သူများပြောရင်လည်း ယုံလွယ်တတ်သေး။
နှစ် နှစ်ဆယ်လောက်က တည်ဆောက်ပြုပြင် မြန်ပြည်တခွင်နဲ့ အိပ်ထဲထည့်နေကြချိန် သတင်းစာထဲမှာ လူကြီးတစ်ဦးက ဒီလို နိုင်ငံတော်ကို တည်ဆောက်မှု မျိုးနဲ့ဆိုရင် နောက်ငါးနှစ်မှာ စင်္ကာပူကို ကျော်နိုင်မယ်လို့ ပြောကြောင်း ဖတ်ခဲ့ရတော့လည်း ယုံခဲ့တာပဲ။
၂၄နာရီ
မီးလင်းရေး စီမံချက်တွေနဲ့ နေ့မနား ညမအား တည်ဆောက်နေတာမို့ သက္ကရာဇ် ၂၀၀၀
မှာ တပြည်လုံး မီးလင်းစေရမယ် ကြားခဲ့ရတော့လည်း ယုံခဲ့တာပဲ။
ပြည်သူအများစုကြီးအတွက် ခေါင်းဆောင်ကြီးတွေက အမျှော်အမြင်ကြီးစွာနဲ့ လိုအပ်နေတဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်ပေးပြီးရင် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ရောက်တော့မယ် ဆိုပြန်တော့လည်း ယုံခဲ့တာပါပဲ။
ခုလည်း ပြောနေကြပြန်ပြီ။
ဧရာ ဝန်ကြီးချုပ်ကြီးက နောက်ထပ် ငါးနှစ်အချိန်ရရင် စင်္ကာပူကို မှီအောင် လုပ်ပေးမယ်တဲ့။ ဓါတ်ပြားဟောင်း ပြန်ဖွင့်သလိုပဲ။
ပုံလာလာပြောတိုင်း ယုံတတ်တဲ့သူပေမဲ့ ဒီတခါတော့ မယုံရေးချ မယုံတော့ဘူး ဗျိုး။
(စက်ရပ်သတင်း
ယုံစရာ သတင်းတခု ရတယ်။
ကြီးလေးကြီး တွေ့နေပြီတဲ့။
ဘယ်မှာလည်းဆိုတော့ မြန်မာစာ သင်ပုန်းကြီးထဲမှာတဲ့။
ကကြီးရယ်၊ ဃကြီးရယ်၊ ဏကြီးရယ်၊ဠကြီးရယ် ကြီးလေးကြီး တွေ့နေကြတာပါတဲ့။
ဟုတ်သားပဲနော်။
ယုံလိုက်တော့မယ်။)

No comments:
Post a Comment