ဒီကျောင်းတော်ကြီးက အရပ်သားတွေနှစ်ပေါင်းများစွာနေခ
ပေးခဲ့တဲ့မြေမှာ ဆရာတော်ကြီး ဒကာတွေ အလှူငွေနဲ့ ဆောက်ခဲ့တာ။
ကျောင်းဖွင့်ပွဲမှာ ပီနန်ဆရာတော်ကြီးကို တီဗီ မင်းသား ဗိုလ်ချုပ်ခင်ညွန်ုကိုယ်တိုင် သာသနာရေးဌာနစာရွက်တွေ ကပ်လှူခဲ့တာ မှတ်မိသေးရဲ့။
ပီနန်ဆရာတော်ကြီးက သူတို့လိုသလို ခိုင်းလို့ရမဲ့ ဘုန်းကြီးမဟုတ်။ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအပြီး မစိုးရိမ်ဆရာတော်ကြီးနဲ့ပေါင်းက
အဲဒီ မဟာသန္တိသုခကျောင်းတော်ကြီးကို မဟနကပြန်သိမ်းပြီး မင်္ဂလာဆောင်ငှားသည်၊ ရုပ်ရှင်ရိုက်ကွင်းငှားသည်နဲ့ သာသနာရေးနဲ့ ဘာမှမဆိုင်တာတွေ လုပ်ပြီး စီးပွားရှာနေကြတာကြာလှပါပြီ။ ဘယ်လောက်စီးပွားဖြစ်တယ်။ အဲဒီငွေတွေ ဘယ်ရောက်ကုန်တယ်ဆိုတာတော့ သူတို့အသိဆုံးဖြစ်ပါလိမ့်မယ်။
အခု ခေတ်မှာ ပီနန်ဆရာတော်ကြီး ပြန်လာခွင့်ရတော့ သူ့ကျောင်းသူပြန်နေတာ သဘာဝကြပါတယ်။ ဒါပေမဲ့ သူတို့ကပ်တဲ့ ဘွဲ့တံဆိပ်တော်တွေလက်ခံခဲ့ပြီးမ
ပီနန်ဆရာတော်ကြီးကို နိုင်ငံခြားမှာ သူဌေးဒကာတွေ ဆောက်လှူထားတဲ့ကျောင်းကြီးတွေ အများကြီးပါ။ မလေးရှားပီနန်ကျွန်းကျောင်းတို့
သူ့ ဒကာတွေက ဒိထက်ကောင်းတဲ့ကျောင်းတွေ ဆောက်လှူနိုင်ပါတယ်။ မတရားတဲ့ အမှုမို့ ဆရာတော်ကြီးက တင်းခံနေတာပါ။
သာမန်ကျောင်းလုပွဲမဟုတ်ပဲ ဓမ္မနဲ့ အဓမ္မပြိုင်ပွဲပါ။ အဓမ္မအားကောင်းတဲ့ ခေတ်အခါမှာမို့ သူတို့နိုင်မယ်၊ မနိုင်လည်း အင်အားသုံးမယ်ဆိုတာသိသိနဲ့ မတရားတဲ့ အမိန့်အာဏာကို ပီနန်ဆရာတော်ကြီးက ဖီဆန်ပြခဲ့တယ်လို့ပဲယူဆပါတယ်။
ပီနန်ဆရာတော်ကြီးနဲ့ ကျောင်းမှာ သတင်းသုံးနေတဲ့ သံ ဃာတွေ အန္တာရယ်ကင်းဘေးရှင်းကြပါစေလို့ပ
သာသနာကို တကယ်စောင့်ရှောက်တော်မူမဲ့ သူတော်ကောင်းများ ပေါ်ထွန်းပါစေ။ အဓမ္မဝါဒီများ ကျဆုံးပါစေ။
No comments:
Post a Comment