ပြည်ထောင်စုနေ့
ညီနောင်တစ်စု
တည်ထောင်ပြုတဲ့
ပြည်ထောင်စုနေ့... ရောက်ပြန်ပေါ့။
စစ်မှန်တဲ့ပြည်ထောင်စုစနစ်တစ်ခုကို အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ကြပါစေ။
ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကြားက အမုန်းတရားတွေကင်းစင်ပြီး ချစ်ခြင်းမေတ္တာတွေ ဝေနိုင်ကြပါစေ။
စစ်မီးတောက်နေတဲ့ ပြည်နယ်တွေလည်း ငြိမ်းချမ်းကြပါစေ။
စစ်ဘေးရှောင်တွေလည်း အမြန်အိမ်ပြန်နိုင်ကြပါစေ။
ဒီလိုဒီလို ဆုတွေလည်းတောင်းမိရဲ့။
မြန်မာပြည်(ဗမာပြည်)။ ဒီပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိတယ်။ ဘာသာမျိုးစုံကိုးကွယ်ယုံကြည်ကြတယ်။ ဘာသာစကားတွေမတူကြဘူး။ ဒါပေမဲ့ အားလုံးဟာမြန်မာပြည်သားတွေ။ မြန်မာ့မြေမှာမွေးတဲ့ We are Myanmar. တွေ။
အင်္ဂလိပ်လက်အောက်ကလွတ်မြောက်ဖို့ တော်လှန်ကြစဉ်က ဘာသာလူမျိုးမခွဲခဲ့ကြ။တစိတ်တဝမ်းထဲ။ နောက်ပိုင်းတော့ သဘောထားတွေကွဲ။ တိုက်ကြ၊ သတ်ကြ၊ သေကြ။ ဘယ်သူသေသေ ဝမ်းမသာနိုင်။ အားလုံးဟာ မြန်မာနိုင်ငံသားတွေပဲမို့ မြန်မာပြည်အတွက် ကြီးစွာသော ဆုံးရှုံးမှုပါပဲ။
လက်ရှိပြည်ထောင်စုကြီးရဲ့ အနာဂတ်က ဝေဝေဝါးဝါး။ ဒုတိယပင်လုံအတွက် ဆက်လက်ဆွေးနွေးဖို့တောင်မရေရာတဲ့အခြေ။
ကမ္ဘာပေါ်မှာ တတ်မတော်တွေအများဆုံးနိုင်ငံ၊ တပ်ချုပ်တွေအများဆုံးနိုင်ငံ၊ပြည်တွင်းစစ်အရှည်ဆုံနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ပြည်ထောင်စုသားတိုင်းရင်းသားတွေ စစ်မှန်တဲ့ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီး တည်ထောင်နိုင်ပါစေလို့ လှိုက်လှဲစွာတောင်းဆုပြုပါတယ်။
ပြည်ထောင်စုသားတွေ ကျန်းမာချမ်းသာကြပါစေ။
We are Myanmar....!!!!!!!
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment