ဝှိုက်ကပ်ကိုင်ထားတဲ့
ဘင်ဝါလီတွေကို ဝှိုက်ကပ်တွေ ပြန်အပ်ခိုင်းတော့ ဘာမှမသိတဲ့ လူတွေက
ဝမ်းသာကြတယ်။ အစိုးရကို ကျေးဇူးတွေတင်ကြတယ်။ ခိုးဝင် ဘင်ဂါလီတွေတရားမဝင်
ပြန်ဖြစ်သွားပြီ ထင်ကြတယ်။
ခုတော့ လဝက က တရားဝင် ထုတ်ပြောလိုက်ပါပြီ။ ဘင်ဂါလီတွေကို အစိမ်းကပ်လို့ ခေါ်တဲ့ ဧည့်နိုင်ငံသားကပ် ထုတ်ပေးမလို့  ပြန်သိမ်းတာပါတဲ့။သူတို့ ကို ယာယီ နိုင်ငံသားကနေ ဧည့်နိုင်ငံသားအဆင့်ကို တိုးပေးလိုက်တော့မယ်တဲ့။ လေးသိန်းခွဲလောက် ပြန်အပ်တာမို့  လေးသိန်းခွဲသော ဘင်ဂါလီများကို အစိမ်းကပ် ထုတ်ပေးမှာပါတဲ့။
ဘာမှန်းမသိခင်က ကျေးဇူးတွေ တင်ခဲ့ကြတဲ့ ရခိုင်ပြည်သူတွေတော့ အတော် ဒေါသ ထွက်နေလောက်ပြီ။ အွန်လိုင်းပေါ်က မျိုးချစ်ဆိုတဲ့ ဆရာတွေ ဆီကလည်း ဘာသံမှ မကြားရသေး။

No comments:
Post a Comment