Wednesday, January 21, 2015

တပို့ တွဲ

တပို့ တွဲ ပေါက်လဲရယ်တဲ့ ငုံစီ.............. တဲ့။
ရှေးက စာဆိုတွေ ဖွဲ့ ခဲ့တာ။
အော်..... တပို့ တွဲလတောင် ရောက်ပြန်ပေါ့လား။

တပို့ တွဲကို ရှေးက တပိုဝ်တွဲလို့  ရေးကြတယ်။ တပိုဝ်ဆိုတာ ထန်းဖူးကို ရည်ညွှန်းတာ။ တွဲကတော့ တွဲလောင်းကျတယ်ပေါ့။ ထန်းဖူးမှာ အရည်တွေနဲ့  ပြည့်ပြီး အခိုင်လိုက် တွဲလောင်းကျနေသောလ လို့  အဓိပ္ပာယ် ရပါသတဲ့။

ရှေးမြန်မာကြီးတွေက ထန်းပင်ကို ပဒေသာပင်လို့  ခေါ်ခဲ့ကြတယ်။ တပင်လုံး အသုံးဝင်လို့ တဲ့လေ။ ထန်းပင်ကိုလည်း မသတ်ကြဘူး။ နှစ်ရာချီ သက်တန်း
ရှိတဲ့ ထန်းပင်တွေကို တောလိုဖြစ်အောင်ထားပြီး ထတောလို့ ခေါ်တယ်။ ထတောမှာ အသက်နဲ့  ရင်းပြီး လှေကားထောင် တက်ရလို့  ရင်းထောင်တယ်၊ မြူအိုးဆွဲတာကို ရင်းဆွဲတယ် ခေါ်ကြတယ်။ ထန်းလှီးတဲ့ ဓါးကို ခါးကြားထိုးပြီး တရက်ကို အပင် လေးငါးဆယ် ထန်းလှီးတယ် လို့  ထန်းတက်တာကို ဆိုကြတယ်။

ဒီ တပို့ တွဲရဲ့  အထိမ်းအမှတ်ပန်းက ပေါက်ပန်း။ ပေါက်ပန်းဖြူက ပြုတ်ပြီး သုတ်လည်း စားလို့ ရတယ်။ ပေါက်ပန်းနီ ဆိုတာလည်း ရှိသေးတယ်။ ပေါက်ပန်းက ဆွဲလည်းလေးနဲ့  တူတယ်လို့  တင်စားကြသေးရဲ့။

တပို့ တွဲလ ထမင်းနှဲပွဲ (ထမနှဲပွဲ) အတွက်ုကြိုးစားကြ ဦးစို့ ရဲ့ လေ။ ပျော်ပျော်ပါးပါးပေါ့။

ချစ်သော
မောင်လူပေ

No comments:

Post a Comment