အခမဲ့ မူလတန်း ပညာရေးတောင် မသင်ခဲ့ရတဲ့ ကလေးမလေးက ညောင်ဦးနားမှာ သူ့မိသားစုနဲ့ နေတယ်။ မွေးချင်းလေးဦးမှာ သူက အကြီးဆုံး။ သူ့မှာ မိဘစုံညီရှိပေမဲ့ အမြဲမူးပြီး သောင်းကျန်းနေတဲ့ အဖေကြောင့် ကျောင်းတောင် မနေခဲ့ရရှာ။
သူ့အဖေက ကလေးတွေ ပညာတတ်ရင် သူ့ကိုရောင်းစားသွားမှာ စိုးလို့ ပညာမသင်ပေးတာပါတဲ့။
သူမကတော့ ကိုယ့်အဖေကို ဘယ်သူကရောင်းမယ်တဲ့လဲ။ ရောင်းလို့ရရင်တောင်မှ ဘယ်သွားရောင်းရမယ် မသိပါဘူးတဲ့။ ရောင်းလို့ရရင်တော့ ဒီအဖေမျိုး သူမလိုချင်လို့ ရောင်းချင်ပါတယ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်ဆီမှာ သူလိုတဲ့ အိမ်ဝိုင်း၊ ဆိပ်အုပ်၊ နွားအုပ်တွေ
သွားတောင်းရင်ရမယ် လို့လဲ ထင်နေရှာတယ်။ ဒီမိုကရေစီရရင်
အားလုံးချမ်းသာပြီလို့ ထင်မှတ်နေတယ်။ ဒေါ်စုကို ကယ်တင်ရှင်လို့
ထင်နေကြသူတွေထဲမှာ သူမလည်း ပါတယ်။
ဆင်းရဲပြီး ပညာအားနည်းကြရှာတဲ့ ကျေးလက်နေ ပြည်သူအများစုက ဒီလိုပဲ ထင်နေကြတာပါပဲ။
ဒီမှတ်တမ်းတင် ကားတိုလေး ကြည့်ုရင်း တွေးမိတာလေးရှိတယ်။
ဒီလို အပြစ်မဲ့ ကလေးတွေကို လူ့လောကထဲ ဆွဲသွင်းလာပြီး မိဘတာဝန် မကြေတဲ့ သူတွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ။
အိမ်ထောင်ပြုမဲ့သူတွေကို အိမ်ထောင်သယ်တာဝန်များ ဆိုတဲ့ သင်တန်းတက်ခိုင်း။ သင်တန်းမှာ စာတွေ့ လက်တွေ့သင်ပေး။ ငွေကြေး အခြေအနေ စစ်မေး။ အားလုံး အောင်မှတ်ရမှ ကလေးယူခွင့်လက်မှတ် ထုတ်ပေး။ မအောင်ရင် မင်္ဂလာဆောင်ခွင့်ပဲရှိတယ်။ ကလေးယူမယ်ဆို ဖမ်းဆီးခံရမယ်ပေါ့။
ဒီလို အောင်ကြူကြူအတွေးတွေ ခေါင်းထဲဝင်လာတာ။
နောက်တခုတွေးမိတာက အမျိုးစောင့်ဥပဒေဘာညာနဲ့ ဘယ်လောက်လုပ်လုပ်၊ ဒီလိုဘဝတွေကို တိုးတက်အောင် မလုပ်ပေးနိုင်ရင် အလကားဖြစ်မှာပါပဲ။
ဘဝဆိုတာ ပျောက်ဆုံးနေတဲ့ ဒီလိုကလေးမလေးတွေဟာ သူတို့ ဘဝပြောင်းလည်းဖို့ အတွက်ဆို ဘာပဲလုပ်ရလုပ်ရ လုပ်ကြမဲ့ သူတွေက အများစုပဲ ဖြစ်မှာပါ။
ဗမာပြည်အနှံ့ က အမှိုက်ပုံတွေမှာ ကလေးတွေ ရှိနေသ၍၊လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ကလေးတွေ စားပွဲထိုးနေသ၍ ၊ ကျောင်းနေအရွယ်ကလေးတွေ လယ်ထဲ လုပ်ငန်းခွင်ထဲမှာ လုပ်နေရတာ မြင်နေရသ၍ ဘာ ဥပဒေနဲ့မှ တားလို့ ရနိုင်မယ်မထင်။
ဒီအလေးတွေကို ဘဝပျက်သွားအောင် နိပ်စက်ခဲ့တဲ့ စနစ်ဆိုးကြီးကို ပြင်နိုင်တဲ့ နေ့တနေ့တော့ မကြာခင်မြင်ရ ပါလိမ့်မယ်။
အဲဒီကြရင်တော့ ဘာဥပဒေမှမလိုပဲ ဒီကလေးတွေ အမျိုးစောင့်ရင်း စာသင်ခန်းထဲမှာ ပျှော်ရွှင်နေကြပါလိမ့်မယ်။
အဲဒီနေ့ကတော့...,,,, ။

No comments:
Post a Comment