

ကျောင်းသားဟောင်း- ကျောင်းသားတွေတောင်းတဲ့ ၁၁ချက်မှာ အဓိကကတော့ နည်းဥပဒေတွေရေးရင် ကျောင်းသား ဆရာ ကွန်ယက်တို့နဲ့ ဆွေးနွေးဖို့၊ လွတ်လပ်တဲ့ ကျောင်းသား/ဆရာ သမဂ္ဂတွေ ဖွဲ့ခွင့်ပေးဖို့ ၊ ပညာရေးကောင်စီဘာညာတွေက လမ်းညွှန်မှုဆိုတာတွေ မပါတဲ့ သီးခြားတက္ကသိုလ်တွေ ဖွဲ့ခွင့်ရဖို့၊ မသန်မစွမ်းတွေအတွက် လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပေးပြီး တက္ကသိုလ်တက်နိုင်ဖို့၊ နိုင်ငံရေးမှုတွေနဲ့ အထုတ်ခံရသူတွေ ပြန်လက်ခံဖို့၊ ပညာရေးကို သင်ကြားမှုစနစ်ပြောင်းဖို့၊ စာမေးပွဲစနစ်ပြောင်းဖို့ စတာတွေပဲ။
ခုတော့ ဒီမောင်တွေ ကျောက်ပန်တောင်း ရောက်ပြီ။ နိုင်ငံရေးမှာ ထိုးစစ်ပြတော့ အဘတွေရဲ့ အမာခံ ကျောက်ဆယ်တို့ တောင်သာတို့ပါ ထောက်ခံကြတာ အမြတ်ပေါ့ကွာ။
ရှေ့လဆန်းတရက် ဆွေးနွေးပွဲစရင် ခဏ ရပ်နားမယ်တဲ့။ ကောင်းပါတယ်။ ဒီချာတိတ်တွေက ဒို့တွေထက်နပ်တယ်ကွ။ နားရမဲ့အချိန်ကိုသိတယ်။
ငါတို့တုန်းက သမဂ္ဂဆောက်ပေးပါ့မယ် ဆိုတာကို နားမထောင်မိလို့ ဘူးလက်ပဲ ရခဲ့တာလေကွာ။ အပြေးမြန်လို့သာ မသာမဖြစ်တာ။
ဆရာဟောင်း- ငါ DVB video clip ကြည့်လိုက်ရတယ်၊ media guy က နဲနဲအောက်တန်းကျသလားလို့၊ bias ဖြစ်တယ်၊ it looks like a debate, ပညာရှင်တွေအပေါ်စကားအတင်းဖြတ်ပစ်တယ်၊ ငါ့ဆရာဆရာမတွေမို့ပြောတာမဟုတ်ပါဘူး၊
ညိုညိုသင်းလဲငါ့ညီမသူငယ်ချင်းပါ၊julyပြန်တုံးကတောင်တွေ့ခဲ့စကားပြောခဲ့သေးတယ်၊မေဦးနဲ့၃နာရီလောက်ဆွေးနွေးကြတာ၊ငါဘာမှဘက်လိုက်ပြောစရာမရှိပါဘူး၊ ကျောင်းသားလေးတွေကတက္ကသိုလ်အသီးသီးရဲ့ပညာရေးဘုတ်မှာသူတို့သင်ဘို့စာကိုသူတို့ဝင်ရေးဆွဲကြမှာလား၊သီးခြားတက္ကသိုလ်တွေပေးတာတော့ဟုတ်ပြီ၊ ဘယ်ငွေနဲ့ run မှာလဲ၊ ပြည်သူပိုင်မြေတွေအဆောက်အဦးတွေ ပြည်သူ့ဝန်ထမ်းတွေindividual private school တွေဖြစ်လာရင် ရပ်တည်ဘို့administrstive staffs တွေ၊ technicianတွေ၊ qualify Academic Faculty တွေကြီးကြပ်ရမဲ့တက္ကသိုလ်ဘုတ်အဖွဲ့တွေမှာစာသင်ဆဲကလေးတွေကဝင်ပြီးခန့်ခွဲကြမှာလား၊
သူတို့တွေတောင်းမှာကတော့၊လူစုပြီးသမဂ္ဂကိစ္စတွေလုပ်ဖို့နေရာ၊အဆောက်အဦ၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်ပေါ့၊နောက်မတရားတဲ့ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်တွေကိုအရေးယူဘို့တောင်းဆိုခွင့်၊အဆောင်တွေမှာလွတ်လပ်စွာနေထိုင်လိုမှု၊ကျောင်းလခအဆောင်လခနဲပြီးထိုက်တန်တဲ့အခွင့်အရေးတွေရလိုမှုစတာတွေရရင်ဘဲကောင်းလှပြီ၊သင်ကြားမှုနဲ့အုပ်ချုပ်ရေးကိုရောဝင် စွက်ကြမှာလားမပြောတတ်၊နိုင်ငံတကာကျောင်းသားတွေ၊ဆရာဆရာမတွေနဲ့၊နိင်ငံတကာတက္ကသိုလ်တွေနဲ့ဆက်သွယ်ခွင့် တွေကိုမင်း ပြောတဲ့အစိုးရမပါတဲ့ student cabinetတွေကrunသင့်တာပေါ့၊ကျောင်းတွေထိန်းသိမ်းဘို့၊ဝန်ထမ်းတွေလစာပေးဘို့၊လူမှုဖူလုံရေးကိစ္စတွေအထိတော့သူတို့ဝင်မလုပ်နိုင်ပါဘူး၊ ဒို့ရွှေတွေကအကုန်ဝင်ပါတတ်တယ်၊ငါတောင်ခုဝင်လျှာရှည်နေပြီ၊ တို့လူမျိုးက fighting ကောင်းတယ်၊ maintainace ညံ့တယ်၊ NLD ကိုဆဲမလား၊ ဗိုလ်သိန်းစိန်ကိုဆဲမလားနည်းမျိုးစုံရတယ်၊ ဦးနေဝင်းမိသားစုဆိုကနေ့ထိခေါင်းမဖော်ရဲအောင်ဆဲကြတာဘဲ၊ UN ကိုလဲဘုန်းကြီးကဆဲတာဘဲ၊ ဒေါ်စုလဲရစရာကိုမရိတော့ဘူး၊ ကြံ့ဖွံ့ဆိုမြောင်းထဲမှာ၊ တောင်ငူကဦးသုဝေတို့ဆိုစာရင်းတောင်မရှိဘူး၊မင်းကိုနိင်ရောမင်တို့ရဲ့ဂုဏ်ထူးဆောင်fremont မြို့သား ကိုကိုကြီးရော ဆဲခံကြရတာဘဲ၊
်တော်တော်နိင်ငံရေးရေချိန်မြင့်တဲ့သူတွေပါဘဲ Filippine မှာ Marcos သားရောသမီးရော elected senators တွေ၊ အားလုံးဝိုင်းလုပ်နေကြတာ၊Gen. Sukano သမီးလဲ Indonesiaသမတဖြစ်ခဲ့တာဘဲ၊ညံ့ရင်ဆင်းပေါ့၊ဒို့ဆီမှာကနာကျည်းလို့မဆုံးဘူး၊ငါလဲပါတာဘဲ၊စစ်အုပ်ချုပ်ရေးဆိုတာနဲ့အ သက်ရှုကြပ်လာတာဘဲ၊ ဒီfbဖတ်နေတဲ့မင်းသူငယ်ချင်းငါ့သူငယ်ချင်းတွေထဲမှာလဲစစ်ဗိုလ်ချုပ်တွေ၊လူ ကြီးကတော်တွေပါနေမှာဘဲ၊အားတော့နာပါရဲ့၊ ဒီ စစ်သားအမတ်တွေlegislateဝင်မလုပ်နိုင်တဲ့အခါကောင်းလာမယ်ထင်တာဘဲ၊လောလောဆယ်တော့သမဂ္ဂအ ဆောက်အဦးနေရာမှာကြီးလာရင်ခုတ်ရောင်းဘို့ကျွန်းပင်တွေအပြည့်စိုက်ထားတယ်၊ ကျောင်းထဲမှာ plastic bag နဲ့ trash တွေအပြည့်ဘဲ။
ကျေင်းသားဟောင်း- ဗမာဆိုတော့လည်း ဂလောက်တော့ ရှိမပေါ့။ ခလေးတွေကလည်း အကုန် တောင်းတိုင်းရမယ် မပြောပါဘူး။ ညှိရင် အဖြေရမှာပါ။ ခုဟာက ဂရုကို မစိုက်ခဲ့လို့ ဒါတွေ ဖြစ်လာတာ။ ကျောင်းအုပ်ချုပ်ရေးမှာ သမဂ္ဂအဖွဲ့ဝင်တွေက တင်ပြခွင့် အရေးဆိုခွင့် တွေကို တောင်းတာပါ။ အကုန် လိုက်ပါမယ် မဟုတ်ပါဘူး။ ကလေးတွေ တောင်းတာ တဝက်လောက် ရရင်တောင် ဒီကလေးတွေ ကြေနပ်မှာပါ။
ဆုံးဖြတ်ချက် အားလုံးကို အဘတွေကပဲ ပေးပြီး ဆရာတွေက ပုတ်သင်ညိုလုပ်ရတဲ့ စနစ်၊ ကျောင်းကို အမဲရောင်နယ်လို သတ်မှတ်ပြီး ဆက်ဆံတဲ့စနစ်၊ ပညာရေးစနစ်ကို လိုသလို စမ်းသပ်နေတဲ့ စနစ်၊ credit system, credit transfer system , teaching methods အားလုံး ပြင်ဖို့ လိုနေတဲ့ စနစ် ပြင်ချင်တာ။
အဘတွေက စနစ်တကျ နေရာယူပြီးမှ ပေးတဲ့ ဒီဥပဒေဆိုတာတွေကို လက်ခံလိုက်ရင် နောင် နှစ် ၂၀လည်း ပြင်ဖို့ မလွယ်ပဲ။ နေရာတိုင်းမှာ သူ့မျက်နှာ။ သူတို့ မရှိတဲ့ ဌာနပြပါဆို ရေဝေးတို့ ထိန်ပင်တို့ပဲကျန်မယ်။
လွှတ်တော်ထဲအထိ ဘူစီဘောင်းကြီးနဲ့ ခပ်တည်တည် ဝင်ထိုင်နေတဲ့ စနစ်ကို ကျောင်းသားတွေကရော ပြည်သူကပါ မထောက်ခံဘူး ဆိုတာ ပါးပါးလေး ပြလိုက်တာပဲ။
အမျိုးသားရေးဝါဒီဆိုပြီး သင်္ကန်းကြီးနဲ့ စင်ပေါ်မှာ ဆဲဆိုပြနေတာကို လွှတ်ပေးထားမှတော့ ပြည်သူတွေ ဆဲတာ နည်းတောင်နေသေး။ သူတို့လည်း ဆဲရင်းဆဲရင်းနဲ့ ဆင်းရဲနေကြရတာကိုး။
မေတ္တာရှင်တောင် လူထွက်သွားပြီးကွ။ ဒေါသအိုးကွဲတွေပဲ ကျန်တော့တာ။ မင်းပြောသလို ငါတို့တွေ အဝေးရောက်နေတာလည်း အကုသိုလ် ကင်းတာပေါ့။
အထဲမှာဆို အဆင်မပြေမှုတွေ မတရားမှုတွေနဲ့ ပတ်လည်ရိုက်နေတော့ နေ့တိုင်း ဆဲမိနေလို့ အကုသိုလ်တွေ အပုံလိုက် စုမိနေလောက်ပြီ။
No comments:
Post a Comment