တလောက သာဂိ ချယ်ဂါလီပေါ်က ပြုတ်ကြခဲ့တယ်။ ခုတော့ ကလေး ခေါင်းဆောင် ရာထူးကပါ ဆင်းပေးရဖို့ ဖြစ်လာပြန်တယ်။ ဖြစ်ပုံက ဒီလို။
သာဂိက ဥက္ကဌသားပီပီ သူ့ဘေးမှာ လေးဂွကိုင် အဖွဲ့ထားတယ်။ သူ့ကို အာခံတဲ့ ကလေးတွေကို ပစ်ဖို့ပဲ။ လေးဂွကိုင်အဖွဲ့ မှာ မျက်မှေးက ခေါင်းဆောင်။
ဒီလို သောင်းကြမ်းနေတဲ့ သာဂိတို့ကို ကလေးအများစုက မကြည်ဘူး။ သာဂိကြောင့်
မုန့်မှန်မှန်စားရပြီး ဝဖီးနေတဲ့ သာဂိအဖွဲ့ကိုလည်း ကြောက်ရတယ်။ ဒီတော့
အရင်ဥက္ကဌဟောင်းရဲ့သမီး စာဥကို အားကိုးကြတယ်။
စာဥက စာတော်တယ်။ ရဲရင့်တယ်။ အမှန်လည်း ပြောရဲတယ်။ သာဂိတို့ကိုလည်း မကြောက်ဖူး။ ဒီတော့ ကလေးတွေက စာဥကို ခေါင်းဆောင်တင်ချင်တယ်။ ဒါကြောင့် သာဂိရယ်၊ဂွကိုင်မျက်မှေးရယ်၊ စာဥရယ် သုံးပွင့်ဆိုင်ကြဖို့ သွားပြောကြတယ်။
သာဂိက လူလည်ပဲ။ စာဥနောက်မှာ ကလေးအများစုရှိပေမဲ့ သူ့နောက်က ဂွကိုင်မျက်မှေးတို့ရဲ့ လောက်စာကို ကြောက်တာ သိတာပေါ့။ ဒီတော့ အများဆန္ဒအရ တွေ့မယ်။ ဒါပေမဲ့ ကလေးအားလုံးပါဝင်နိုင်ရေး အတွက်ဆိုပြီး သူ့မုန်ုစားရင်း သူခိုင်းတာလုပ်ရတဲ့ မိညှက်တို့ တရုတ်လေးတို့ တီတီးတို့ မာမွတ်တို့ ပါဝင်တဲ့ ခုနှစ်ပွင့် တွေ့မယ်လို့ အကြောင်း ပြန်တယ်။ ဒါကိုမှ မကြေနပ်သေးရင် သူပေးတဲ့ အဝတ်ဟောင်းတွေနဲ့ ကောင်းစားနေတဲ့ ဘုတ်ဆုံတို့ ထိပ်ပေါက်တို့ ပိန်မတို့ ထပ်ထဲ့ပြီး ဆယ်ပွင့်ဆိုင် တိုးပြီးတွေ့မယ်လို့ လေသံပစ်တယ်။
စာဥကတော့ ကလေးတွေက အရမ်းတွေ့စေချင်လို့ တွေ့ပါရဲ့။ မချောတစ်ယောက် ကိုယ်ခြောက်ယောက်မို့ သာဂိလူတွေနဲ့ မုန့်ထိုင်စား ပြန်ခဲ့ရတာပေါ့။ နောက်အခေါက် ဆယ်ပွင့်ဆိုင် ဆိုရင်တော့ စာဥမှာ ရွာတောင် ပြန်ရောက်ပါ့မလား။
ဂွကိုင် မျက်မှေးက သူ့ဖက်မှာမို့ သာဂိတို့ကတော့ မကြောက်ရေးချ မကြောက် ထဲကပဲ။ မကြေနပ်ရင် ကြိုက်တဲ့ကောင် သွားတိုင်။ အိမ်မပိုင်ပဲ ဂေါ်လီ မလုပ်ဖူးဆိုတဲ့ သာဂိ။ ခုထိတော့ ပန်းပန်လျှက်။
ချစ်ချင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment