မဲ့သူပေါ့။
စိနသွေးနှောသော ဗမာပေါက်တွေအကြောင်းစဉ်းစားရင်း
" တံတာတာ တေးဖွဲ့လို့ တီဆိုမှာပါ။ မောင်မယ်တွေ ပြုံးပန်းနဲ့ ကြိုင်လှိုင်စေရာ"
တောင်ငူမြို့ရဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ နယ်ခံဖြစ်တဲ့ တရုတ်အမျိုးသားများအဖွဲ့ရဲ့ ဖျော်ဖြေနေသံပါ။
ရန်ကုန်မှနာမည်ကျော်တီးဝိုင်းတေ
ယုံချင်ယုံ မယုံချင်နေ။ တရုတ်တီးဝိုင်းကလည်းသူ့ပရိတ်သတ်
ရန်ကုန်ဝိုင်းတွေပါလို့ အားပေးသူမရှိဘူး မထင်နဲ့။
အဓိက အမာခံအင်အားတွေက လူကြီးပိုင်းတွေနဲ့ ကလေးအုပ်စုပေါ့။
လူကြီးနဲ့ကလေးတွေက ရန်ကုန်တီးဝိုင်းတွေကို တိုးမကြည့်နိုင်ဘူး။ အခမဲ့ပွဲတွေဆိုတော့ တနယ်လုံးဆင်းလာတာ လူပင်လယ်ကြီးအလား။
မတိုးဝှေ့နိုင်တော့ လူမတိုးပဲကြည့်ရတဲ့ တရုတ်အသင်းကားက အိုကေတာပေါ့။ မောင်လူပေတို့ ကလေးတသိုက်က ရှေ့ဆုံးမှာ နေရာယူပြီး ဖျော်ဖြေမဲ့ မှတ်တိုင်တိုင်းကိုလိုက်တာပဲ။ ကလေးတွေကို သကြားလုံးလည်းဝေတယ်။ ကားကိုကာထားတဲ့ ကြိုးကိုလိုက်ဆွဲရင် ဒန်ပေါက်တောင်ကျွေးသေး။
ဘယ်လောက်ကောင်းလဲ။ ပွဲလည်းကြည့်ရ ဘိုက်လည်းဝ။
တီဝိုင်းကလည်း ပစ္စည်းစုံပါတယ်။ ဂီတာသုံးလက်၊ ဒရမ်တို့ အပြင် ထရမ်းပက်၊ဆက်ဆိုဖုန်း၊ကလဲနက် စသည့် လေမှုတ်တူရိယာများပါ ပါသေး၊ ငယ်တုန်းကတော့ အဲ့တာတွေကို မခေါ်တတ်လို့  ဂေါ်ဂီးဂေါ်တွေလို့ ပဲ ခေါ်တာ။ သူတို့ တွေ ဂေါ်ဂီးဂေါ်တွေမှုတ်တာ ကောင်းမှကောင်း။
ဒရမ်မာ ကိုရွှေသွားကလည်း သူ့ ရွှေသွားတွေပေါ်အောင်ပြုံးရင်း အသကုန်တီးတာပဲ။ ဒရမ်တွေက သားရည်သားတွေမကောင်းတော့ ဘတ်ဘတ်ဘတ်၊ဘုတ်ဘုတ်ဘုတ်နဲ့  ပဲ အသံထွက်ပါတယ်။
တီးဝိုင်းဆရာတွေကလည်း ပေါ့သေးသေးတွေမဟုတ်ဘူး၊ ဝါသနာအရ မိုက်ခဲတွေမို့  မနေနိုင်လို့  တီးဆိုကြတာ။ သူဌေးတွေ။ ဝိုင်းဆရာ ဦးချင်းပိုးဆိုရင် ဘုရားပွဲနီးတာနဲ့  သူ့ ဆီစက်ကြီးပစ်ထားပြီး သီချင်းပဲ ကျင့်တော့တာ။ ကိုရွှေသွားလည်းအတူတူပဲ။ ဆေးဆိုင် မရောင်းတော့ပဲ ဒရမ်ပဲလှိမ့်တီးနေတာ။ ကိုကြယ်နီကလည်း သူ ပိုးနေတဲ့ မမလေးဆိုမှာမို့  ကားပစ္စည်းဆိုင်ကြီး ပစ်ထားပြီး တီးဝိုင်းလေ့ကျင့်နေတဲ့နေရာမှာပ
အခြား အဆိုအတီးပညာရှင်တွေထဲမှာ မှတ်မိသရွေ့ ဆိုရင် အမေရိကန်ရောက် မိစံရဲ့  အကို အမတွေ၊ ရွှေသွားညီမ မလှကြည်၊ အလှပဂေး ခင်စန်းဝင်း စတဲ့ မြို့ ပေါ်က ပိုက်ဆံရှိ ဝါသနာအိုးတွေ။(နောက် မျိုးဆက်သစ် မိစံတို့ တောင် ဝင်ဆိုသေးတယ်။)
တရုပ်မဖြူဖြူချောချောလေးတွေ ဆိုတာမို့  ကိုကိုကာလသားတချို့ ကလည်း ငန်းရင်း အားပေးကြသေးတယ်။ ရောက်ရာမှတ်တိုင်မှာ အစီအစဉ်မှုး ဦးချင်းပိုးကြီးက "ယခုအချိန်မှ စပြီး တရုပ် အမျိုးတားများအဖွဲ့ က တေးတံတာများနဲ့  တီဆိုဖျော်ဖြေပါတော့မယ် " လို့  အသံဝါကြီးနဲ့  ကြေညာပြီးတာနဲ့  အဖွင့်သီချင်း " တံတာတာ တေးဖွဲ့ လို့  တီဆိုမှာပါ" နဲ့  စတာပဲ။ လက်ခုတ်သံရှင်တွေကတော့ ရှေ့ ဆုံးက မောင်လူပေတို့  ကလေးအုပ်နဲ့  လူကြီးများပေါ့။
တညလုံးကိုဆိုကြတာပဲ။ မိုးလင်းခါနီး လူလေးငါးယောက်ပဲအားပေးတဲ့  အချိန်ထိကို ဆိုကောင်းနေကြတုန်း။ရန်ကုန်တီးဝ
"တံတာတာ တေးတံတာ" တွေကို တတ်သလိုဆိုကြတာပဲ။
"ပုလဲများလိုဥတဲ့ မောင့်ရှစ်တူ လေးကိုကွယ်၊ တင်းတင်းပျံ့  ပျံ့  မွှေးမွှေးလေး နာမည်လေး တခုပေးချင်တယ်။ "
" အရှစ်ရယ်၊ မင်းကိုငါ တိတ်ရှစ်တယ်၊ ဝေတံတရာလို အရှစ်မျိုးလေးနဲ့ ပါ"
"ရှစ်တူလာတောညက ငွေလတာပါတယ်"
"ဒါပေမဲ့ တား တယောက်မှာလေ၊ အမေတခု တားတခုမို့  တာပဲလေ။"
" ရရှိမှမဟုတ်ဘူး အရှစ်ဆိုတာ အေးမိစံနားလည်စေတားကွယ်"
စသည်စသည် သီချင်းစုံကို ဆိုကြတီးကြတာ။ တောင်ငူသားက ရှစ်နဲ့  ချစ်ကို ပီအောင် မပြောနိုင်ကြဘူး။ အချစ်ဆို အရှစ်လို့ အသံထွက်ကြတာပဲ။ ဆိုတဲ့ သီချင်း အများစုကတော့ ဂျင်မီဂျက်တို့  ကန့် ကော်တောမျိုးအောင် တို့  သီချင်းတွေ ခေတ်စားချိန်မို့  သူတို့ သီချင်းတွေပေါ့။
တရုတ်အဖွဲ့ မို့  တရုတ်သီချင်းမဆိုဘူးလားမေးရင် တပုဒ်၊နှစ်ပုဒ်လောက်တော့ဆိုပါတယ
နင်ဘယ်မှာလဲ လို့  အဓိပ္ပါယ်ရတဲ့  " ကြိုက်နာ့လီ " လောက်ပဲ မှတ်မိတော့တယ်။ ကျန်တာတွေကတော့ ရင်ထဲက ခံစားချက်တွေနဲ့  ဗမာသီချင်းတွေပဲ ဟဲတာပါ။ ဗမာပေါက်တွေပဲ မဟုတ်လား။
"တံတာတာတေးတံတာ" တွေကြောင့် ကိုကြယ်နီလည်း သူ့ ချစ်ချစ် အဆိုတော်မလေးနဲ့  အကြောင်းပါလို့  ခုဆို သူ့ ကလေးတွေတောင် ကြီးကုန်ပြီ။ ဦးချင်းပိုးတို့  ကိုရွှေသွားတို့ လည်း အသက်တွေရလာလို့  မဆိုကြ မတီးကြတော့ဘူး။ ဂေါ်ဂီးဂေါ် ဆရာတွေလည်း လေကုန်ပြီး မမှုတ်နိုင်ကြတော့။ ဒါပေမဲ့  မောင်လူပေ့နားထဲ မှာတော့ သူတို့ တတွေ ဆိုတီးနေကြဆဲ။ နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲတော်မှာ နွဲပျော်နေဆဲ။ တံတာတာ တေးတံတာများ လွင့်ပျံနေဆဲ။
ဒီလို တရုတ်၊ဗမာ၊ကုလား အတူတူနေ။တစ်မြေထဲနေ တစ်ရေထဲသောက်ခဲ့ကြတဲ့ သူတွေအချင်းချင်း စိတ်ဝမ်းကွဲအောင် ရေးသားပြောဆိုနေတာတွေတွေ့ လို့  စိတ်မချမ်းသာလို့  ဒီစာလေးရေးတာပါ။ မောင်လူပေကတော့ အဝေးကနေ ဗမာပြည်သားအပေါင်း ကျန်းမာကြစေကြောင်း တောင်းဆုပြုပါတယ်။ "တံတာတာ တေးတံတာ"များနဲ့  ဝေဆာကြပါစေ။
No comments:
Post a Comment