Thursday, February 22, 2018

နောက်ကျတဲ့ဆောင်း

နောက်ကျဆောင်း.. သို့

အလည်လွန်နေတဲ့ဆောင်း
နောက်ကျစွာနဲ့ပဲ
အနောက်အရပ်ဆီ
ရောက်ရှိခဲ့ပြီ။

အေးချမ်းမှုဝတ်ရုံ
လွှမ်းခြုံပေးတဲ့
ဟေမာန်ရေ...
တစ်နှစ်တစ်ခေါက်တော့
ဆက်ဆက်လာပါကွယ်။

နောက်ကျတတ်သူခြင်း
အတင်းစကားမဆို
ငါလည်းမင်းလို
နောက်ကျတတ်သူပါ။

အရောက်နောက်ကျ
အတွေ့နောက်ကျ
အရနောက်ကျ
ဆယ်စုနှစ်တွေ
အများကြီးနောက်ကျ။

မင်းနဲ့ဆုံတွေ့ရတဲ့ခဏ
အားလုံးကိုမေ့ပစ်ရင်း
အေးချမ်းတဲ့ရင်ခွင်မှာ
ခိုလှုံခွင့်ပေးပါကွယ်။

မောင်ရေခဲ

No comments:

Post a Comment