Wednesday, January 14, 2015

ရေနံဈေး အကြောင်း

ရေနံဈေးတွေ အရမ်းကျနေတဲ့ အကြောင်း ရေးခဲ့တာ တစ်လလောက်ရှိပြီ။

အဲဒီတုန်းက တစ်ပီပါ ဒေါ်လာ၆၀ လောက် ရှိသေးတယ်။ ခုတော့ ၄၅ ဒေါ်လာပဲ ရှိပါတော့တယ်။

ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ ဓါတ်ဆီတွေ ဒီဇယ်တွေ လက်ဝါးကြီး အုပ်ထားသူများက ဝါးကောင်းနေတုန်း။

တစ်ဂါလံကို နှစ်ဒေါ်လာပဲတန်တော့တဲ့ ဓါတ်ဆီက လေးလီတာနှုန်းနဲ့တွက်ရင် ဆင့်ငါးဆယ်ပဲ တန်တာ။ ၅၀၀ ကျပ်ပေါ့။

အခုထိ မှိန်းစားကောင်းနေတဲ့ ဆရာများကိုလည်း အံ့ပါရဲ့။

ဓါတ်ဆီဈေး ချပေးရင် သယ်ယူစရိတ်ကျ။ ကုန်ဈေးနှုန်းကျမှာမို့ ကျဆိုတာ မမြင်ချင်တဲ့ ဆရာများက တက်ပြီးသားအတိုင်း ထားလိုက်ပါ လို့ အမိန့်ပေးထားသလား မသိ။

အစစဈေးတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ ဓါတ်ဆီ အော့တိန်းကို ၅၀၀ လောက် ချပေးလိုက်ရင် ပြည်သူအများ ဝမ်းသာကြမှာမို့ ဆုတောင်းပေးလိုက်ပါတယ်။

No comments:

Post a Comment