Thursday, September 3, 2015

ရီလိုက်ရတာ

ဖတ်မိသမျှဟာသတွေထဲမှာ ဒီဟာသ အရီရဆုံး။ ဘာတဲ့။ ဘုရားရှင်ရဲ့ ဗျာဒိတ်ရဆိုပဲ။ သမိန်ပေါသွပ်တောင် သူ့လောက် မပေါဘူး။ အာတာလွတ်မြို့စားကြီး ဦးအာလူးရဲ့ညီ ထင်ပါရဲ့။ ဒေါ်စိန်အေးကျောင်းဆင်းတွေထဲမှာ ဒီလိုဟာသပညာရှင်တွေ ရှိပါသေးလား။

ဘုရားရှင်ဗျာဒိတ်ရတဲ့ ပုဂ္ဂိုလ်ကြီး တည်ထောင်တော်မူခဲ့တဲ့ နိုင်ငံရေးပါတီကြီးကိုယ်တိုင်တောင် အဲဒီ ဗျာဒိတ်ရ တပ်ချုပ်ဟောင်းကြီးရဲ့ ခန့်ညားလှတဲ့ ဓါတ်ပုံတော်ကြီးနဲ့ မဲမဆွယ်ရဲတာကတော့ မေးခွန်းထုတ်စရာ။

ဘုရားရှင်ရဲ့ ဗျာဒိတ်ကြီးရပေမဲ့ သူ့ပါတီရဲ့ဗျာဒိတ်တော့ ရရှိဟန်မတူ။ တသက်လုံး ပိတ်ပင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံနဲ့ပဲ ပါတီကြော်ငြာတွေမှာ တွေ့နေရတယ်။

ပြည်သူက လေးစားချစ်ခင်ရတဲ့ အနုပညာရှင်တွေ၊ စာရေးဆရာကြီးတွေ၊ ပညာရှင်ကြီးတွေထဲက တစ်ဦးတစ်ယောက်ရဲ့ ထောက်ခံမှုကိုမျှ မရရှာတဲ့ ဒီပါတီကြီးကို ဦးစီးတည်ထောင်ခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီးရဲ့ နာမည်တောင် အဲဒီပါတီကြီးရဲ့ လက်ကမ်းစာစောင်တွေ ကြော်ငြာတွေမှာ ရှာမတွေ့။

အနာဂတ်ဟောကိန်းကလည်း အာဏာပြန်သိမ်းမယောင် ချိန်းခြောက်ထားသေး။

ဒီတပတ်ရဲ့ အရီရဆုံး ဟာသဆောင်းပါးပါပဲ။


 

No comments:

Post a Comment