ ကျေးလက်ဝန်ကြီးဆီမှာ ရေသန့် လိုပါတယ် သွားတောင်းနေလို့  ပါးရိုက်ခံနေရမယ်။ "
" အတော် ပေါက်ကရ တွေးတတ်တဲ့သူပဲ။ "
" အကောင်းရှာစဉ်းစားတာပါဗျာ။ ကျွန်တော်တို့ ဆီလည်း အကောင်းတွေ အများကြီးပါ။ "
" ဘာအကောင်းရှိလဲ။ ပြောစမ်းပါဦး။ "
" မီးပျက်၊ ရေပြတ်၊ ကားကျပ်ဆိုတာက လူတွေကို အရာအားလုံးဟာ မမြဲတဲ့ ဒုက္ခတွေဆိုတာမြင်အောင် သည်းခံခြင်းတရားကို အမြဲ နှလုံးသွင်းနိုင်အောင် လေ့ကျင့်ပေးနေတာ။ "
" ပြီးတော့ရော။ "
" ရေကြီးတယ်ဆိုတာလည်း နိုင်ငံတော်ရဲ့ စေတနာလို့  တွေးလိုက်။ မြောင်းတွေပိတ်လို့  ရေကြီးတော့ ပြည်သူတွေ ရေထဲမှာ သွားလာရတယ်။ ဒါက ရန်ကုန်သားတွေကို အင်းလေးဒေသရဲ့  အတွေ့ အကြုံလေးတွေရအောင် ဆောင်ရွက်ပေးတဲ့သဘော။ ရေထဲ သွားရင်း မြောင်းထဲပြုတ်မကျအောင် ဘုရားစာရွတ်ရတော့ ပိုတောင် ကုသိုလ်ရသေး။ "
" ခင်ဗျားပြောနည်းဆို အမြန်လမ်းက ကုသိုလ်လမ်းပေါ့။ "
" ဟုတ်ပ။ အမြန်လမ်းပေါ်ရောက်တာနဲ့  ရသမျှ ပရိတ်တွေ ဂါထာတွေ ရွတ်ရတာမို့  ပိုပြီးသုသိုလ်ရတဲ့ နိုင်ငံတော်ရဲ့  စေတနာအမှန် သုသိုလ်လမ်းပေါ့။ အကောင်းပဲတွေးပေးပါ။ "
" သူတို့ တွေ နှစ်ပေါင်းများစွာ တလွဲတွေလုပ်ခဲ့လို့  နိုင်ငံဆင်းရဲနေတာရော ဘယ်လိုပြောမလဲ။"
" ဒါလည်းတွေးရင်ရပါတယ်။တချိန်က ချမ်းသာခဲ့ပေမဲ့ ခုလိုဆင်းရဲသွားနိုင်တယ်ဆိုတာ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်အဖြစ်နဲ့  လက်တွေ့ ပြလိုက်တာ။ ဖြစ်ပျက်တရားပြနည်းကောင်းနောက်တခုပေါ့။ "
" ဒါဆို လယ်သိမ်းခံရလို့  ဆန္ဒပြတဲ့ လယ်သမားတွေကို ထောင်ချပစ်တဲ့ ကိစ္စကရော။"
" ဒါလည်း ကောင်းအောင်တွေးပေါ့ဗျာ။ ကျေးဇူးရှင် တောင်သူဦးကြီးများကို နိုင်ငံတော်စရိတ်နဲ့  အကျဉ်းဦးစီးဌာနပိုင် အဆောက်အဦတွေမှာ နှစ်ရှည်စောင့်ရှောက်ပေးထားတယ်ပေါ့။ အပြင်မျာဆို လယ်ထဲသွားရင်း လေယဉ်ဝင်တိုက်မှာတို့  ရာသီမကောင်းလို့ စိတ်ညစ်ရတာတို့  ဖြစ်နိုင်သေးတယ်။ ခုတော့ နှစ်ရှည် အခမဲ့  နားရတာပေါ့။ "
" ဒါဆို အဲဒီမှာ ခင်ဗျားသွားနားမလား။"
" ကျွန်တော်က မနားရဘူး။ နိုင်ငံတော်ရဲ့  စေတနာမှန်ကို သိမြင်လို့ ။ "
" ဟို သွားလေသူ နံပါတ်ဝမ်းကြီးရဲ့  မြေးတော်တွေပြောတဲ့ ဒေါ်လာ ငါး ဘီလီယံ ကိစ္စကရော။ "
" ဒါကလည်း ဒီလိုပါ။ ဒီလောက်ငွေတွေ အများကြီးရှိရင် ခေါင်းခဲရတတ်တယ်လေ။ ဒါကြောင့် ပြည်သူအများ စိတ်မဆင်းရဲရအောင် သူတို့ ထဲက ကျေးဇူးရှင်ကြီးရဲ့  မြေးတွေကိုပဲ စိတ်ညစ်ခံပြီး ကိုင်ခိုင်းထားစေတာပါ။ နည်းတဲ့ ငွေတွေမှ မဟုတ်တာလေ။ မလုပ်တတ် မကိုင်တတ်နဲ့  ပြည်သူတွေဒုက္ခရောက် စိတ်ညစ်ရမှာ မလိုလားတဲ့ နိုင်ငံတော်ရဲ့  စေတနာမှန်တခုပါ။ ဒါတောင် တလောက ပြောကြတဲ့ ဆယ့်တစ် ဘီလီယံနဲ့  ယှဉ်ရင် ပါးပါးလေးပဲရှိသေးတယ်။ "
" သူတို့ တွေနဲ့  အပေါင်းပါတွေ အရမ်းချမ်းသာနေကြပြီး ပြည်သူတွေအများစု ဆင်းရဲနေတာကရော ဘယ်လို တွေးမလဲ။ "
" အော် ဒါကတော့ ပြည်သူအများ ကံနည်းရှာကြတာကိုး။ ကံကောင်းကံပွင့်အောင် ဘုရားသွားကျောင်းတက် များများလုပ်ကြစေရန် ရည်သန်ပြီး လုပ်ပေးတဲ့ နိုင်ငံတော်ရဲ့  စေတနာပါ။ ခုတောင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို သမ္မတကြီးနဲ့  အစိုးရအဖွဲ့ ဝင်များက နေ့ မအား ညမနား တည်ဆောက်ပေးနေ.....။ "
" တော်တော့။ ဆက်ပြောရင် ရိုက်မိတော့မယ်။ စိတ်တိုနေပါတယ်ဆို ဘာတွေ လာပြောနေတယ် မသိဘူး။"
ဟုဆိုကာ ဒေါသအိုးကွဲ ကိုရင်ချက်တယောက် ထွက်သွားတော့သည်။
အဲဒါပေါ့။ အကောင်းကို မမြင်တတ်တော့ နိုင်ငံတော်ရဲ့  စေတနာမှန်တွေ မတွေ့ နိုင်တော့ဘူးဟု တွေးမိစဉ် မဒမ်ပေရဲ့  အသံကြားရလေသည်။
" ကိုလူပေရေ။ဆန်အိုးထဲ ဆန်မရှိတော့ဘူး။ " တဲ့ ။ ဒါလည်း နိုင်ငံတော်ရဲ့  စေတနာမှန်တွေပေါ့ကွယ်။
Saturday, July 26, 2014
Wednesday, July 23, 2014
ဘောင်ခတ်ခြင်း
ဘောင်ခတ်ခြင်း
မောင်လူပေတစ်ယောက် မျက်မှန်ကြီး တဝင်းဝင်းဖြင့် လောကကြီးကို ဘောင်ခတ်ကြည့်ဖို့  ခုတလော ကြိုးစားနေသည်။ လောကကြီးကိုလည်း မကြေနပ်။ စိတ်နာသည်။ ဘွဲ့ ရ အလုပ်လက်မဲ့ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်ဘဝဖြင့် ဆိုက္ကားပဲထွက်နင်းရတော့မလို ကားပဲသွားမောင်းရတော့မလိုဖြစ်နေစဉ် တုတ်(ဒုတ်)ဝေချိန်က ထိပ်ဆုံးကပါခိုင်းခဲ့ပြီးမှ သူများတကာတွေ ခေတ်ပြောင်းချိန်မှာ ဖလန်းဖလန်းထနေကြတဲ့ မုန့်ဝေချိန်ကြမှ လောကကြီးက သူ့ ကို ချန်ထားခဲ့လို့  မဖလန်းနိုင်ခဲ့။
သူများတကာတွေ ဖလန်းနေကြတာများ အားကြစရာ။ သမူးရဲ့ အီးရောဂါ၊ ကာရာအိုကေ မေတ္တာရောဂါ၊ စပွန်စာရောဂါ စသည့် နုနုရွရွလှလှ အလန်းဇယားရောဂါတွေနှင့် ပျော်ရွှင်လို့ ။ကိုယ့်ကြမှ အနုအရွ သမုဒယလေးတွေကို မမြင်နိုင်တဲ့ထိ ဒုက္ခပေးမဲ့ မျက်စိရောဂါ လာဖြစ်သည်။ နေ့ တိုင်း ဆေးထည့်၊ဆေးစား၊ ဆရာဝန်ပြနဲ့  အလုပ်တွေရှုပ်လှသည်။
ငယ်သူငယ်ချင်းကိုကိုသန့် ကလည်း သူများတွေ ဖလန်းဖလန်းထနေတာ အားကြပြီး ရွာပြန်သွားသည်။ မသွားခင်လည်း ဖုန်းဆက်ကာ " မင်းတို့ ငါတို့ အရွယ်တွေ ရွာမှာ အပြတ်ကဲနေကြတယ်။ တရုပ်ကြီးဆို ကာရာအိုကေမှာ ဘယ်ညာနှစ်ပါးနဲ့ " ဘာညာသာရကာစသည်ဖြင့် မောင်လူပေကို မခံချင်အောင် စနောက်သွားသေးသည်။ သူလည်းရွာမှာ ကဲနေပြီထင်ရသည်။ ရွာကပြန်ရောက်မှ အကြောင်းစုံ မေးမြန်းစုံစမ်းရမည်။
ထိုကဲ့သို့  မတရားလှသော လောကကြီးကို ဖါတစ်လုံးခေါင်းကြားကဲ့သို့  "ဟယ်.. အသင်လောက " ဟု ဟစ်အော်တိုင်တည်ချင်ပါသော်လည်း ' ဒီလူတော့ ချောင်သွားရှာပြီ' ဟု ပတ်ဝန်းကျင်က ဝိုင်းကြည့်ကြမည့် မျက်လုံးများကို ရင်မဆိုင်ရဲသည်မို့ လက်လျှော့ရသည်။ သို့ ပါသောကြောင့် အနှီ လောက ခေါ် ဒွန္နယား ( အာရဗီဘာသာဖြင့်) ကြီးကို ဘောင်ခတ်ကြည့်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ဒွန္နယားကြီးကို ဘောင်ခတ်လိုက်တော့လည်း သူ့ ဟာနဲ့ သူ အဟုတ်သား။ သူ့ ဘောင်ထဲမှာပဲနေရင် ဒွန္နယားကြီးက လှနေတာတွေ့ ရသည်။
ခရိုနီ၊ ခရိုပြာ၊ ခရိုပန်းနုရောင်မရင့်တရင့် စသည့် ခရိုအစုကို ခရိုဘောင်ဖြင့်ခတ်ကြည့်လိုက်တော့ သူဟာသူ ဘောင်ဝင်ကာ ကြည့်ကောင်းနေသည်။ အဘများကပ်ပေါင်းရင်း နောက်ဆုံးပေါ်ကား အကောင်းစားကြီးများစီးကာ ခြွေရံတသင်းဖြင့် တင့်တယ်နေကြလေသည်။
အဘများရဲ့  ဘောင်ကလည်း ရွှေရောင်တဝင်းဝင်းဖြင့် တင့်တယ်လှပလျှက်ရှိသည်။တပ်ဘောင်ထဲမှာနေ၊ ဒေါ်စုကို ဆန့် ကျင်၊ အခွင့်သာတုန်း ရသလောက်ရှာ၊ အကိုကြီး ညီလေးဆက်ဆံရေးများဖြင့် ပျော်စရာတွေပဲ တွေ့ ရလေသည်။
ဘောင်ကွက်လေးကို ထပ်ရွေ့ လိုက်တာ့ ချွေးတလုံးလုံးဖြင့် ဝမ်းစာရေးအတွက် လုံးပမ်းနေရသော အောက်ခြေဘဝများကို တွေ့ ပြန်သည်။ ဒီဘောင်က ကြည့်လို့ မလှ။ ဒါကြောင့်လည်း အရင်က ရုပ်ရှင်တွေမှာ ဆင်းရဲခန်းမပြရလို့  ဆင်ဆာဖြတ်တာနေမှာ။ ဒီလို မလှပတဲ့ဘဝတွေကို ဘယ်သူကြည့်ချင်မှာတဲ့လဲ။ ဒီဘောင်ကို ကျော်လိုက်သည်။
ဘောင်ကွက်တွေ ရွှေ့ ကြည့်ရင်း လောကကြီးကို စိတ်နာလာသည်မို့  သီချင်းတစ်ပုဒ်ကိုသာ အကျယ်ကြီး အော်ဆို မိလိုက်ပေသည်။
" ခရိုနီဖြစ်ဖို့  ကျွန်တော်ကြိုးစားမည်။ အဘကြီးဖြစ်ဖို့  ကျွန်တော်ကြိုးစားမည်။ ဗမာ့သားကောင်းဇာနည်၊ ဖလန်းဖလန်း ဘဝကို ကျွန်တော် မျှော်မှန်းရည်။ "

Saturday, July 19, 2014
ဝေးရခြင်း
စွဲမိတဲ့ မျက်နှာနဲ့ တပတ်တာ ဝေးရခြင်း
ခေါင်းစဉ်ဖတ်ပြီး မောင်လူပေတစ်ယောက် အသက်ကြီးမှပျက်စီးနေပြီ မထင်စေလို။
စွဲမိတာကတော့ အမှန်တရား။ မနက်မိုးလင်း အလုပ်သွားလည်း သူ့ ကိုကြည့်။ အလုပ်မှာလည်း အချိန်ရတိုင်း သူ့ ကိုရှာ။ အလုပ်ပြန်လည်းသူ့ ကိုငေး။ အိမ်မှာလည်း သူနဲ့ ပဲပျော်။ အိမ်ချုပ် မဒမ်ပေကိုတောင် တစ်နေ့ ကို ငါးမိနစ်လောက် မကြည့်ဖြစ်ပေမဲ့ သူနဲ့ ကြတော့ ငါးနာရီတောင်မကချင်။ အကြောင်းအမျိုးမျိုးနဲ့  သူ့ ကိုစွဲလမ်းပြီး သူမရှီရင် မနေနိုင်အောင် ဖြစ်နေချိန်မှ သူ့ ကို တစ်ပတ်စာ အဆက်ဖြတ်လိုက်ရသည်။ ရင်ထဲမှာတော့ သုံးရာသီ။ မတတ်သာသည်၊ ခတ်ခွာခွာနေရပြီ။ သူကတော့ မျက်နှာစာအုပ်လေး FACEBOOK.
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း သာကြားဖူးသည်။ ကိုယ့်ကျမှ အခတ်မတော် တစ်စက် ဖြစ်ရသည်။ နှစ်စဉ်လုပ်နေကြ မျက်လုံးစစ်ဆေးစဉ် ခတ်ပေးလိုက်သော မျက်စဉ်ကို ခန္ဓာက လက်မခံတော့ပဲ ပြန်လည်ခုခံရာမှ ဆိုးဝါးသော တုန့် ပြန်မှုဖြစ်ကာ မျက်လုံး ဖိအားများပြီး သွေးတွေတက်လို့ မျက်လုံးကို လေဆာဖြင့် အပေါက်ဖေါက်လိုက်ရသည်။ တပတ်စာမဖတ်ရ၊ တီဗွီမကြည့်ရတဲ့။
အလွန်ပြောစကားနားထောင်သော မောင်လူပေကလည်း အိမ်ပြန်ရောက်ပြီးနောက်နေ့ များတွင်ပြသည့် ကမ္ဘာ့ဖလား ဆီမီးနဲ့  ဖိုင်နယ်ကို မျက်စိတဝက်ဖွင့်ကာကြည့်သည်။( တကယ်လည်း တဝက်ပဲဖွင့်လို့ ရသည်။) နောက်နေ့  ဆရာဝန်နဲ့ တွေ့ တော့ အပေါက်ထပ်ဖေါက်ရပြန်သည်။ သို့ ပါသောကြောင့် ထပ်မမိုက်ရဲတော့ပဲ ချစ်စွာသောမျက်နှာနှင့် မတတ်သာလို့  ခတ်ခွာခွာနေရတော့သည်။
ခုတော့ နဲနဲသက်သာသည်နှင့် မျက်နှာနှင့် ပြန်ဆုံဖြစ်သည်။ မျက်လုံးကတော့ ထာဝရ မျက်မှန်သမားဖြစ်ပြီ။ သို့ပါသောကြာင့် ငယ်ငယ်က မျက်မှန်တပ်ခဲ့ရသူများကို မိန်းကလေးဆို လေးလုံး၊ ယောင်္ကျားလေးဆို ခြောက်လုံးဟုခေါ်ကာ စနောက်ခဲ့မိသည်များအား ဝန်ချတောင်းပန်အပ်ပါသည်။
သယ်ချင်းအပေါင်းလည်း နေကောင်းကြပါစေကြောင်းနှင့် ကိုယ့်လို မျက်စိဘေးမှ ဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ သအပ်ပါသည်။

အညာမြေက ရေးတဲ့စာ
ကိုရင်ချက် ကေ။ မာရဲ့နော်။
ကိုရင်ကတော့ ရှေးကုသိုလ်ကောင်းလို့ မြို့ရောက်ပြီး ချမ်းသာဇိမ်ကြနေလို့ ကျုပ်တို့ကို မေ့ရောပေါ့။ ကျုပ်တို့ကတော့ တော့အကြောင်းပြောရင်း သတိရနေကြသာ။ အရီးလေးမိအေးကတောင် မေးနေသေးသာ။ ဟိုအကောင် ငချက်ဆီက ဘာသတင်းကြားတုန်းတဲ့။ ကျုပ်ကလည်း အရီးလေးရယ် အရီလေးတူတော်မောင်အကြောင်းသိရက် နဲ့ မေးနေချည်သေး။ တောင်ဆိုမြောက်ရောက်နဲ့ ခုလည်း ဘယ်သဝေထိုးနေမသိ။ စာမလာသတင်းမကြားပေါင် လို့ ပြန်ဖြေလိုက်ရတယ်။
ကျုပ်တို့ကတော့ အရင်လိုပါပဲ။ မနက်ကြီးထဲက လယ်ဆင်းပြီး လယ်ထဲပဲ နေကုန်တာပေါ့။ ဒီနှစ်ကမိုးဖေါက်တော့ ကိုင်းသမားတွေ
ဒုက္ခပိုရောက်တာပေါ့။ ကျုပ်တို့ကိုင်းလေးလည်း တပ်ကတစ်ချမ်းသိမ်းသွားလို့ တစ်ချမ်းကျန်တော့တာရယ်။ အကုန်မသိမ်းသွားတာပဲ မောင်မင်းကြီးသားများကို ကျေးဇူးတင်နေရသာ။
သိမ်းသွားတဲ့မြေအတွက်ကတော့ တစ်ဧကကို နှစ်သိန်းနဲ့ အရော်ရပါရဲ့။ နို့ပေသိ မြေဈေးက အပြင်မှာ ဆယ့်ငါးသိန်းလောက်ပေါက်တာလေ။ ပြန်ပြောဖို့ကလည်း တောသူတောင်သားမို့ မပြောရဲ။ ဆရာလေးကိုတင်ပြောနည်းမျိုးနဲ့ မနိုင်တော့သည်းခံ လိုက်ရသပေါ့။
တပ်မြေထဲပါသွားတဲ့ ထန်းကိုးပင်ကတော့ တစ်ပင် နှစ်သောင်းပေးသာမို့ သိန်းရှစ်သောင်းရတယ်။ ဒါပေသိ ဒီထန်းလေး လုပ်မှ ထမင်းစားရတဲ့ ကဖိုးထောင်တို့တော့ လက်မဲ့ဖြစ်သပေါ့။ သူလည်း မုံရွာတက်ပြီး ပွဲရုံမှာ ကုန်ထမ်းနေလေရဲ့။
မန်းလေးက ဆူညံညံလည်း ကျုပ်တို့ဆီကူးဖို့ လုပ်နေသယ်။ ရွာမယ် မြို့က အမျိုးဘာသာသမားတွေ လိုက်စည်းရုံးနေသယ်။ ရွာဦးဆရာတော်ကတော့ နင်တို့တွေ သူများဆွယ်တိုင်းမယုံနဲ့။ ကံကုန်းက ဆိတ်သည်မကို နမူနာယူလို့ သင်တယ်။
ကံကုန်းရွာက ဆိတ်သည်မကြီးကို မှတ်မိရဲ့ မှုတ်လား။ ဆိတ်ခေါင်းကြီး တောင်းပေါ်တင်ပြီး ဆိတ်သားလယ်ရောင်းသာလေ။ သူတို့ရွာသားတွေက သနဲ့ တ လည်း မပီကြဘူးရယ်။
တခါတော့ ရွာလာပြီး ဆိတ်သားရောင်းတော့ ဆိတ်ခေါင်းကြီး တောင်းပေါ်တင်ပြီး ဒီလိုအော်တာရယ်။
" ဆိတ်တားမှ ဆိတ်တား အစစ်ပါတော်။ ကိုတာမောင် တိုး တိုးချင်းခွေ့လို့ သေတာယူရောင်းတာပါ။ ဆိတားမှဆိတ်တားတွေ လတ်လတ်ဆပ်ဆပ်တွေပါ" လို့။
တကယ်က ဦးသာမောင်ကြီးမွေးထားတဲ့ သိုးတွေ အချင်းချင်းခွေ့လို့ သေတာ သူကယူရောင်းတာရယ်။ အဲသာကို ဆိတ်ခေါင်းပြ ဆိတ်သားလိမ်ရောင်းသာ။ နို့ပေသိ စိတ်လွတ်ပြီး အမှန်တွေ အော်မိနေသာကိုး။
ခုလည်း မန်းလေးနဲ့ တခြားမှာ ဖြစ်တာတွေက ဘာသာရေးဗမ်းပြပြီး ဆူခိုင်းတာမို့လား။ ကျုပ်တို့က တောသားပေမဲ့ ဒီလောက်တော့ မအဘူးရယ်။
စာလည်းရှည်ပြီ။ ကျုပ်လည်း မနက်ကြီးထဖို့ အိပ်ချေဦးမယ်။ ခုတောင် ကိုယ်ထူကိုယ်ထနဲ့ ရွာမှာ မီးလေးသွယ်လို့ တညလေးနာရီမီးလေးပေးတုန်း ကြိုးစားရေးလိုက်တာ။ တော်သေးပီ။
တော်လည်း နေကောင်းအောင်နေ။
မပုမ
ဘိန်းနွယ်ချောင်ရွာ
ယင်းမာပင်မြို့နယ်
စစ်ကိုင်းတိုင်း
( အချက်အလက်ပေးသော မိတ်ဆွေကြီး ကိုနိုင်ဝင်းအား ကျေးဇူးတင်လျှက်)
ကိုရင်ကတော့ ရှေးကုသိုလ်ကောင်းလို့ မြို့ရောက်ပြီး ချမ်းသာဇိမ်ကြနေလို့ ကျုပ်တို့ကို မေ့ရောပေါ့။ ကျုပ်တို့ကတော့ တော့အကြောင်းပြောရင်း သတိရနေကြသာ။ အရီးလေးမိအေးကတောင် မေးနေသေးသာ။ ဟိုအကောင် ငချက်ဆီက ဘာသတင်းကြားတုန်းတဲ့။ ကျုပ်ကလည်း အရီးလေးရယ် အရီလေးတူတော်မောင်အကြောင်းသိရက်
ကျုပ်တို့ကတော့ အရင်လိုပါပဲ။ မနက်ကြီးထဲက လယ်ဆင်းပြီး လယ်ထဲပဲ နေကုန်တာပေါ့။ ဒီနှစ်ကမိုးဖေါက်တော့ ကိုင်းသမားတွေ
ဒုက္ခပိုရောက်တာပေါ့။ ကျုပ်တို့ကိုင်းလေးလည်း တပ်ကတစ်ချမ်းသိမ်းသွားလို့ တစ်ချမ်းကျန်တော့တာရယ်။ အကုန်မသိမ်းသွားတာပဲ မောင်မင်းကြီးသားများကို ကျေးဇူးတင်နေရသာ။
သိမ်းသွားတဲ့မြေအတွက်ကတော့ တစ်ဧကကို နှစ်သိန်းနဲ့ အရော်ရပါရဲ့။ နို့ပေသိ မြေဈေးက အပြင်မှာ ဆယ့်ငါးသိန်းလောက်ပေါက်တာလေ။ ပြန်ပြောဖို့ကလည်း တောသူတောင်သားမို့ မပြောရဲ။ ဆရာလေးကိုတင်ပြောနည်းမျိုးနဲ့ မနိုင်တော့သည်းခံ လိုက်ရသပေါ့။
တပ်မြေထဲပါသွားတဲ့ ထန်းကိုးပင်ကတော့ တစ်ပင် နှစ်သောင်းပေးသာမို့ သိန်းရှစ်သောင်းရတယ်။ ဒါပေသိ ဒီထန်းလေး လုပ်မှ ထမင်းစားရတဲ့ ကဖိုးထောင်တို့တော့ လက်မဲ့ဖြစ်သပေါ့။ သူလည်း မုံရွာတက်ပြီး ပွဲရုံမှာ ကုန်ထမ်းနေလေရဲ့။
မန်းလေးက ဆူညံညံလည်း ကျုပ်တို့ဆီကူးဖို့ လုပ်နေသယ်။ ရွာမယ် မြို့က အမျိုးဘာသာသမားတွေ လိုက်စည်းရုံးနေသယ်။ ရွာဦးဆရာတော်ကတော့ နင်တို့တွေ သူများဆွယ်တိုင်းမယုံနဲ့။ ကံကုန်းက ဆိတ်သည်မကို နမူနာယူလို့ သင်တယ်။
ကံကုန်းရွာက ဆိတ်သည်မကြီးကို မှတ်မိရဲ့ မှုတ်လား။ ဆိတ်ခေါင်းကြီး တောင်းပေါ်တင်ပြီး ဆိတ်သားလယ်ရောင်းသာလေ။ သူတို့ရွာသားတွေက သနဲ့ တ လည်း မပီကြဘူးရယ်။
တခါတော့ ရွာလာပြီး ဆိတ်သားရောင်းတော့ ဆိတ်ခေါင်းကြီး တောင်းပေါ်တင်ပြီး ဒီလိုအော်တာရယ်။
" ဆိတ်တားမှ ဆိတ်တား အစစ်ပါတော်။ ကိုတာမောင် တိုး တိုးချင်းခွေ့လို့ သေတာယူရောင်းတာပါ။ ဆိတားမှဆိတ်တားတွေ လတ်လတ်ဆပ်ဆပ်တွေပါ" လို့။
တကယ်က ဦးသာမောင်ကြီးမွေးထားတဲ့ သိုးတွေ အချင်းချင်းခွေ့လို့ သေတာ သူကယူရောင်းတာရယ်။ အဲသာကို ဆိတ်ခေါင်းပြ ဆိတ်သားလိမ်ရောင်းသာ။ နို့ပေသိ စိတ်လွတ်ပြီး အမှန်တွေ အော်မိနေသာကိုး။
ခုလည်း မန်းလေးနဲ့ တခြားမှာ ဖြစ်တာတွေက ဘာသာရေးဗမ်းပြပြီး ဆူခိုင်းတာမို့လား။ ကျုပ်တို့က တောသားပေမဲ့ ဒီလောက်တော့ မအဘူးရယ်။
စာလည်းရှည်ပြီ။ ကျုပ်လည်း မနက်ကြီးထဖို့ အိပ်ချေဦးမယ်။ ခုတောင် ကိုယ်ထူကိုယ်ထနဲ့ ရွာမှာ မီးလေးသွယ်လို့ တညလေးနာရီမီးလေးပေးတုန်း ကြိုးစားရေးလိုက်တာ။ တော်သေးပီ။
တော်လည်း နေကောင်းအောင်နေ။
မပုမ
ဘိန်းနွယ်ချောင်ရွာ
ယင်းမာပင်မြို့နယ်
စစ်ကိုင်းတိုင်း
( အချက်အလက်ပေးသော မိတ်ဆွေကြီး ကိုနိုင်ဝင်းအား ကျေးဇူးတင်လျှက်)
Wednesday, July 9, 2014
ဆဲဗင်း ဂျူလိုင်
ဆဲဗင်းဂျူလိုင်(
7July ) အရေးအခင်းဖြစ်ခဲ့တာ ၅၂နှစ်ရှိပြီ။ယခုခေတ်
တက္ကသိုလ်ကျောင်းသားများကို သွားမေးရင် သိကြပါဦးမလား။ ခေတ်က ရာစုတဝက်ကျော်
ကွာခဲ့ပြီ။ စစ်အစိုးရ အဆက်ဆက်ကလည်း သမိုင်းကို မြေမြှုတ်ခဲ့တာ။
ကျွန်တော်တို့ တောင် အဲဒီ အချိန်က ထုတ်ဝေခဲ့တဲ့ စာစောင်ငယ်လေးတွေဖတ်ပြီး သိခဲ့ကြရတာ။ ဇာတ်ရေလည်ခဲ့ရတာ။ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီး ပထမဆုံး ကျောင်းသားနဲ့  စစ်အစိုးရ ထိပ်တိုက်တွေ့ ခဲ့တဲ့ပွဲ။ တပ်က တပ်မှူးကြီးတွေက သူတို့ ကို အာခံတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ပွဲ။ နောက်ဆုံးမှာ သမိုင်းဝင် ကျောင်းသား သမဂ္ဂအဆောက်အဦကြီးပါ မိုင်းကပ်ပြီး အစတုံးခံခဲ့ရတဲ့ပွဲ။
ခုထိ ဘယ်သူက ကျောင်းသားသမဂ္ဂကို မိုင်းခွဲဖို့  အမိန့် ပေးခဲ့တယ်ဆိုတာလည်း အဖြေမပေါ်ခဲ့။
ဦးနေဝင်းလိုလို၊ ဦးအောင်ကြီးလိုလို၊ ဗိုလ်မှူးကြီးတင်စိုးလိုလိုနဲ့ ပဲ အဲဒီသူတွေလည်း မရှိတော့။ ဘယ်သူကမှလည်း တာဝန်မခံခဲ့။ ကျောင်းသားတွေကို ပစ်ဖို့ ဦးဆောင်အမိန့် ပေးခဲ့တာလည်း ဗိုလ်ချုပ်စိန်လွင်ဆိုပေမဲ့ ဘာမှအရေးယူမခံရပဲ မဆလပါတီမှာ တွဲဖက်အထွေထွေအတွင်းရေးမှူး နောက်ပိုင်း သမ္မတထိတောင် ဖြစ်လိုက်သေး။ ဒီအရေးအခင်းမှာ အသတ်ခံရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေအတွက်လည်း ဘယ်သူကမှ မတောင်းပန်ခဲ့။
အစိုးရက အရင်အစိုးရတွေရဲ့ အမွေကို ဆက်ခံရတယ်ဆိုရင် ဒီကိစ္စကို ပြန်လည်တောင်းပန်သင့်တယ်။ အာဏာသိမ်းစစ်အစိုးရက မဆင်မခြင်သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို နောက်ပိုင်း စစ်အစိုးရတွေက တောင်းပန်သင့်တယ်။ အခုစစ်အစိုးရဝင်ဟောင်းတွေ ဘောင်းဘီချွတ်ပြီး အုပ်ချုပ်နေတာကြာခဲ့ပြီ။ တောင်းပန်မှုမရှိသေး။
ကျောင်းသားတွေကို ပြန်တောင်းပန်၊ သူတို့ ဖွဲ့ ချင်တဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ ခွင့်ပေးလိုက်ရင် ကျောင်းသားတွေက အစိုးရကိုတောင် လော်ဘီလုပ်ပေးမှာ။ခုတော့ ၁၉၆၂ ကနေ ၂၀၁၄ သာရောက်လာတယ်။ ဒီအကြောင်းက တိမ်မြှုတ်နေဆဲ။
အဲဒီတုန်းက မတရားတဲ့ ဥပဒေတွေကိုဆန့် ကျင်ရင်းကျဆုံးခဲ့ကြတဲ့ ကျောင်းသားများကို ဦးညွှတ်ပါတယ်။ ကိုပေါ်ဦးပြောသလို " ကျောင်းနံရံတဝိုက်မှာ... ဒေါင်းအလံပြန်စိုက်နိုင်မဲ့နေ့ မှာ ငါတို့ ...............။ "

ကမ္ဘာ့ဖလားမှတ်စု
ဂျူလိုင် ၁ ရက် ၂၀၁၄
အမေရိကန်အသင်း လိမ်ဖယ်ဖယ်နင့်ပြုတ်သွားပြီ။ ဘယ်လဂျီယံကို အချိန်ပိုတွင် ၂း၁ နှင့် ရှုံးသွားသည်။ ကွာတားသို့ တက်နှင့်ပြီးသော မက်စီတို့၏ အာဂျင်တီးနားနှင့် ဘယ်လဂျီယံ တွေ့ကြတော့မည်။
အမေရိကန်အသင်းကား အံ့ဘွယ်အသင်း။ ရှေ့တန်းတိုက်စစ်မှုး ကောင်းကောင်းမရှိပဲ ဂိုးသမားတော်လွန်းသောကြောင့်သာ ဒီအဆင့်ထိ တက်လာနိုင်ခြင်းဖြစ်သည်။
ဒီနိုငိငံရောက်မှ ဘောပွဲမကြည့်ရ။ အမေရိကန်တွေက Football ဆိုလျှင် သူတို့ရဲ့ လက်ပစ်ဘောကစားနည်းဟုထင်ကြသည်။ ဘောလုံးပွဲကြတော့ Soccer ဟုခေါ်သည်။ သူတို့က ဘေ့စ်ဘော၊ ဘတ်စကက်ဘောတွေပဲ ကြည့်ကြ အားပေးကြသောကြောင့် ဘောလုံးပွဲ က တီဗွီမှာ မလွှင့်။အားပေးမှုလည်း နည်းလှသည်။ မိန်းကလေးတွေလောက်ပဲ ဘောလုံးကန်ကြတာများသည်။ အခုလို ကမ္ဘာ့ဖလားပွဲတောင် ESPN လို အားကစားလိုင်းသီးသန့် ကပဲလွှင့်သည်။
ဒီလောက် အောင်မြင်လာသည်ကိုပင် အမေရိကန် လောလုံးအသင်း၏ ညီညွတ်မှုကြောင့်ဟု ဆိုချင်ပါသည်။
ဂျူလိုင် ၄ ရက် ၂၀၁၄
ကမ္ဘာ့ဖလားရဲ့  ကွာတားဖိုင်နယ် နှစ်ပွဲပြီးသွားပြီ။ အများမျှော်လင့်ထားသလိုပဲ ဂျာမဏီက ပြင်သစ်ကို ၁းဝ နဲ့ နိုင်ပြီး ဘရာဇီးက ကိုလံဘီယာကို ၂း၁ နဲ့ နိုင်တယ်။
ဘရာဇီးနဲ့  ကိုလံဘီယာပွဲပိုကြည့်ကောင်းတယ်။ ဘရာဇီးက ဒီနေ့  အရမ်း ကောင်းအောင် ခြေစွမ်းပြနိုင်သလို ကိုလံဘီယာကလည်း ထပ်တူလိုက်ကစားနိုင်တယ်။
ကိုလံဘီယာက လူငယ်ခြေတက်ကစားသမားလေးတွေနဲ့  အခြေခံထားတဲ့အသင်းလည်းဖြစ်တယ်။ နောက် လာမဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ ဒီလူငယ်တွေနဲ့  အခြေခံပြီး အရမ်းတောင့်တင်းတဲ့ အသင်းကြီးဖြစ်လာလိမ့်မယ်။
ဒီလိုဆက်ပြီး ခြေစွမ်းပြနိုင်မယ်ဆိုရင် လာမဲ့ July 8th Tuesday 1:00pm (PT) မှာကစားမဲ့ ဂျာမဏီ နဲ့ ဆီမီးဖိုင်နယ် ပွဲမှာ ဘရာဇီးနိုင်ဖို့  များပါတယ်။ Go Brazil.... We Love You...!!!
ဂျူလိုင် ၅ ရက် ၂၀၁၄
အာဂျင်တီးနားက ဘယ်လဂျီယံကို ၁းဝ နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားပြီ။ ထုံးစံအတိုင်း ခြေစွမ်းပြသွားသူက မက်စီပါပဲ။ ဒီလိုတိုက်စစ်မှူးကောင်းရှိတဲ့ အပြင် နောက်တန်းနဲ့ အလယ်တန်းကလည်း တဖက်အသင်းဂိုးသွင်းခွင့် မရအောင် ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။
ဒီနှစ် ဘယ်လဂျီယံအသင်းက လူငယ်လေးတွေလည်း အတော်ကောင်းပါတယ်။ အာဂျင်တီးနားနောက်တန်းကို မကျော်နိုင်ခဲ့လို့ ဂိုးရဖို့ မဖန်တီးနိုင်ပဲ အရှုံးနဲ့ အိမ်ပြန်ရတာ။
မက်စီ ဒီလိုသာ ခြေဆက်ကောင်းနေရင် နောက်တပွဲက တက်လာမဲ့ အသင်း ( နယ်သသာလန်နဲ့ ကော်စတာရီကာ ၊ နယ်သာလန်နိုင်ခြေများတယ်။) ကို အနိုင်ကစားနိုင်မယ် ထင်ရတယ်။ မက်စီက သူ့အသင်းကို မာရာဒိုနာလို ကမ္ဘာ့ဖလားရအောင် လုပ်ပေးနိုငိမလားဆိုတာ မကြာခင်သိရတော့မှာပါ။
အားလုံးရဲ့ အချစ်တော် ဘရာဇီးအသင်းကတော့ နေမာမပါတော့ဘူးတဲ့။ မနေ့က ကိုလံဘီယာနဲ့ပွဲမှာ ကျောရိုးနာသွားလို့တဲ့။ နေမာ မပါတော့ရင် ဘရာဇီးက ဂျာမနီကို အနိင်ကန်ဖို့ မလွယ်တော့ဘူး။ ကိုနေမာ မြန်မြန်နေကောင်းပါစေလို့ပဲ ဆုတောင်းပါတယ်။
ဒီနေ့ ဒုတိယ ကွာတားဖိုင်နယ်ပွဲက တဖက်သတ်ပွဲ။ နယ်သာလန်က ကော့စတာရီကာကို ပွဲအစအဆုံး တောက်လျှောက်ဖိထားတာ။ ကော်စတာရီကာကလည်း တသင်းလုံးဆင်းပြီး ခံစစ်နဲ့ ပိတ်ကစားထားတော့ ဒပ်ခ်ျတွေ ဘယ်လိုသွင်းသွင်း ဂိုးမရဘူး။
အနိုင်မခံ အရှုံးမပေးစိတ် ဆိုတာဒါပါပဲ။ ညီညီညွတ်ညွတ် စုပေါင်းခုခံတော့ ဂိုးသွင်းမခံရ။ ဂိုးသမားကလည်း အရမ်းတော်။ ဒပ်ခ်ျတွေ တဒိုင်းဒိုင်းသွင်းနေတာကို နေရယူမှန်စွာနဲ့ ပြန်ခုခံ။ ဒီလိုနဲ့ မိနစ်ကိုးဆယ်နဲ့ အချိန်ပိုပြီးထိ ဒပ်ခ်ျတွေ တစ်ဂိုးမှ သွင်းမရ။
နောက်ဆုံး ပယ်နယ်တီအဆုံးအဖြတ်နဲ့မှ ကော်စတာရီကာအသင်း ရှုံးသွားတယ်။ ဂရိနဲ့ ကန်တုန်းကလည်း ၁၀ ယောက်ထည်းနဲ့ ဂရိကိုဒီလိုပဲ ခုခံပြီး နောက်ဆုံးမှာ နိုင်ခဲ့ပေမဲ့ ဒီတခါတော့ ကံတရားက သူတို့ဖက်မှာ မရှိတော့။
လူကောင်ချင်းရော အင်အားချင်းပါကွာတဲ့ ဒပ်ခ်ျလို အသင်းကြီးကို နောက်ဆုံးမိနစ်ထိ ရေကုန်ရေခန်း ခုခံကစားသွားခဲ့တဲ့ ကော်စတာရီကာ အသင်းကို လေးစားစွာ ဂုဏ်ပြုပါတယ်။
ဒပ်ခ်ျကတော့ အာဂျင်တီးနားနဲ့ July 9th (Wed) 1:00pm (PT) မှာ ဆီမီးဖိုင်နယ် ကစားရပါတော့မယ်။
ဂျူလိုင် ၈ ရက် ၂၀၁၄
ပထမပိုင်းမှာငါးဂိုး ဂိုးမရှိနဲ့ ဂျာမဏီကဦးဆောင်နေပြီးနောက် ဒုတိယပိုင်းမှာ ဂျာမန်တိုက်စစ်မှူး ရှားလော့က နောက်ထပ်နှစ်ဂိုး ထပ်သွင်းပြန်လို့ ဂျာမန် ၇ ဂိုးရှိပြီ။ ဒီပွဲဟာ ကမ္ဘာ့ဖလားသမိုင်းရဲ့ ဆီမီးဖိုင်နယ်မှာ ဂိုးအများဆုံး အသွင်းခံရတဲ့ပွဲအဖြစ် စံချိန်တင်သွားပြီ။ ဘရာဇီးက ခြေပဂိုး တစ်ဂိုးကို ပွဲပြီးခါနီးမှ ပြန်သွင်းနိုင်ရှာတယ်။
ဘရာဇီးအတွက် မရှုမလှရှူံးရတာက သူ့ကွင်းနဲ့ သူ့ပရိတ်သပ်ရှေ့မှာမို့ ပိုရှက်ရှာကြမယ်။
နေမာအပေါ်အားထားလွန်းတာမီု့ နေမာမပါတော့လို့ တိုက်စစ်အားမရှိတော့ပဲ ဂျာမန်တိုက်စစ်အောက်မှာ မရှုမလှ ကျဆုံးရရှာတယ်။
နိုင်ငံရေးနယ်ပယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားထားကစားနေရတဲ့ ကစားကွက်ကနေ မပြောင်းနိုင်သေးရင် သူသာ မကစားနိုင်တော့ရင် ဘယ်လိုလုပ်ကြမယ်ဆိုတာ ခုထဲက အဖြေရှာသင့်ပြီထင်ပါကြောင်း။
ဂျူလိုင် ၉ ရက် ၂၀၁၄
ဒီနေ့ ကန်တဲ့ အာဂျင်တီးနားနဲ့  နယ်သာလန်ပွဲကတော့ အချိန်ပိုပြီးတဲ့အထိ တဂိုးမှမသွင်းနိုင်ကြလို့  ပယ်နတီကန်ပြီး အာဂျင်တီးနား ဖိုင်နယ်တက်သွားပြီ။
ကမ္ဘာ့ဖလားက ထူးတာတခုရှိတယ်။ ဘောလုံးအားနည်းတဲ့ အာရှနဲ့  အာဖရိကတိုက်ကလွဲရင် ကန်တဲ့တိုက်က နိုင်ငံတခုခုကပဲ နိုင်လေ့ရှိသတဲ့။ ဥရောပမှာကစားရင် ဥရောပအသင်းပဲနိုင်တယ်။ ဒီတခါက အမေရိကတိုက်တောင်ပိုင်းမှာ ကစားတာမို့  တောင်အမေရိကအသင်း အာဂျင်တီးနားနိုင်မယ်မှန်းကြတယ် ။ ဒါပေမဲ့ သူနဲ့ ဖိုင်နယ်မှာတွေ့ မဲ့ ဂျာမဏီက ဘရာဇီးကို အပြတ်အနိုင်ကန်လာတာမို့  မလွယ်ဘူး၊ ဒီတခါ အဲဒီဂွင်ပျက်မယ် ပြောသူလည်းရှိတယ်။
ဒီနေ့ က အာဂျင်တီးတားနိုင်ငံရဲ့  လွတ်လပ်ရေးနေ့ ဆိုပဲ။ သူတို့ ပြည်သူတွေပျော်သလို ဘရာဇီးတွေလည်း ပျော်ကြတယ်။ တကယ်ဆို ဒီနှစ်သင်းက ပြိုင်ဖက်တွေမို့  မတဲ့ကြဘူး။ ဒီတခါမှာတော့ သူတို့ တောင်အမေရိကရဲ့ လက်ထဲမှာ ကမ္ဘာ့ဖလား ကျန်ခဲ့စေရေးအတွက် ဘရာဇီးတွေက ဘရာဇီးအလံထောင်ပြီး အာဂျင်တီးနားကို အားပေးနေကြတယ်။
မက်စီလည်း ၁၉၈၆ခုနှစ်က မာရာဒိုနာ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအတွက် သယ်ပေးနိုင်ခဲ့သလို ဆောင်ရွက်နိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
အမေရိကန်အသင်း လိမ်ဖယ်ဖယ်နင့်ပြုတ်သွားပြီ။ ဘယ်လဂျီယံကို အချိန်ပိုတွင် ၂း၁ နှင့် ရှုံးသွားသည်။ ကွာတားသို့ တက်နှင့်ပြီးသော မက်စီတို့၏ အာဂျင်တီးနားနှင့် ဘယ်လဂျီယံ တွေ့ကြတော့မည်။
အမေရိကန်အသင်းကား အံ့ဘွယ်အသင်း။ ရှေ့တန်းတိုက်စစ်မှုး ကောင်းကောင်းမရှိပဲ ဂိုးသမားတော်လွန်းသောကြောင့်သာ ဒီအဆင့်ထိ တက်လာနိုင်ခြင်းဖြစ်သည်။
ဒီနိုငိငံရောက်မှ ဘောပွဲမကြည့်ရ။ အမေရိကန်တွေက Football ဆိုလျှင် သူတို့ရဲ့ လက်ပစ်ဘောကစားနည်းဟုထင်ကြသည်။ ဘောလုံးပွဲကြတော့ Soccer ဟုခေါ်သည်။ သူတို့က ဘေ့စ်ဘော၊ ဘတ်စကက်ဘောတွေပဲ ကြည့်ကြ အားပေးကြသောကြောင့် ဘောလုံးပွဲ က တီဗွီမှာ မလွှင့်။အားပေးမှုလည်း နည်းလှသည်။ မိန်းကလေးတွေလောက်ပဲ ဘောလုံးကန်ကြတာများသည်။ အခုလို ကမ္ဘာ့ဖလားပွဲတောင် ESPN လို အားကစားလိုင်းသီးသန့် ကပဲလွှင့်သည်။
ဒီလောက် အောင်မြင်လာသည်ကိုပင် အမေရိကန် လောလုံးအသင်း၏ ညီညွတ်မှုကြောင့်ဟု ဆိုချင်ပါသည်။
ဂျူလိုင် ၄ ရက် ၂၀၁၄
ကမ္ဘာ့ဖလားရဲ့  ကွာတားဖိုင်နယ် နှစ်ပွဲပြီးသွားပြီ။ အများမျှော်လင့်ထားသလိုပဲ ဂျာမဏီက ပြင်သစ်ကို ၁းဝ နဲ့ နိုင်ပြီး ဘရာဇီးက ကိုလံဘီယာကို ၂း၁ နဲ့ နိုင်တယ်။
ဘရာဇီးနဲ့  ကိုလံဘီယာပွဲပိုကြည့်ကောင်းတယ်။
ကိုလံဘီယာက လူငယ်ခြေတက်ကစားသမားလေးတွေနဲ့  အခြေခံထားတဲ့အသင်းလည်းဖြစ်တယ်။ နောက် လာမဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ ဒီလူငယ်တွေနဲ့  အခြေခံပြီး အရမ်းတောင့်တင်းတဲ့ အသင်းကြီးဖြစ်လာလိမ့်မယ်။
ဒီလိုဆက်ပြီး ခြေစွမ်းပြနိုင်မယ်ဆိုရင် လာမဲ့ July 8th Tuesday 1:00pm (PT) မှာကစားမဲ့ ဂျာမဏီ နဲ့ ဆီမီးဖိုင်နယ် ပွဲမှာ ဘရာဇီးနိုင်ဖို့  များပါတယ်။ Go Brazil.... We Love You...!!!
ဂျူလိုင် ၅ ရက် ၂၀၁၄
အာဂျင်တီးနားက ဘယ်လဂျီယံကို ၁းဝ နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားပြီ။ ထုံးစံအတိုင်း ခြေစွမ်းပြသွားသူက မက်စီပါပဲ။ ဒီလိုတိုက်စစ်မှူးကောင်းရှိတဲ့ အပြင် နောက်တန်းနဲ့ အလယ်တန်းကလည်း တဖက်အသင်းဂိုးသွင်းခွင့် မရအောင် ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။
ဒီနှစ် ဘယ်လဂျီယံအသင်းက လူငယ်လေးတွေလည်း အတော်ကောင်းပါတယ်။ အာဂျင်တီးနားနောက်တန်းကို မကျော်နိုင်ခဲ့လို့ ဂိုးရဖို့ မဖန်တီးနိုင်ပဲ အရှုံးနဲ့ အိမ်ပြန်ရတာ။
မက်စီ ဒီလိုသာ ခြေဆက်ကောင်းနေရင် နောက်တပွဲက တက်လာမဲ့ အသင်း ( နယ်သသာလန်နဲ့ ကော်စတာရီကာ ၊ နယ်သာလန်နိုင်ခြေများတယ်။) ကို အနိုင်ကစားနိုင်မယ် ထင်ရတယ်။ မက်စီက သူ့အသင်းကို မာရာဒိုနာလို ကမ္ဘာ့ဖလားရအောင် လုပ်ပေးနိုငိမလားဆိုတာ မကြာခင်သိရတော့မှာပါ။
အားလုံးရဲ့ အချစ်တော် ဘရာဇီးအသင်းကတော့ နေမာမပါတော့ဘူးတဲ့။ မနေ့က ကိုလံဘီယာနဲ့ပွဲမှာ ကျောရိုးနာသွားလို့တဲ့။ နေမာ မပါတော့ရင် ဘရာဇီးက ဂျာမနီကို အနိင်ကန်ဖို့ မလွယ်တော့ဘူး။ ကိုနေမာ မြန်မြန်နေကောင်းပါစေလို့ပဲ ဆုတောင်းပါတယ်။
ဒီနေ့ ဒုတိယ ကွာတားဖိုင်နယ်ပွဲက တဖက်သတ်ပွဲ။ နယ်သာလန်က ကော့စတာရီကာကို ပွဲအစအဆုံး တောက်လျှောက်ဖိထားတာ။ ကော်စတာရီကာကလည်း တသင်းလုံးဆင်းပြီး ခံစစ်နဲ့ ပိတ်ကစားထားတော့ ဒပ်ခ်ျတွေ ဘယ်လိုသွင်းသွင်း ဂိုးမရဘူး။
အနိုင်မခံ အရှုံးမပေးစိတ် ဆိုတာဒါပါပဲ။ ညီညီညွတ်ညွတ် စုပေါင်းခုခံတော့ ဂိုးသွင်းမခံရ။ ဂိုးသမားကလည်း အရမ်းတော်။ ဒပ်ခ်ျတွေ တဒိုင်းဒိုင်းသွင်းနေတာကို နေရယူမှန်စွာနဲ့ ပြန်ခုခံ။ ဒီလိုနဲ့ မိနစ်ကိုးဆယ်နဲ့ အချိန်ပိုပြီးထိ ဒပ်ခ်ျတွေ တစ်ဂိုးမှ သွင်းမရ။
နောက်ဆုံး ပယ်နယ်တီအဆုံးအဖြတ်နဲ့မှ ကော်စတာရီကာအသင်း ရှုံးသွားတယ်။ ဂရိနဲ့ ကန်တုန်းကလည်း ၁၀ ယောက်ထည်းနဲ့ ဂရိကိုဒီလိုပဲ ခုခံပြီး နောက်ဆုံးမှာ နိုင်ခဲ့ပေမဲ့ ဒီတခါတော့ ကံတရားက သူတို့ဖက်မှာ မရှိတော့။
လူကောင်ချင်းရော အင်အားချင်းပါကွာတဲ့ ဒပ်ခ်ျလို အသင်းကြီးကို နောက်ဆုံးမိနစ်ထိ ရေကုန်ရေခန်း ခုခံကစားသွားခဲ့တဲ့ ကော်စတာရီကာ အသင်းကို လေးစားစွာ ဂုဏ်ပြုပါတယ်။
ဒပ်ခ်ျကတော့ အာဂျင်တီးနားနဲ့ July 9th (Wed) 1:00pm (PT) မှာ ဆီမီးဖိုင်နယ် ကစားရပါတော့မယ်။
ဂျူလိုင် ၈ ရက် ၂၀၁၄
ပထမပိုင်းမှာငါးဂိုး ဂိုးမရှိနဲ့ ဂျာမဏီကဦးဆောင်နေပြီးနောက် ဒုတိယပိုင်းမှာ ဂျာမန်တိုက်စစ်မှူး ရှားလော့က နောက်ထပ်နှစ်ဂိုး ထပ်သွင်းပြန်လို့ ဂျာမန် ၇ ဂိုးရှိပြီ။ ဒီပွဲဟာ ကမ္ဘာ့ဖလားသမိုင်းရဲ့ ဆီမီးဖိုင်နယ်မှာ ဂိုးအများဆုံး အသွင်းခံရတဲ့ပွဲအဖြစ် စံချိန်တင်သွားပြီ။ ဘရာဇီးက ခြေပဂိုး တစ်ဂိုးကို ပွဲပြီးခါနီးမှ ပြန်သွင်းနိုင်ရှာတယ်။
ဘရာဇီးအတွက် မရှုမလှရှူံးရတာက သူ့ကွင်းနဲ့ သူ့ပရိတ်သပ်ရှေ့မှာမို့ ပိုရှက်ရှာကြမယ်။
နေမာအပေါ်အားထားလွန်းတာမီု့ နေမာမပါတော့လို့ တိုက်စစ်အားမရှိတော့ပဲ ဂျာမန်တိုက်စစ်အောက်မှာ မရှုမလှ ကျဆုံးရရှာတယ်။
နိုင်ငံရေးနယ်ပယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားထားကစားနေရတဲ့ ကစားကွက်ကနေ မပြောင်းနိုင်သေးရင် သူသာ မကစားနိုင်တော့ရင် ဘယ်လိုလုပ်ကြမယ်ဆိုတာ ခုထဲက အဖြေရှာသင့်ပြီထင်ပါကြောင်း။
ဂျူလိုင် ၉ ရက် ၂၀၁၄
ဒီနေ့ ကန်တဲ့ အာဂျင်တီးနားနဲ့  နယ်သာလန်ပွဲကတော့ အချိန်ပိုပြီးတဲ့အထိ တဂိုးမှမသွင်းနိုင်ကြလို့  ပယ်နတီကန်ပြီး အာဂျင်တီးနား ဖိုင်နယ်တက်သွားပြီ။
ကမ္ဘာ့ဖလားက ထူးတာတခုရှိတယ်။ ဘောလုံးအားနည်းတဲ့ အာရှနဲ့  အာဖရိကတိုက်ကလွဲရင် ကန်တဲ့တိုက်က နိုင်ငံတခုခုကပဲ နိုင်လေ့ရှိသတဲ့။ ဥရောပမှာကစားရင် ဥရောပအသင်းပဲနိုင်တယ်။ ဒီတခါက အမေရိကတိုက်တောင်ပိုင်းမှာ ကစားတာမို့  တောင်အမေရိကအသင်း အာဂျင်တီးနားနိုင်မယ်မှန်းကြတယ်
ဒီနေ့ က အာဂျင်တီးတားနိုင်ငံရဲ့  လွတ်လပ်ရေးနေ့ ဆိုပဲ။ သူတို့ ပြည်သူတွေပျော်သလို ဘရာဇီးတွေလည်း ပျော်ကြတယ်။ တကယ်ဆို ဒီနှစ်သင်းက ပြိုင်ဖက်တွေမို့  မတဲ့ကြဘူး။ ဒီတခါမှာတော့ သူတို့ တောင်အမေရိကရဲ့ လက်ထဲမှာ ကမ္ဘာ့ဖလား ကျန်ခဲ့စေရေးအတွက် ဘရာဇီးတွေက ဘရာဇီးအလံထောင်ပြီး အာဂျင်တီးနားကို အားပေးနေကြတယ်။
မက်စီလည်း ၁၉၈၆ခုနှစ်က မာရာဒိုနာ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအတွက် သယ်ပေးနိုင်ခဲ့သလို ဆောင်ရွက်နိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
Subscribe to:
Posts (Atom)