ခလရ၁၁၁ က တပ်ရင်း တစ်ရင်းလုံးနီးပါး အကျအဆုံးနဲ့ ဒါဏ်ရာတွေ ရကြသတဲ့။ စိတ်မကောင်းလိုက်တာ။ နှစ်ဖက်လုံးမှာ ကျဆုံးမှုရှိတယ် ဆိုပေမဲ့ မြန်မာတပ်က အများကြီး ကျဆုံးရတဲ့ အကြောင်းကတော့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ စခန်းကြီးတွေကို သွားတိုက်
ရတာမို့ သတ်ကွင်းထဲဝင်ရ မိုင်းကွင်းထဲဝင်ရ၊ တောင်ပေါ်က ပစ်ချတော့ အတုန်းအရုံးကျ၊ မိုင်းတွေနင်းပြီးကျဆုံး။
ထိခိုက်ဒါဏ်ရာရတဲ့လူ တက်ဆွဲရင်းကျဆုံး။ အလောင်းတက်ဆွဲရင်း ကျဆုံး နဲ့ နည်းမယ်မထင်။
ကရင်နဲ့ အသည်းအသန် တိုက်နေတုန်းကလည်း ထိုနည်းလည်းကောင်း။ စခန်းတစ်ခုရဖို့ ပေးလိုက်ရတဲ့ အသက်တွေ မနည်းမနော။ အိမ်ရှေ့မှာ နေသွားတဲ့ ဒေါ်တုတ်ဆို သားလေးယောက်လုံး ကရင်ပြည်နယ်မှာ အသက်ပေးခဲ့ရတယ်။ တနှစ်ကျော်ကျော်အတွင်း သားတွေ အကုန် ကျဆုံးကုန်တာမို့ သူ့မှာ အရူးတပိုင်းပဲ။
မော်ဖိုးကေတို့ မဲလတို့ ဝမ်ခသစ်တို့ ဝမ်ခဟောင်းတို့ ရဖို့ တပ်က အသက်ပေါင်း ထောင်ချီ စတေးခဲ့ရတယ်။ ငပွေးတွေရဲ့သတ်ကွင်းမှန်း သိပေမဲ့ အမိန့်နဲ့တက်ခိုင်းတော့ တက်ကြရ၊ သေကြရပေါ့။ စခန်းတကြော မိုင်းပေါမှန်း သိသိနဲ့ အမိန့်ပေးတော့သွားကြရ။ မိုင်းထိပြီး ရှောကြ၊ ပြတ်ကြရ။ မှတ်မိသမျှဆိုရင် အရင်တုန်းက တပ်မတော်နေ့ ချီတက်ပွဲတွေမှာ စစ်ရေးပြမှူးကြီးလုပ်ခဲ့ပြီး
အခုတော့လည်း ဖထီးတွေနဲ့ ချစ်လိုက်ကြပြန်ပြီ။ အဲဒီလို ချစ်ကြမယ်ဆိုလည်း စောစောထဲက ချစ်ကြရင် သိပ်ကောင်းမှာ။ ဒေါ်တုတ်လည်း သားလေးယောက်လုံး မဆုံးရ။ ဝဏ္ဏလည်း မကျဆုံးရ တော့ဘူးပေါ့။
တိုင်းရင်းသားတွေ ဘက်ကလည်း ပေးဆပ်ခဲ့ရတာ မနည်းပါ။ ရွာတွေပြောင်းရ။ တောထဲမှာ ရွာပုန်းတွေဖြစ်။ နှစ်ဖက်ထောင်ထားတဲ့ မိုင်းတွေနင်းမိပြီး ပြတ်ကြ သေကြရတာပဲ။
ကိုးကန်းက တရုတ်ဆိုပေမဲ့ ဗမာနယ်ထဲမှာ နေတဲ့ တရုတ်တွေ။ တရုတ်သမ္မတကလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးနေပြီ။ ပန်ဆန်း တိုင်းရင်းသားညီလာခံမှာလည်း
(ဗမာပြည် တပြည်လုံး ငြိမ်းချမ်းပါစေ။ )
No comments:
Post a Comment