Thursday, February 12, 2015

သူ့ တာဝန်နဲ့  သူ

ဆရာက စာသင်တယ်။ သူ့အလုပ်။

ဆရာဝန်က ဆေးကုတယ်။ သူ့အလုပ်။

ဈေးသည်က ဈေးရောင်းတယ်။ သူ့အလုပ်။

တက္ကစီသမားက ကားမောင်းတယ်။သူ့အလုပ်။

စစ်သားက စစ်တိုက်တယ်။ သူ့အလုပ်။

ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ယူ။

စစ်တိုက်တယ်ဆိုတာ ကိုယ်က အရင်သတ်ရင်သတ်၊ မသတ်နိုင်ရင် သူများသတ်တာခံ ဒါပဲ။

စစ်ပွဲမှာ ကျဆုံးရင် ထိုက်သင့်တဲ့ ဆုတံဆိပ်တွေ ချီးမြှင့်ငွေတွေ ရမယ်။

ဒါဏ်ရာနဲ့ ထွက်ရရင်လည်း ထိုက်သင့်တဲ့ ခံစားမှု ရမယ်။

တပ်ကထွက်ရင် အကျိုးခံစားခွင့် ဆုငွေရမယ်။ အလုပ်လျှောက်ရင် စစ်ပြန်ခံစားခွင့် အမှတ် ရမယ်။ ပညာသင်ခွင့် ရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုရမယ်။

ငါအသက်စွန့်တိုက်နေရတယ်လို့ ဘယ် စစ်သားကမှ မကြွေးကြော်ဘူး။ သူ့အလုပ် သူလုပ်တာပဲ။
သူတို့ကို ပြည်သူတွေက မင်းရဲ့ အလုပ်အတွက် ကျေးဇူးတင်တယ် လို့ ပြောတာနဲ့ လုံလောက်ပြီ။
တကယ့် စစ်သားကောင်းတွေက ဘယ်တော့မှ အသံထွက်ပြီး မအော်ဘူး။ နာမည်လည်း မယူဘူး။ သူ့အလုပ် သူလုပ်တယ်လို့ပဲ ခံယူတယ်။

အသံကောင်းဟစ်နေတာ အဘဘောမ တွေပါ။ ဖတ်မိတာတွေမှာ မဆီမဆိုင် ကျောင်းသားတွေကို လောက်ကိုင်ပို့လိုက် ဘာညာနဲ့ ရေးနေတာဖတ်မိလို့ စိတ်အချဉ်ပေါက်ပြီး ရေးလိုက်တယ်။

တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူသွားပါကြောင်း လို့တောင် နာရေးမှာ ဖေါ်ပြခွင့် မရခဲ့ရှာတဲ့ ကျဆုံး အရာရှိ၊ ရဲဘော်၊ ရဲမေများအတွက်တော့ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။

နောင်ဘဝမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ ကင်းကြပါစေ။

No comments:

Post a Comment