အဖေ့ကို ကျွန်တော်တို့ မောင်နှမက ပါပါးလို့ ခေါ်တယ်။ အဖေက တရုတ်သွေးပါသူပေမဲ့ အလွန်ဗမာဆန်သူပါ။ ဒါကြောင့်လည်း ဗမာဖြစ်တဲ့ အမေနဲ့ ဖူးစာဆုံခဲ့ဟန်တူရဲ့။
ရန်ကုန် ၁၈ လမ်းမှာမွေးပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ အဖေက ရန်ကုန်ကို သိပ်မခင်တွယ်ဘူး။ ရာစုနှစ်တဝက်လောက် နေခဲ့တဲ့ တောင်ငူကိုပဲ ခင်တွယ်တယ်။ ဘယ်သူမေးမေး တောင်ငူသားလို့ ပြောတတ်တယ်။
ကျွန်တော်တို့ မောင်နှမတွေ လူလားမြောက်သည်အထိ အထည်ရောင်းပြီး ရိုးသားစွာ အသက်မွေးခဲ့တဲ့အဖေက ကျွန်တော်တို့ကို ရိုးသားစွာ နေထိုင်တတ်ခြင်းဆိုတဲ့ အမွေကို ပေးခဲ့တယ်။
အဖေ အမြဲပြောတတ်တဲ့စကားရှိတယ်။ မိဘကြောင့် သားသမီးတွေ ဂုဏ်မငယ်ပါစေနဲ့တဲ့။ သူ့ကြောင့်လည်း ဘယ်သားသမီးမှ အပြောမခံရအောင် သူနေပြသွားခဲ့တယ်။ ယနေ့တိုင် အဖေ့သား ဖြစ်ရတာ ဂုဏ်မငယ်ခဲ့။ သူ့သားမှန်းသိတာနဲ့ သူ့မိတ်ဆွေတွေက မင်းအဖေက သိပ်ရိုးသားတယ် သိပ်အလုပ်ကြိုးစားတာနဲ့ ပြောတတ်ကြတော့ အဖေ့ကိုယ်စား ဂုဏ်ယူမိပါတယ်။
ကလေးကို မရိုက်ရဘူးဆိုတဲ့ ဆောင်ပုဒ်က သူ့ လက်ကိုင်။ ဘယ်ကလေးကိုမှ သူမရိုက်ခဲ့။ စကားနဲ့ပဲ ဆုံးမတယ်။ သင်ပြတယ်။ ဒါကြောင့် ငယ်ငယ်က မရိုက်တဲ့ အဖေ့ကို သိပ်မကြောက်ပဲ ရိုက်တဲ့ အမေ့ကိုပဲ ကြောက်ခဲ့တယ်။
ကျွန်တော်က အေးအေးလေးနဲ့ဆိုးတဲ့ သား။ လမ်းပေါ်မှာ အနေများတဲ့ကောင်။ ညဆို လက်ဖက်ရည်ဆိုင်မှာ သန်းကောင်ထိ ထိုင်တတ်သူ။ အမေက ဒါတွေကို လုံးဝမကြိုက်။ အမေဆူရင် ဒေါသတွေ ပေါက်ကွဲရင် ကျွန်တော့ဖက်က ရပ်တည်ပေးတာ အဖေပါပဲ။ ငါတို့သားက အမှားအမှန် ခွဲခြားတတ်ပါတယ်။ သားကို သူယုံတယ်တဲ့။
အိမ်နားနီးချင်းတွေနဲ့ကတော့
ငယ်စဉ်ထဲက ကိုယ့်ဒူးကိုယ်ချွန် ကျိုးစားရုန်းကန်ခဲ့ရတဲ့အဖေ
တခါတရံ အမေနဲ့ လင်မယားသဘာဝ ကတောက်ကဆ ဖြစ်ကြရင် အဖေက သားကြီး ကျွန်တော့ကို လက်ဆွဲပြီး အပြင်ထွက် ရုပ်ရှင်သွားကြည့်တတ်တယ်။ စိတ်တို စိတ်ဆိုးရင် အရက်မသောက်နဲ့ စိတ်ပြေအောင် ရုပ်ရှင်ကြည့်ရသတဲ့။ အဲဒါလည်း ထူးလှတဲ့ သူ့ အယူအဆ တခုပါ။
ရန်ကုန်က ဈေးဝယ်ပြီး ပြန်လာတိုင်း မိသားစုအတွက် စားစရာတခုခု အမြဲပါနေကြ။ ဖရဲသီးပေါ်ချိန်ဆို အလုံးကြီးသုံးလေးလုံး။ အထည်ထုပ်တွေအပြင် ဖရဲသီးကြီးတွေပါ အလေးခံ သယ်လာတဲ့ အဖေ။ သားသမီးတွေကို စားစေချင်တဲ့ အဖေ့မေတ္တာကို ကိုယ်တိုင် အဖေဖြစ်တော့ ပိုနားလည်မိပါတယ်။
အဖေက ပညာကိုလည်း သိပ်အားပေးတယ်။ သူငယ်ငယ်က အခြေအနေမပေးလို့ ပညာကောင်းစွာမသင်ခဲ့ရလို့ ဆိုပြီး သူ့သားသမီးတွေကို ပညာတတ်တွေ ဖြစ်လာအောင် ပြုစုပေးခဲ့တယ်။ အင်ဂျင်နီယာ သုံးယောက်နဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲ ပညာရှင်တဦး ( ညီအလတ်ကောင်က သူ့အကို အင်ဂျင်နီယာကြီး ဘွဲ့ရအလုပ်မရှိဖြစ်နေချိန်မ
မနက်တိုင်း အစောကြီးထ၊ ဈေးထွက်။ ဥပုဒ်နေ့ တိုင်း မြို့ထိပ်က သိမ်ဥူးကျောင်းကို ဥပုဒ်စောင့်သွား။ တရားနာပြီး ညနေမှ ဘုန်းကြီးကျောင်းကပြန်တယ်။ တရားပွဲဆို ရှေ့ဆုံးကသွားပြီး နာရုံမကပဲ ကက်ဆက်နဲ့လည်း အသံဖမ်းတယ်။ ဒါကြောင့် အိမ်မှာ တရားတိပ်ခွေတွေ ရာချီရှိခဲ့တယ်။ သူ့ရဲ့ ဓမ္မမိတ်ဆွေတွေကိုလည်း ငှားတယ်။ ဝေငှတယ်။ ဥပုဒ်နေ့တိုင်း ဘုန်းကြီးကျောင်းတက်တဲ့အဖေဟ
သူမဆုံးခင် ဆေးရုံမှာ ဝါဆိုသင်္ကန်းကပ်၊ ပိဋကပ်သုံးပုံ စာအုပ်တွေလှုတယ်။ ငါဝါဆိုသင်္ကန်းကပ်ခဲ့တာ နှစ်ငါးဆယ်ရှိခဲ့ပြီ။ ကောင်းမှုကုသိုလ်တွေလည်း အများကြီး ပြုခဲ့ပြီ။ သားသမီးတွေအပေါ်လည်း တာဝန်မရှိတော့ဘူး။ သူသေလို့ရပြီ။ သူသေရင် ငိုမနေကြနဲ့လို့ ပြောခဲ့သေးတယ်။ ဆေးရုံက ကျွန်တော် ပြန်ခါနီးချိန်မှာ သား သွားတော့ ကားချိန်နီးပြီ။ အဖေ့အတွက်မပူနဲ့တဲ့။ နွေးထွေးလှတဲ့ အဖေ့ရဲ့ လက်ကလေးကို ဆုပ်ကိုင် အားပေးရင်း ခုတခေါက် တွေ့ဆုံခြင်းဟာ နောက်ဆုံးတွေ့ဆုံခြင်းပဲလို
ကျွန်တော်ပြန်ပြီး သုံးလလောက်မှာ ဂျပန်က ညီအလတ် ဖုန်းဆက်လာတယ်။ ပါပါး ဆုံးသွားပြီတဲ့။ ဖြေဆည်ရာကို ကြိုတင်တွေးထားတဲ့ ကျွန်တော် မျက်ရည်မကျခဲ့ပါဘူး။ အဖေနဲ့သားကြားက နားလည်မှုတရားကို အဖေ အသိဆုံးနေမှာမို့ မငိုခဲ့တာပါ။
အဖေကတော့ သူ့တာဝန် သူကျေလို့ ခရီးတခု ထွက်သွားခဲ့ပြီ။ ကျန်ခဲ့တဲ့ ကျွန်တော် ကလည်း အဖေ့လိုပဲ အဖေ့တာဝန် ကျေအောင် ထမ်းရွက်ပါ့မယ်လို့ အဖေနေ့မှာ အဖေ့ကို တိုင်တည် ဂတိပေးပါတယ်။
ကမ္ဘာလောက ပေါ်မှာရှိကြသော အဖေပီသတဲ့ အဖေအပေါင်းကိုလည်း ဒီနေရာကနေပြီး ဂါရဝ ပြုလိုက်ပါတယ်။
အဖေအားလုံး ကျန်းမာ ချမ်းသာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment