Sunday, June 29, 2014

နိုင်ငံရေး ဟာသ

နေပြည်တော်က လွှတ်တော်ကြီးကိုတက်ဖို့ ဒေါ်အောင်ဆန်းစုကြည် လမ်းလျှောက်အလာ လွှတ်တော်အဝင်ဝမှာ ကလေးတယောက်က ခွေးပေါက်လေးတွေ ရောင်းနေပါတယ်။ ခွေးလေးတွေက မွေးစအရွယ်လေးတွေမို့ မျက်လုံးမပွင့်သေးပါဘူး။

ဒေါ်စုက ချစ်စရာခွေးလေးတွေမြင်တော့ ကိုင်ကြည့်ပါတယ်။ ကလေးကလည်း ခွေးလေးတွေဟာ NLD လေးတွေပါ လို့ ပြောပါတယ်။ ဒေါ်စုက ကလေးကို နောက်တပတ်မှာ ဒီခွေးလေးတွေ ရောင်းမကုန်ရင် သူ တကောင် ဝယ်မယ်လို့ ဂတိပေးပါတယ်။

နောက်အပတ် လွှတ်တော် အဝင်ဝမှာ ခွေးရောင်းတဲ့ ကလေးငယ်ကို ပြန်တွေ့ပါတယ်။ သူ့လက်ထဲမှာ နဲနဲကြီးလာပြီဖြစ်တဲ့ ခွေးလေးနှစ်ကောင် ကျန်နေပါတယ်။ ဒေါ်စုက သူ့ဂတိအတိုင်း တကောင်ဝယ်မယ်လုပ်တော့ ကလေးငယ်က သူ့ခွေးလေးတွေဟာ ကြံ့ခိုင်ရေးတွေဖြစ်သွားပြီလို့ ပြောပြပါတယ်။

ဒေါ်စုက အရင်အပတ်က မင်းပဲ ခွေးလေးတွေက NLD ဆို၊ ခုမှ ဘယ်လိုဖြစ်ပြီး ကြံ့ခိုင်ရေး ပြောင်းသွားတာလဲ လို့ ပြန်မေးပါတယ်။

ကလေးငယ် ပြန်ဖြေတဲ့ အဖြေကတော့. " အရင် အပတ်မှာ သူတို့က မျက်စိမပွင့်သေးတော့ စားပေါက်မရှာတတ်လို့ NLD ဖြစ်တာ။ ခုအပတ်တော့ မျက်လုံးပွင့် စားပေါက်တွေ့နေပြီမို့ ပြည်ခိုင်ဖြိုး ဖြစ်နေပါပြီ ခင်ဗျာ။ " ပါတဲ့။

No comments:

Post a Comment