Tuesday, May 12, 2015

နှင်းဆီတပွင့်

အိမ်မှာပွင့်တဲ့ နှင်းဆီလေးတွေထဲက အလှဆုံးတစ်ပွင့်ကို ခူးပြီး စားပွဲပေါ်တင်လိုက်တယ်။

သူ့ရနံ့နဲ့ သူ့အဆင်းက စာရေးစားပွဲကို ပိုလှ သွားစေသလို ခံစားရတယ်။ အရောင်အဆင်း သိပ်မရှိလှတဲ့ ပန်းတစ်ပွင့် ဆိုရင်တော့ စာရေးစားပွဲပေါ်မှာ အမှိုက်ရှုပ်တယ်လို့ ခံစားရမိမှာ အမှန်ပဲ။

သက်မဲ့ နှင်းဆီ အလှပန်းလေးကတောင် ဒီလို စွမ်းဆောင် နိုင်တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်ဆောင် သက်ရှိ နိုဗယ်လ်ဆုရှင်ကို အိမ်ဧည့်ခန်းမှာ တရိုတသေ နေရာပေးလိုက်ရင်ဖြင့် မြန်မာ့ဧည့်ခန်းဆောင်မှာ ကြက်သရေရှိလိုက်မဲ့ ဖြစ်ခြင်း။

ဧည့်ခန်းဆိုတာ လှပ တင့်တယ်တဲ့ ပန်းနဲ့သာ ထိုက်တန်တယ် မဟုတ်လား။ တန်ဖိုးမရှိလှတဲ့ ပန်းနဲ့သာ အလှချယ်မယ်ဆိုရင်တော့ ဧည့်ခန်းသာ အလှပျက်လို့ အမှိုက်ရှုပ်တာပဲ အဖတ်တင်မယ်။

ဧည့်ခန်းသာအတွက် အဖိုးတန်ပန်းတပွင့်ကို ကျွန်တော်တို့ တတွေ ရွေးချယ်နိုင်ကြပါစေ။

( နှင်းဆီ တပွင့်ကို ကြည့်ရင်း ဖြစ်တည်လာတဲ့ အတွေးရောင်စုံကို မျှဝေပါတယ်။ )


 

No comments:

Post a Comment