ရှေးကတော့ ပြာသိုကို ပျာသိုဝ် လို့ ရေးတယ်။ပျာဆိုတာက ပျား။ သိုဝ်က သိုလှောင်တာ။ ပျားရည် ပျားဖယောင်း သိုလှောင်တဲ့လ ပေါ့။
မြန်မာကြီးတွေက ပျားရည်ရနံ့ ပါတဲ့ မုန့်တွေ ကြိုက်တယ်။ပျားရည်က ဆေးဘက်ဝင်တယ်လို့လည်း ယုံကြည်တယ်။ ပျားဖယောင်းကို မီးထွန်းတဲ့နေရာမှာ သုံးတယ်။ ဒီတော့ ပျားရည်သိုလှောင်တဲ့ ဒီလမှာ တောတောင်ထဲသွားပြီး ပျားဖွတ်ကြ စုဆောင်းကြပါသတဲ့။
ပြာသိုလရဲ့
ရာသီပန်းက ခွာညိုပါ။ နတ်တော်လရဲ့ ရာသီပန်းဖြစ်တဲ့ သဇင်လို တော်မဝင်ပေမဲ့
ခွာညိုက သင်းသင်းလေးမွှေးသလို လူတိုင်းခေါင်းမှာ ပန်စရာရအောင်
ပွင့်ပေးပါသတဲ့။
ခွာညိုပန်းကို မြင်ဘူးကြလား။ အညာဖက်မှာရှိတဲ့ ဒေသပန်းလေးပါ။
ခွာညိုပန်းရနံ့ သင်းလေးနဲ့ အေးချမ်းသာယာတဲ့ ပြာသိုလလေးမှာ မိတ်ဆွေ သူငယ်ချင်းအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။
ခွာညိုပန်းကို မြင်ဘူးကြလား။ အညာဖက်မှာရှိတဲ့ ဒေသပန်းလေးပါ။
ခွာညိုပန်းရနံ့ သင်းလေးနဲ့ အေးချမ်းသာယာတဲ့ ပြာသိုလလေးမှာ မိတ်ဆွေ သူငယ်ချင်းအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။
No comments:
Post a Comment