မောင်ညီမလေးတို့ရေ........။
တခါက ယိုးဒယားပြည်နယ်တစ်ခုမှာ နယ်စားဗိုလ်ချုပ်ညီအကိုနဲ့ သူတို့ကိုသစ္စာခံတဲ့ တပည့်တွေရှိပါသတဲ့။
တနေ့ကြတော့ ဗမာဘုရင် အလောင်းဖရားရဲ့ စစ်တပ်ကြီးက သူတို့ကို လာတိုက်ပါတယ်တဲ့။
အားလုံးညီညီညာညာခုခံပေမဲံ အင်အားချင်းမမျှလို့
မနိုင်ပဲ အဖမ်းခံရပါသတဲ့။
ဖမ်းမိသူတွေအားလုံးကို မသေမရှင်နှိတ်စက်ပြီးမှ သတ်ဖို့အမိန့်ချပြီး မသတ်ခင် လိုရာဆုတောင်းစေပါတယ်တဲ့။
ဗိုလ်ချုပ်နှစ်ဦးနဲ့ သူတို့ရဲ့ တပည့်အားလုံးက " ဖြစ်လေရာဘဝမှာ ဗမာတွေကို စစ်အင်အားနဲ့ ပြန်အနိုင်ယူနှိပ်စက်နိုင်တဲ့သူ
လို့ တညီတညာထဲ ဆုတောင်းကြပါသတဲ့။
ပြီးမှ ပြုံးပြုံးလေး အသတ်ခံပါသတဲ့။
သူတို့ဆုတောင်းခဲ့တဲ့ ကုန်းဟာ ဆုတောင်းပြည့်ကုန်း
ဖြစ်နေလို့ ဆုတောင်းပြည့်ပြီး အကိုကြီးဗိုလ်ချုပ်က ဗိုလ်ချုပ်နေဝင်းဘဝနဲ့ ပြန်ဝင်စား၊ ညီဗိုလ်ချုပ်က ဗိုလ်ချုပ်သန်းရွှေဘဝနဲ့ ပြန်ဝင်စား၊ တပည့်များကလည်း လူယုံတပည့်ဗိုလ်ချုပ်များအဖြစ် ပြန်ဝင်စားကြကာ
သူတို့ဆုတောင်းအတိုင်း ဗမာပြည်ကြီးကို စစ်အင်အားနဲ့ ပြန်လည်အနိုင်ယူ နှိတ်စက်ကြပါသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
မောင်ညီမလေးတို့တတွေလည်း ဒီပုံပြင်ထဲက ဗိုလ်ချုပ်ညီအကိုနဲ့ တပည့်များဘေးရန်က ဝေးကွာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။
No comments:
Post a Comment