တခါက လယ်သမားတစ်ဦးက လယ်တောအိမ်လေးမှာ
မိသားစုတွေတိုးလာပြီး နေရတာ ကျဉ်းကျပ်လွန်းလို့ ပညာရှိကြီးကို ဘာလုပ်ရမလဲလို့ သွားမေးပါသတဲ့။
အဲဒီပညာရှိကြီးက မင်းမွေးထားတဲ့ ဆိတ်သုံးကောင်ကို အိမ်ထဲ ထည့်လိုက်လို့ အကြံပေးသတဲ့။
နဂိုကကျပ်ရတဲ့အထဲ ဆိတ်တွေရောက်လာတော့ ပိုဆိုးပြီး နေမရတော့လို့ ပညာရှိကြီးဆီ သွားမေးပြန်ပါတယ်တဲ့။
ပညာရှိကြီးက အိမ်ပြင်က မင်းရဲ့ ကြက်ငါးကောင်ကို အိမ်ထဲထပ်ထည့်လိုက်လို့ ခိုင်းပြန်ပါသတဲ့။
အိမ်သေးသေးမှာ မိသားစုတွေအပြင် ဆိတ်တွေ ကြက်တွေနဲ့ အိပ်ရုံသာသာပဲနေရာကျန်ပြီး ပိုဆိုးလာတော့ ပညာရှိကြီးဆီ သွားပြီး အကူအညီတောင်းရပြန်ရောပေါ့။
ဒီတခါလည်း ပညာရှိကြီးက မင်းရဲ့ ကုလားအုပ်ကြီးပါ အိမ်ထဲထည့်လိုက်လို့ ခိုင်းပြန်ပါရောတဲ့။
ပညာရှိကြီး ပြောတဲ့အတိုင်း ဆိတ်တွေ၊ကြက်တွေနဲ့ ကုလားအုပ်ပါ အိမ်ထဲထည့်ထားရတော့ နေစရာမရှိတော့ပဲ မတ်တပ်ရပ်နေရပြီး အဲဒီ အကောင်တွေကလည်း ဆူညံနေတာမို့ ပညာရှိကြီးဆီ ထပ်ပြေးပြီး ဆရာပြောတဲ့အတိုင်း ဆောင်ရွက်တာ မတ်တတ်အိပ်ရတဲ့ဘဝရောက်ပြီး ပင်ပန်းနေပါပြီလို့ ငြီးညူပါသတဲ့။
ဒီအချိန်ကြမှပဲ ပညာရှိကြီးက မင်းရဲ့ အကောင်ပေါင်းစုံကို အိမ်ထဲကပြန်ထုတ်လိုက်တော့လို့ ညွှန်ကြားပါသတဲ့။
အဲဒီကြမှပဲ လယ်သမားရဲ့ တဲလေးဟာ အရမ်းကျယ်သွားပြီး လယ်သမားလည်း စိတ်တွေချမ်းသာသွားပါတော့တယ်တဲ့
ကျွန်တော်တို့တတွေလည်း လယ်သမားနဲ့ ဘာထူးလဲဗျာ။
နဂိုကရှိထားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အကုန်သိမ်း၊ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အိမ် ကား ဖုန်း အစားအသောက် အလုပ်အကိုင်တွေကို အကုန်ထိန်းချုပ်ထားလို့ စားဝတ်နေရေး ဆက်သွယ်ရေး အားလုံးကျပ်တည်းကျဉ်းမြောင်းအော
ခုမှ လယ်သမားအိမ်ထဲမှာ ဒုက္ခပင်လည်ဝေနေတော့မှ ကားဈေးလေးကျလာအောင်လုပ်ပေး၊ ဖုန်းဈေးလေးကျလာအောင်လုပ်ပေးနဲ
ဒါတောင် ပြန်ထုတ်စရာ အကောင်တွေ အများကြီးကျန်နေသေးလို့ ကျပ်နေဆဲပါ။
ဒီလိုနှစ်ကောင်လောက်ပြန်ထုတ်ပြီ
အဲဒီ မျက်လှည့်ပွဲကလေးကွက်ကို လက်ခုတ်တီးအားပေးတဲ့အထဲမှာ ကျွန်တော်နဲ့ ကျွန်တော့ရဲ့ ရင်ဘတ်တူ သယ်ချင်းများ မပါဝင်ပါကြောင်း အာမခံပါရစေ ခင်ဗျား။
No comments:
Post a Comment