ဆဲဗင်းဂျူလိုင်(
7July ) အရေးအခင်းဖြစ်ခဲ့တာ ၅၂နှစ်ရှိပြီ။ယခုခေတ်
တက္ကသိုလ်ကျောင်းသားများကို သွားမေးရင် သိကြပါဦးမလား။ ခေတ်က ရာစုတဝက်ကျော်
ကွာခဲ့ပြီ။ စစ်အစိုးရ အဆက်ဆက်ကလည်း သမိုင်းကို မြေမြှုတ်ခဲ့တာ။
ကျွန်တော်တို့ တောင် အဲဒီ အချိန်က ထုတ်ဝေခဲ့တဲ့ စာစောင်ငယ်လေးတွေဖတ်ပြီး
သိခဲ့ကြရတာ။ ဇာတ်ရေလည်ခဲ့ရတာ။ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီး ပထမဆုံး
ကျောင်းသားနဲ့  စစ်အစိုးရ ထိပ်တိုက်တွေ့ ခဲ့တဲ့ပွဲ။ တပ်က တပ်မှူးကြီးတွေက
သူတို့ ကို အာခံတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့တဲ့ပွဲ။ နောက်ဆုံးမှာ သမိုင်းဝင် ကျောင်းသား သမဂ္ဂအဆောက်အဦကြီးပါ
မိုင်းကပ်ပြီး အစတုံးခံခဲ့ရတဲ့ပွဲ။
ခုထိ ဘယ်သူက ကျောင်းသားသမဂ္ဂကို မိုင်းခွဲဖို့  အမိန့် ပေးခဲ့တယ်ဆိုတာလည်း အဖြေမပေါ်ခဲ့။
ဦးနေဝင်းလိုလို၊ ဦးအောင်ကြီးလိုလို၊ ဗိုလ်မှူးကြီးတင်စိုးလိုလိုနဲ့ ပဲ
အဲဒီသူတွေလည်း မရှိတော့။ ဘယ်သူကမှလည်း တာဝန်မခံခဲ့။ ကျောင်းသားတွေကို
ပစ်ဖို့ ဦးဆောင်အမိန့် ပေးခဲ့တာလည်း ဗိုလ်ချုပ်စိန်လွင်ဆိုပေမဲ့
ဘာမှအရေးယူမခံရပဲ မဆလပါတီမှာ တွဲဖက်အထွေထွေအတွင်းရေးမှူး နောက်ပိုင်း
သမ္မတထိတောင် ဖြစ်လိုက်သေး။ ဒီအရေးအခင်းမှာ အသတ်ခံရလို့  သေဆုံးခဲ့ရတဲ့
ကျောင်းသားတွေအတွက်လည်း ဘယ်သူကမှ မတောင်းပန်ခဲ့။
အစိုးရက
အရင်အစိုးရတွေရဲ့ အမွေကို ဆက်ခံရတယ်ဆိုရင် ဒီကိစ္စကို
ပြန်လည်တောင်းပန်သင့်တယ်။ အာဏာသိမ်းစစ်အစိုးရက မဆင်မခြင်သတ်ဖြတ်ခဲ့တဲ့
ကိစ္စကို နောက်ပိုင်း စစ်အစိုးရတွေက တောင်းပန်သင့်တယ်။
အခုစစ်အစိုးရဝင်ဟောင်းတွေ ဘောင်းဘီချွတ်ပြီး အုပ်ချုပ်နေတာကြာခဲ့ပြီ။
တောင်းပန်မှုမရှိသေး။
ကျောင်းသားတွေကို ပြန်တောင်းပန်၊ သူတို့ ဖွဲ
့ချင်တဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ ခွင့်ပေးလိုက်ရင်
ကျောင်းသားတွေက အစိုးရကိုတောင် လော်ဘီလုပ်ပေးမှာ။ခုတော့ ၁၉၆၂ ကနေ ၂၀၁၄
သာရောက်လာတယ်။ ဒီအကြောင်းက တိမ်မြှုတ်နေဆဲ။
အဲဒီတုန်းက မတရားတဲ့
ဥပဒေတွေကိုဆန့် ကျင်ရင်းကျဆုံးခဲ့ကြတဲ့ ကျောင်းသားများကို ဦးညွှတ်ပါတယ်။
ကိုပေါ်ဦးပြောသလို " ကျောင်းနံရံတဝိုက်မှာ... ဒေါင်းအလံပြန်စိုက်နိုင်မဲ့နေ
့မှာ ငါတို့ ...............။ "
No comments:
Post a Comment