Friday, June 20, 2014

မဆိုင်ပဲ ပြုတ်တဲ့ ဝန်ကြီး

ခုတလော ဆူညံနေတဲ့ မဟာသန္တိသုခကျောင်းက အဖမ်းခံ သံဃာတွေကို အာမခံနဲ့ လွှတ်ပေးပြီး သင်္ကန်းပြန်စီးစေမယ် သိရပါတယ်။ လန်ဒန်ဆရာတော် အပါအဝင် ဆရာတော်အချို့က ပီနန်ဆရာတော်ကြီးတပည့်ရင်းတွေ၊ နယ်စပ်မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ခဲ့သူတွေမို့ အမှုဟောင်းတွေ ပြန်ဖေါ်ရင် ကြိုက်တဲ့ အချိန် ပြန်ဆွဲလို့ရတယ်။ အခုက ရဟန်းတွေစိတ်ဆိုးကြလို့ အချိုသပ်ပြီး ပြင်္နလွှတ်ပေးတာပါ။ တကယ်က ကွင်းလုံးကျွတ် လွှတ်ရမှာ။

ပြီးတော့ မဆီမဆိုင် ကြားထဲက ငဝက်ခါးနာရတာက ဗခဆန်းဆင့်။ လူမှန်ကြီးမို့ ရန်ကုန်တိုင်းမှာလည်း ဒုတိုင်းမှုးက မတက်။ ဒုဗခကနဲ့ စစ်ရာထူးခန့်ချုပ်ဖြစ်ပြီး မကြာမှီ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌနဲ့ ချောင်ထိုးခံရ။ အဲဒီတိုင်းမှာ စားကောင်းနေတဲ့ တိုင်းဝန်ကြီးချုပ်နဲ့ အဆင်မပြေတော့ တိုင်းသားတွေ အသနားခံစာတင်ပြီးတောင်းဆိုနေတဲ့ကြားက ထပ်ပြောင်း။ ဝန်ကြီးဌာနတွေထဲမှာ တွေ့သမျှ ရှိခိုး လှုတန်းနေရတာမို့ ဂါမဲ့ဌာနလို့ နာမည်ရတဲ့ သာသနာရေးမှာ ဝန်ကြီးနဲ့ ထပ်ချောင်ထိုးခံနေရတာ။ သူကလည်း အစိုးရအဖွဲ့ဝင်တွေ အကျင့်ပျက်မှုပေါင်းစုံ သူ့မှာ အထောက်အထားရှိတယ်လို့ ပေါ်တင် စိမ်ခေါ်တဲ့ လူမျိုး။ အများနဲ့ တစ်ယောက်ဖြစ်ပြီး အရေးယူခံလိုက်ရတာ။

တကယ်အရေးယူသင့်တဲ့လူကို အရေးမယူပဲ မဆိုင်သူထိုးကျွေးခံရတယ်ပဲမြင်ပါတယ်။ ဗခကခင်ညွန့်တို့၊ ဗခလွန်းမောင်တို့ကတော့ ခုတိုင် အကိုကြီး ညီလေးတွေထိမှာစိုးလို့ ရေငုံနှုတ်ပိတ်နေကြတုန်းပဲ။ ဗခဆန်းဆင့် ဖေါ်ရဲမလားစောင့်ကြည့်ရမယ်။

No comments:

Post a Comment