ဟယ်.... ဗမာ့ပြည်မှ လူသားတို့
ငါတို့ နဂါးတွေ ကိုးကွယ်ထားတာ ဘုရားအံတော်ပဲရှိတယ်။ မဟုတ်ကဟုတ်က
ခေါင်းလောင်းကို ကိုးကွယ်မတဲ့လား။ ခေါင်းလောင်းဆိုတာ အမျှဝေရင်
အများကြားနိုင်အောင် ထိုးတဲ့အရာ ကိုးကွယ်ရာ မဟုတ်။
ကံမကောင်းလို့ တိရိစ္ဆာန်ဘဝ ရောက်နေပေမဲ့ အဲ့လောက်တော့ မတုန်းဘူး။ ။ရတနာသုံးပါးပဲကိုးကွယ်တယ်။ ခေါင်းလောင်းမပါ။
ဘာ။ ခေါင်းလောင်းကို ဆီမီးပူဇော်တယ်။ မဟုတ်တာကွယ်။ မင်းတို့ဆီမှာ ခေါင်းလောင်းကိုရှိခိုးသလား။ ဆီမီးပူဇော်လား။ စေတီပုထိုးမှမဟုတ်တာ။ တို့ဆီမှာ ဘုရား အံတော်အစစ် ရှိမှတော့ ခေါင်းလောင်းလိုပါ့မလား။
နဂါးပြည်ဟာ လက်လက်ထတဲ့ ဖန်အိမ်တော်ထဲမှာ။ ဘာမဟုတ်တဲ့ ပုဇွန်တောင်ချောင်းဝက ရွှံ့နွံတောထဲမှာ မဟုတ်။ ကြည့်လဲလုပ်ကြဦး။
နဂါးကို ငါးရှဥ့်ုဖြစ်အောင်မလုပ်ကြနဲ့။ ရွှံထဲတိုးတာ ငါးရှဥ့်ကွ။
တို့နဂါးက ရွှံ့မလူးဘူး။ နဂါးသိက္ခာကျအောင်လုပ်ရင် ရုံးတက်တရားစွဲမယ်။ ဒါပဲ။
ပုံ
ဘေးထိုင်ဘုပြော ဘဘကြီး
(နဂါးမင်း၏ ညွှန်ကြားချက်အရ)
No comments:
Post a Comment