Wednesday, May 21, 2014

လှူကြသူတို့  အကြောင်း

သန်မတဂျီးအပါအဝင် ဝန်ဂျီးများက လစာ၏ ၂၅%ကို ဆင်းရဲသူများကို လှူပါမည်တဲ့။

သာဓုပါဂျာ။ ပိုပြီး ကုသိုလ်ရအောင် မကြေညာရဲတဲ့ ပိုင်ဆိုင်မှုတွေရဲ့ ၂၅% တို့၊ လာတ်ငွေ ကန်တော့ငွေ၊ ဂါငွေစသည့် အခြားသော တရားမဝင်ငွေများရဲ့ ၂၅% တို့ကိုပါ လှူပေးပါလား။ ကုသိုလ်တွေ ပိုရတာပေါ့။

ဆင်းရဲကြသူများကို မုန့်ဖိုးလေးလှူပေးလိုက်။

ဒီနေ့ပျော် နက်ဖြန်ငတ်။

မဆလ ၂၆ နှစ်။ နဝတ၊ နအဖ ၂၃နှစ်။ ဘောင်းဘီချွတ် ၃နှစ်။ ပေါင်း ၅၂ နှစ်။ အချိန်တွေကို နှမျောလိုက်တာ။

ဒီ နှစ် ၅၀ ကျော်မှာ တိုင်းပြည်ကိုကောင်းစွာ ဦးဆောင်နိုင်မဲ့ ခေါင်းဆောင် မပေါ်ခဲ့တာကတော့ သားသားတို့ ကံပေါ့။

ယိုးဒယားကို အလကားနေ သွားစစ်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ အကုသိုလ်ကံတွေ မကုန်သေးလို့နေမှာပါ။

No comments:

Post a Comment