ဟုတ်ကဲ့။
ပြည်သူတို့၏ လူမှုဘဝတွေ ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်။
ဟုတ်ကဲ့။
ပြုပြင်မှုတွေကို အရှိန်အဟုန်မြှင့်နေပါတယ်။
ဟုတ်ကဲ့။
ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး ဖြစ်တော့မယ်။
ဟုတ်ကဲ့။
နိုင်ငံတော်အကြီးအကဲများကလည်း နေ့မနား ညမအား ဆက်လက် ဆောင်ရွက်နေပါတယ်။
ဟုတ်ကဲ့။
လမ်းတွေပျက်တာ မိုးများလို့ပါ။ မိုးမင်းကြီးမှာ အပြစ်ရှိပါတယ်။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။
ဟုတ်ကဲ့။
မဲစာရင်းတွေမှားတာ ဆော့ဝဲလ်ကြောင့်ပါ။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။
ဟုတ်ကဲ့။
ရေတွေကြီးတာ မိုးများလို့ပါပဲ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။
ဟုတ်ကဲ့။
အလုပ်အကိုင်တွေရှားတာ နိုင်ငံခြားက ပိတ်ဆို့ခဲ့လို့ပါ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။
ဟုတ်ကဲ့။
ပြည်သူတွေဆင်းရဲတာ အလုပ်မလုပ်ကြလို့ပါ။ ဆိုက်ကားနင်းရင်းတောင် သန်းကြွယ်သူဌေးဖြစ်ပါတယ်။ ငွေနှစ်ထောင်နဲ့ စားလောက်ပါတယ်။ ဒါ အကြီးအကဲတွေ ကိုယ်တိုင် ပြောထားတာပါ။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။
ဟုတ်ကဲ့။
ကျွန်တော်တို့နဲ့ဆိုင်တာ တခုတော့ရှိပါတယ်။ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် အနိုင်ရအောင်လုပ်ပြီး နောက်ငါးနှစ် ဆက်လက်အုပ်ချုပ်ရေးပါပဲ။
ကျေးဇူးတင်ပါတယ်။
(ရွေးကောက်ပွဲဝင်ရောက်ယှဉ်ြ ပိုင်မည့်
သံချောင်းပါတီမှ အမတ်လောင်းကိုလေပူနှင့် အင်တာဗျူး ဖြစ်ပါသည်။
မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တမင်ရေးသည်ဟု မှတ်ယူကြပါရန်။)
ချစ်ခြင်းအားဖြင့်
မောင်လူပေ
ပြည်သူတို့၏ လူမှုဘဝတွေ ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်။
ဟုတ်ကဲ့။
ပြုပြင်မှုတွေကို အရှိန်အဟုန်မြှင့်နေပါတယ်။
ဟုတ်ကဲ့။
ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့
ဟုတ်ကဲ့။
နိုင်ငံတော်အကြီးအကဲများကလည
ဟုတ်ကဲ့။
လမ်းတွေပျက်တာ မိုးများလို့ပါ။ မိုးမင်းကြီးမှာ အပြစ်ရှိပါတယ်။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူ
ဟုတ်ကဲ့။
မဲစာရင်းတွေမှားတာ ဆော့ဝဲလ်ကြောင့်ပါ။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူ
ဟုတ်ကဲ့။
ရေတွေကြီးတာ မိုးများလို့ပါပဲ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။
ဟုတ်ကဲ့။
အလုပ်အကိုင်တွေရှားတာ နိုင်ငံခြားက ပိတ်ဆို့ခဲ့လို့ပါ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။
ဟုတ်ကဲ့။
ပြည်သူတွေဆင်းရဲတာ အလုပ်မလုပ်ကြလို့ပါ။ ဆိုက်ကားနင်းရင်းတောင် သန်းကြွယ်သူဌေးဖြစ်ပါတယ်။ ငွေနှစ်ထောင်နဲ့ စားလောက်ပါတယ်။ ဒါ အကြီးအကဲတွေ ကိုယ်တိုင် ပြောထားတာပါ။ ကျွန်တော်တို့နဲ့မဆိုင်ပါဘူ
ဟုတ်ကဲ့။
ကျွန်တော်တို့နဲ့ဆိုင်တာ တခုတော့ရှိပါတယ်။ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် အနိုင်ရအောင်လုပ်ပြီး နောက်ငါးနှစ် ဆက်လက်အုပ်ချုပ်ရေးပါပဲ။
ကျေးဇူးတင်ပါတယ်။
(ရွေးကောက်ပွဲဝင်ရောက်ယှဉ်ြ
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment