ဆေးကောင်စီလိုပဲ ဆ/မ ထုတ်ပေးတယ်။ ဆ/မ ရမှ ဆရာဝန်ဖြစ်မယ်။ ဘွဲ့ရရုံနဲ့ Dr မတတ်ရ ဆိုတဲ့ သဘော။
အင်ဂျင်နီယာ ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် PE လက်မှတ် မရှိသူ Engr လို့ မတတ်ရ ဆိုတဲ့ သဘော သက်ရောက်တယ်။
ဒီနိုင်ငံက PE တွေကတော့ PE မောင်ဖြူ PE မောင်နီ နဲ့ ရေးကြတာ တွေ့ဖူးတယ်။
ဒီမှာ အရင်က EIT (Engineer in Training) စာမေးပွဲလို့ ခေါ်တယ်။ ခုတော့ PE/
FE ( Practical Engineer/ Fundamental Engineer) စာမေးပွဲလို့
ပြောင်းထားတယ်။
နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် PE တွေ မွေးပေးနေတယ်ဆိုတဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီကို လေးစားပါတယ်။ PE လက်မှတ် ရသူမှ Engr တပ်လို့ရမယ် ဆိုတဲ့ ထုတ်ပြန်ချက် ကြီးကတော့ တမျိုးကြီးပဲ။
နိုင်ငံတကာမှာ PE မရှိပဲ လုပ်နေကြတဲ့ Engr တွေ အများကြီးပါ။
PE မရှိပဲ Engr တပ်ရင် ဘယ်လို အရေးယူမယ်၊ ပြစ်ဒဏ်က ဘယ်လို ဆိုတာ သိရင် ပြောပြကြပါဦး သူငယ်ချင်း အင်ဂျင်နီယာများ ခင်ဗျား။

No comments:
Post a Comment