ဒီလို အဝေးကန်တွေ ဘယ်လောက်လေ့ကျင့်ထားလည်း မသိဘူး။ ကန်တာတွေက ပြင်းမှပြင်း၊ တည့်မှတည့်။ ကမ္ဘာ့ချန်ပီယံ ပက်လက်လန်တာ မရှုမလှ။
ကျွန်တော်တို့နိုင်ငံ နိုင်ငံရေး ဘောပွဲ ၂၀၁၂မှာ ကြံ့ခိုင်ရေး မရှုမလှ ရှုံးတယ်။ သူတို့ စီမံကိန်းတွေ အများကြီးဆွဲပြီး နောက်ပွဲမှာ အနိုင်နွဲဖို့  သေချာပြင်ထားပြီ။ စီမံကိန်းတွေကို ထုတ်ပြလာပြီ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ဥပဒေတွေနဲ့ ကာလိုက်ပြီ။ မဲဆွယ်ပွဲ ခွင့်ပြုချက် ယူရမည်။ အပြင်လူလာမဆွယ်ရ။ စည်းကမ်းရှိရမည်။ သူ့လက်ထဲမှာ အနိုင်အရှုံးစာရင်းကိုင်ပြီး စည်းကမ်းငြိတယ်ဆိုကာ နိုင်သူရှုံးလိုက်ယုံပဲ။ လွယ်လွယ်လေး။
ဒုတိယတိုက်ကွက်ပေါ်လာပြန်သည်။ ပီအာတဲ့။ ဒေါ်စုက လွှတ်တော်ထဲက တပ်မတော်သားတွေကို ဝေဖန်တော့ သူတို့က ကြံ့ခိုင်ရေးနဲ့ ဝေးဝေးနေပြီး ပီအာကို ဆန့်ကျင်ပြသည်။ သို့သော် ကြံ့ခိုင်ရေးက အများစုမို့ နိုင်သည်။ NLD က အုပ်စုက သေးသေးလေး။ ဘာမှ လုပ်မရ။
တတိယအကွက်က လူချပြတော့သည်။ သူတို့ကို ယုံပြီး ပြည်တော်ပြန်ကြတဲ့ လူ၊ ရဟန်းတို့ကို ရှင်းလင်းနေပြီ။ မိုးသီး၊ မိုးဟိန်းစသည့် စွာတာတာများ ပြည်တော်ပြန်ခွင့် မရှိတော့။ ရဟန်းထဲက ဆန့်ကျင်ရေးခေါင်းဆောင် ပီနန်ဆရာတော်ကြီးကို ပြည်ပ အထွက်စောင့်ပြီး ဆရာတော်ရဲ့ လက်ရင်းတပည့်တွေ ဖမ်းလိုက်ပြီ။ ဆရာတော်ကြီးရဲ့ အရှိန်အဝါ နိုင်ငံတွင်းမှာ မရှိတော့။ ပီနန်ဆရာတော်ကြီးလည်း ပြန်လို့ ရတော့မည်မထင်။ ပြည်တွင်းက တက်ကြွရဟန်းတွေကိုလည်း မဘသနဲ့  မျှားလိုက်လို့  သူတို့ အတွက်တောင် လော်ဘီလုပ်ပေးတဲ့ လော်ဘီရဟန်းတွေ ဖြစ်နေကြပြီ။ ပြည်ပရဟန်းက ဂရုစိုက်စရာမလို။ အရင်ကလည်း ဂရုမစိုက်ခဲ့။
စတုတ္ထ အရှင်းခံရနိုင်သည်က ကျောင်းသားအုပ်စု။ ရှစ်ပူးတွေ။ သားသုံးသားမှာ စစ်သားက သူတို့လက်ထဲမှာ။ ဘုရားသားတွေ ရှင်းနေပြီ။ မြေသိမ်းယာသိမ်းတွေ လိုက်ကူညီနေတဲ့ ရဟန်းရှင်လူတွေ လည်း ရှင်းလင်းနေပြီ။ ရှစ်ပူးတွေကို သူတို့နဲ့လက်တွဲဖို့ အကြိမ်ကြိမ်ခေါ်ယူညှိနိုင်းသည်။ ရှစ်ပူးတွေက ခွတ်ဒေါင်းစိတ်ဓါတ်ဖြင့် လက်မခံတော့ ထောင်ချသည်။ ခုလည်း သူတို့ ရန်သူ ဒေါ်စုနဲ့ လက်တွဲပြီး ခြေဥပြင်ရေး လိုက်ဟောနေသည်။ မကြာခင် အလှည့်ကျတော့မည်က သူတို့ပါပဲ။
မြို့လည်က မိကျောင်းကန်အုပ်စု ဆန္ဒပြနေတာ တနိုငိငံလုံးမြေသိမ်းဆန္ဒပြနေတာေ
ဒီလိုလေ့ကျင့်ပြင်ဆင်မှုများဖြင်
No comments:
Post a Comment