Friday, February 15, 2019

ဗဟိုအစိုးရ ရပ်ဆိုင်းမှု ခေတ္တပြီးဆုံး

ဗဟိုအစိုးရ ရပ်ဆိုင်းမှု(Government Shutdown) ခေတ္တပြီးဆုံး

အမေရိကားရဲ့ ဗဟိုအစိုးရတစိတ်တပိုင်းရပ်ဆိုင်းမှု( partial Government Shutdown) ကြောင့် ဗဟိုအစိုးရအလုပ်သမား ရှစ်သိန်းလောက် လုပ်ခလစာမရကြ။ (၃၅)ရက်ကြာသွားပြီ။ ဒီနေ့မှာတော့ သုံးပတ်ပြန်ဖွင့်မယ်လို့ ထရန့်ကကြေညာတယ်။ အလုပ်သမားတွေရဲ့ အရင်လအတွက်လစာတွေ မကြာခင်ရတော့မယ်။

ဒီမိုကရက်တွေနဲ့ နယ်စပ်တံတိုင်းကိစ္စ သဘောတူညီချက်မရသေး။ နောက်အပတ်အဂါင်္နေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းကို လွှတ်တော်နှစ်ရပ်ရှေ့မှာ ပြောချင်တဲ့အတွက် ခဏ ဖွင့်လိုက်တဲ့သဘောပဲ။ အစိုးရရပ်ဆိုင်းထားတာ ပြန်မဖွင့်ပေးရင် မိန့်ခွန်းပြောမဲ့ကိစ္စကိုရွှေ့လို့ အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ နန်စီပလိုစီက စာရေးထားတာမို့ အရှက်ပြေ ပြန်ဖွင့်ပေးတာ။ ဖေဖေါ်ဝါရီ(၁၅)ရက်နေ့အထိ အစိုးရပြန်ဖွင့်မယ်တဲ့။

ဒီတစ်ခါတော့ ထရန့်အရှုံးပြတဲ့ပွဲ။ သူလိုချင်တဲ့ နယ်စပ်တံတိုင်းကာဖို့ပိုက်ဆံလည်းမရ၊ ဗဟိုအစိုးရ ရပ်ဆိုင်းမှုကြောင့် နိုင်ငံလည်း စီးပွားရေးထိခိုက်၊ လူအများစုကလည်း အစိုးရရပ်ဆိုင်းမှုဟာ ထရန့်ကြောင့်လို့ လက်ညှိုးထိုး၊ လူကြိုက်မှုအညွှန်းကိန်းထိုးကျ ပြီးတဲ့နောက်မှာ ဒီမိုကရက်တွေကို ခဏ အရှုံးပေးလိုက်တာပဲ။

တကယ်ဆိုရင် ဒီဇင်ဘာ(၂၂)ရက်ထဲက ဒီမိုကရက်တွေကြီးစိုးတဲ့ အာက်လွှတ်တော်က ရသုံးငွေစာရင်းကို တခဲနက်အတည်ပြုပြီးသား။ အဲဒါကို သူတောင်းတဲ့ ခြံစည်းရိုးအတွက်ငွေမရလို့ဆိုပြီး ဗဟိုအစိုးရအလုပ်သမားတွေကို ပြန်ပေးဆွဲသလိုလုပ်၊ သက်သက်ညစ်ပြီး အစိုးရရပ်ဆိုင်းထားခဲ့တာ။ အဲဒီအချိန်ထဲကသာ သဘောတူခဲ့ရင် အခုလို အလုပ်တွေပျက်၊ လူတွေ စိတ်ဒုက္ခရောက်မဖြစ်ဘူး။ အခုတော့ လေဆိပ်တွေမှာ စစ်ဆေးရေးဂိတ်တွေလျှော့ချရလို့ လူတွေအချိန်ကုန်၊ ပန်းခြံကြီးတွေ၊ ပြတိုက်ကြီးတွေပိတ်လို့ ပြည်သူတွေဒေါသထွက်ရ၊ ဗဟိုအစိုးရ တရားရုံးတွေပိတ်ရ၊ USCIS လို့ခေါ်တဲ့ လဝကဝန်ထမ်းတွေ အလုပ်မဆင်းရလို့ လဝကအမှုတွဲတွေ ကြံ့ကြာတာပဲ အဖတ်တင်တယ်။

ဖေဖေါ်ဝါရီ(၁၅)ရက်မှာ သူတောင်းတဲ့ခြံစည်းရိုးကာဖို့ငွေမရရင် အစိုးရကို ပြန်ရပ်ဆိုင်းမယ်လို့ ပြောသွားသေးတယ်။ ဒီမိုကရက်တွေကတော့ သဘောတူမဲ့ပုံမရှိသေး။ ထရန့်ရဲ့သူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ ရော်ဂျာစတုံးကို ဖမ်းလိုက်ပြီးမကြာခင် ဒီလိုကြေညာတာမို့  နည်းနည်းထူးခြားနေတယ်။ မနိုင်၍သည်းခံရတဲ့ပုံပဲ။

No comments:

Post a Comment