Thursday, February 22, 2018

မြင်တိုင်း မယုံနဲ့

Seeing is not always believing.
မြင်သမျှဟာ အမြဲတန်း မယုံရပါ။

ဒီစကားစုလေးက လူ့အခွင့်အရေးတိုက်ပွဲခေါင်းဆောင်မာသင်လူသာကင်း(ဂျူနီယာ)ရဲ့ စကားစုလေးပေါ့။ အကြောင်းအရာတစ်ခုကို အစအဆုံးမလေ့လာပဲ လိုရာဆွဲပြီး ဖြတ်ညှပ်ကပ်လုပ်ထားတာလေးကိုဖြန့်ဝေရင်း ဟုတ်တယ်ထင်ကြသူက အများစု။ ပတ်ဝန်းကျင်ကြောင့်အထင်မှားအမြင်မှားဖြစ်တတ်တဲ့ပညာရပ်က သပ်သပ်ပေါ့လေ။ အဲဒါက အမြင်လှည့်စားခြင်းပညာတဲ့။

အမြင်လှည့်စားခြင်းပညာ(Optical Illusion) ကို မျက်လှည့်ပညာမှာပဲ တွေ့ရတာမဟုတ်ပါ။ လက်တွေ့လောကထဲက mysterious places တွေမှာလည်း တွေ့နိုင်ပါတယ်။ လူရဲ့မျက်လုံးကို လှည့်စားနေတဲ့အမြင်တွေဖြစ်တဲ့အတွက် မြင်တိုင်းမယုံသင့်သော အရာများပေါ့။ အဲဒီထဲက တချို့တဝက်သောပုံတွေကို ဝေမျှပါရစေ။

(ပုံတွေကို လက်နဲ့ထောက်ပြီး ပုံကြီးချဲ့ကြည့်ကြပါရန်။)

(၁)ယုံလား၊ဘဲလား၊ ဘယ်နဲ့ညာ အားစိုက်ကြည့်ရင် ဘဲဖြစ်လိုက်၊ ယုံဖြစ်လိုက်ပေါ့။

(၂)ပူးပေါင်းနေသော ခုံတန်းများ။ စိုက်ကြည့်ပေးရင် တစ်ခုနဲ့တစ်ခု ပေါင်းလိုက်ကွာလိုက်ဖြစ်နေတယ်။

(၃)ကာနစ်ဇတြိဂံ။ အဖြူရောင်လိုင်းနဲ့ တြိဂံမြင်နေရပေမဲ့ ဘာမျဉ်းမှ မဆွဲ။

(၄)မျဉ်းထောင် မျဉ်းလျှား။ မျဉ်းထောင်ကပိုရှည်တယ်ထင်ရပေမဲ့ တကယ်က အလျှားအတူတူပဲ။

(၅)ပွန်န်ဇို။ အဝါရောင်မျဉ်းတူနှစ်ကြောင်းပေမဲ့ အောက်မျဉ်းက တိုနေသလို။

(၆)အရောင်ရင့်နု။ အလယ်ကိုတစ်ရောင်ထဲဆွဲထားပေမဲ့ နောက်ခံကြောင့် အရောင်အရင့်အနုမြင်နေရတယ်။(နောက်ခံကို လက်နဲ့ကာကြည့်မှ တစ်ရောင်ထဲမှန်းသိရမယ်။)

(၇)အတ်ပင်ဟော့။ ဘေးပတ်လည်က စက်ဝိုင်းတွေကြောင့်အရွယ်တူ အဝါရောင်စက်ဝိုင်းနှစ်ခုကို အသေးအကြီး မြင်နေရတယ်။

(၈)အလျှားလိုက်မျဉ်းပြိုင်တွေကို ရွှဲ့စောင်းနေတယ်လို့ မြင်နေရတာ။

(၉)အကွာအဝေးတူ အစိမ်းရောင်အလုံးလေးတွေကို မညီမညာထင်နေရတယ်။

(၁၀)စက်ဝိုင်းတွေသီးခြားစီ ရှိနေတာကို စက်ဝိုင်းခြင်းဖြတ်နေကြသလို ထင်ရတယ်။

(၁၁)မာရီလင်မွန်ရိုးလား။ အိုင်စတိုင်းလား။

(၁၂)ဖုန်းကို အနီးအဝေးလုပ်ပြီး ပြောင်းကြည့်ရင် စက်ဝိုင်းတွေလည်နေတယ်။

ဒါတွေကတော့ အမြင်လှည့်စားမှုတွေထဲက တချို့တဝက်ပေါ့။

ပတ်ဝန်းကျင်မြင်ကွင်းတွေရဲ့လှည့်စားမှုကြောင့် ကုန်းဆင်းကို ကုန်းတက်သဖွယ်ထင်တတ်တဲ့နေရာတွေရှိတယ်။ အဲဒီနေရာတွေထဲမှာ နေပြည်တော်ကလမ်းတစ်ခုလည်းပါရဲ့။

ပွန်ဇိုလှည့်စားခြင်းလို့ခေါ်တဲ့ မျဉ်းစောင်းတွေကြောင့် အနိမ့်အမြင့်တွေလွဲမှားစွာမြင်ရခြင်း၊ အရှည်အတိုတွေမြင်နေရခြင်းတွေကိုတော့ အံသြဖွယ်အိမ်(mystery house) တွေမှာ ဖန်တည်းတယ်။ မောင်လူပေတို့နားက Santa Cruz mystery House ဟာ ဒီနည်းကိုသုံးပြီး လှည့်စားထားတာပဲ။ ဒီလိုလှည့်စားတည်ဆောက်ထားတဲ့အိမ်တွေ အမေရိကားမှာ အများကြီးရှိတယ်။ အဲဒီအိမ်တွေအားလုံးရဲ့တူညီချက်ကတော့ အိမ်တွေအားလုံးဟာ ရွဲ့စောင်းနေတယ်။ ကုန်းဆင်းမှာတစောင်းကြီးဖြစ်အောင် တည်ထားတယ်။ ဒါဟာ မျဉ်းစောင်းတွေနဲ့ အမြင်ကိုလှည့်စားခြင်းပါပဲ။

(၁၃)အိမ်ကိုဒီလို ၂၀ံလောက်စောင်းထားကြတယ်။

(၁၄)အထဲကလူတွေကို အပြင်ကကြည့်ရင် ပထမပုံလိုမြင်ရပေမဲ့၊ အထဲကအမြင်မှာတော့ ဒုတိယပုံလိုမြင်နေရမယ်။ လူရဲ့ဦးနှောက်က အမြင်အားလုံးကို အတည့်ဖြစ်အောင်လိုက်ညှိတဲ့အတွက် ဒီလိုတွေမြင်ရတာ။ ကြာကြာကြည့်နေရင် မူးလာတာလည်း ဒါကြောင့်ပါပဲ။

(၁၅) ရေက အပေါ်ကိုစီးတယ် ထင်ရတယ်။

မျက်လှည့်မှာအခြေခံတဲ့ အမြင်လှည့်စားခြင်းတွေကို သိသမျှ ဝေမျှရင်း တချို့အရာတွေမှာ မြင်သမျှဟာ မယုံရပါလို့သာ။

နိုင်ငံရေး၊စီးပွားရေးတွေလိုက်ဖတ်ရင်းခေါင်းရှုတ်လာလို့ ပျော်စရာ စိတ်ဝင်စားဖွယ်လေးတွေ လိုက်ဖတ်ရင်း မျှဝေလိုက်ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေကျန်းမာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment