တောင်ငူဆိုတဲ့မြို့လေးမှာ မြို့ကျက်သရေဆောင်
ကန်တော်ကြီးနဲ့ အပန်းဖြေစရာ ဥယျာဉ်သာတို့
ရှိခဲ့ဖူးပါတယ်။
ဘယ်ရာသီဖြစ်ဖြစ် ကြည်လင်အေးမြနေတဲ့ ရေကန်သာနဲ့ ပန်းခြံမဟာလေးပါ။
ရေကန်သာကိုဖြတ်သန်းတိုက်ခတ်လာတဲ
လေနုအေးလေးကို တခိုက်တမက်ရှုရှိက်ရင်းနဲ့
အဝေးမှာ လှမ်းမြင်နေရတဲ့ ရွှေဆံတော်စေတီတော်မြတ်ကို လှမ်းပြီး ကြည်ညိုနိုင်ပါတယ်။
ပန်းခြံထဲမှာ ကလေးကစားကွင်းလေးလည်း
တပါတည်း တည်ရှိနေတာမို့
ချစ်စဖွယ် ကလေးငယ်များရဲ့ ပျော်ပျော်ပါးပါး
ဆော့ကစားနေသံများကလည်း
ကြားရသူစိတ်ဘဝင်ကို သာယာစေပါသေးတယ်။
မိသားစုလိုက်သစ်ပင်အောက်မှာ ပျော်ပွဲစားထွက်ရင်း
ပူပြင်းလှတဲ့ နွေရာသီမှာ အပူရှောင်စရာ အိုအေစစ်
နေရာလေးဆိုလည်း မမှားပါ။
ကျွန်းငယ်လေးကိုဆက်သွယ်ပေးထားတဲ
လမ်းလျှောက်နေကြတဲ့ စုံတွဲလေးတွေအတွက်ဆို
ဒီကန်မဟာက ချစ်သူ့နန်းတော်ပေါ့။
သစ်ပင်အောက်မှာတီတီတာတာ ချစ်ခွန်းသီမလား။
ရေကန်သာထဲမှာ လှေငှားစီးရင်း အချစ်သီချင်းဆိုမလား
သူတို့အတွက်တော့ချစ်သူတို့ပျော်
ဝါသနာရှင် ချောင်းကိုကိုများကလည်း ဒီအတွဲလေးတွေက သူတို့အတွက် ဖျော်ဖြေရေး
အစီအစဉ်ကောင်းလေးမို့ နေရာကောင်းက ရှုစားနိုင်ရေးအတွက် စောစောထဲက သစ်ပင်ပေါ်တက်သူတက် ခြုံနဲ့မဝေးတဲ့ မြင်ကွင်းသာမဲ့
နေရာလေးတွေမှာ အသက်ဖြေးဖြေးရှုရင်း
ဝါသနာအလျှောက် ချောင်းကြည့်ပြုံးပြန် လုပ်နိုင်ပါသေးတယ်။
တခါတခါလဲ စတိတ်ရှိုးစီစဉ်သူရှိရင် မြကျွန်းသာရဲ့
ညနေခင်းလေးက သီချင်းသံတွေနဲ့ သာယာလို့။
မများလှတဲ့ဝင်ကြေးလေးပေးရုံနဲ့ နိုင်ငံကျော် အဆိုတော်များကို အရှင်လတ်လတ်မြင်ရမယ်။
နဲနဲရဲတဲ့သူဆို စင်နောက်သွားပြီး အဲဒီအဆိုတော်များနဲ့
စကားတမြည်ပြောရင်း လေဖောလို့တောင်ရသေး။
မောင်လူပေ အပြောကောင်းလို့ မင်းတို့တောင်ငူက
ကန်တော်မဟာကို လှမ်းလာချင်စိတ်တွေ ဖြစ်နေပြီလား။
စိတ်လျှော့လိုက်ပါသူငယ်ချင်း။ တခါတုန်းကလို့
စကားခံထားတယ်လေ။
မင်းတို့ကန်တော်ကြီးက အရှင်လတ်လတ် မြေရှိုးမိုးပျံသွားလို့လားမေးရင
မဟုတ်ပါဘူး ရှိပါတယ်လို့ပြောရမှာပါ။
သို့သော်လည်းပေါ့လေ။ အဲဒီ ပြည်သူများအပန်းဖြေတဲ့
ကန်တော်မဟာဘေးမှာ တောင်ငူသားအမည်ခံ
ခရိုနီကိုကိုက ဟော်တယ်တော်မြတ်ကိုတည်ဆောက်ပြီး
အဲဒီ မဟာကံသာကို သံစူးကြိုးခတ်ကာ သူဝယ်လိုက်ပါပြီဆိုပြီး အပိုင်စီးသွားပါသဖြင့်
မည်သူမျှ အပန်းဖြေခွင့် မပြုတော့ပါတဲ့။
ထို့ပြင်တဝ ဒီကန်တော်မှာ ငါးတော်များပါမွေးမြူထားပါသတဲ့။
သူ့ဟေယ်တယ်တည်းခိုသူများ လတ်ဆတ်သောငါးများ
စားစေနိုင်ရန် စီစဉ်ထားဟန်ရှိပါရဲ့။
ဒိထက်ဆိုးတာက မနေ့က ကန်တော်ကြီးနဲ့ ကပ်ရက်ရပ်ကွက် မီးလောင်တော့
မီးသတ်ကားကို ဒီရေကန်ကရေ ပေးမစုတ်ဖူးဆိုပဲ။
လူနေအိမ်တွေထက် ငါးကတန်ဖိုးကြီးပေတာကိုး။
ဒီလိုဖြစ်နေတာတွေကြားနေရတဲ့ မောင်လူပေလည်း
ဒေါသပွားမိရုံမှတပါး ဘာမှမတတ်နိုင်တဲ့ဘဝမို့
သွေးကျဆေးသောက်ရင်း
သဗ္ဗေသတ္တာ ကမ္မသကာလို့ ဥပက္ခာ ဒေသနာသာ ပွားနေရပါကြောင်း သူတော်ကောင်း အပေါင်းတို့။
စာကြွင်း
ငယ်သူငယ်ချင်း ခရိုနီကိုကို ချမ်းသာနေတာကို မုဒိတာပွားပါတယ်။
သူလည်း ရန်ကုန်မှာနေတာမို့  ဒီအကြောင်းတွေ သိချင်မှသိမှာပါ။
သို့ သော်လည်း သူ့ တပည့်ကျော်များက နောင်ကိုမီးလောင်တိုင်း ကန်တော်ကြီးရေ ပေးမသုံးရင် တောင်ငူမြို့ လေး ပြာကျသွားမှာစိုးပါတယ်။
တောင်ငူဈေးကြီးကလည်း ဒုတိယံပိ မီးဘေးကြောင့် ကုန်ပါပြီ။
ဒါကြောင့် နောင်ကို မီးဘေးကြုံရင် ကန်တော်ကြီးရေ ပေးသုံးရေးအတွက်
သူနဲ့  အဆက်အသွယ်ရှီသူများ သူ့ကိုပြောပေးကြပါ။
ကျွန်တော်နဲ့ ကတော့ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်ပါေ
No comments:
Post a Comment