Saturday, August 9, 2014
ဆူပါမွန်းတဲ့လား
ဆူပါမွန်းဆိုတာ နှစ်စဉ် အနဲဆုံးတစ်ခါတော့ ဖြစ်နေကြ ဖြစ်စဉ်ပါ။ လက ကမ္ဘာကို ပတ်နေတာမို့  သူ့ ရဲ့  ပတ်လမ်းမှာပတ်နေရင်း ကမ္ဘာနဲ့  အနီးဆုံးနေရာကိုရောက်လာရင် ပိုကြီးတဲ့ လမင်းကြီးကို တွေ့ ရမှာပါ။ လကြောင့် ဒီရေအတက်အကျ ဖြစ်စေတာမို့  ပင်လယ်ကြီးနဲ့ နီးရာမှာ အရင်ထက်ပိုပြီး ဒီရေတက်တာ ကျတာ ဖြစ်တာကလွဲရင် ဘာမှ ထူးခြားမှုဖြစ်စဉ် မဖြစ်ပါဘူး။
ရေကြီးတာက မိုးတွင်းမို့  မိုးများတဲ့အချိန်မှာ မြစ်တွေကောလာလို့ မြစ်ရေကြီးရတာပါ။ လူတွေ စည်းကမ်းမဲ့ အမှိုက်စွန့် မှုများကြောင့် ရေနှုတ်မြောင်းများပိတ်ဆို့ ကာ မြို့ တွင်းမြို့ ပြင် ရေလျှံမှုတွေ ဖြစ်တာပါ။ ဆူပါမွန်းနဲ့  ဘာမှမဆိုင်။ ငလျှင်ကတော့ အတော်ဆုံးဆိုတဲ့ သိပ္ပံပညာရှင်တွေတောင် အချိန်အတိအကျကို မခန့် မှန်းနိုင်သေးပါဘူး။
ဆူပါမွန်းဖြစ်မဲ့ အချိန်တွေကိုတော့ သေသေချာချာ သိနိုင်ပါတယ်။
Date                 GMT       Distance             
2014 Aug 10 – 17:43      -356897 km      – Supermoon on 10th August’14
2015 Sep 28 – 01:46       -356877 km      – Supermoon on 28th Sept’15 (also Lunar Eclispse!)
2016 Nov 14 – 11:23       -356512 km      – Supermoon on 14th Nov’16
2017 May 26 – 01:23      -357210 km     – Newmoon on 25th May.  (Nearest  Supermoon 9th June 2017)
2018 Jan 01 – 21:54         -356566 km     – Supermoon on 2nd January’18
2019 Feb 19 – 09:06        -356762 km    – Supermoon 19th Feb’19
2020 Apr 07 – 18:08       -356909 km    – Supermoon 8th April’20
သေချာတာကတော့ ဆူပါမွန်းဆိုတဲ့  လမင်းကြီးဟာ မြင်နေကြလမင်းတွေထက် ၁၆% ပိုကြီးပြီး ၃၀% ပိုတောက်ပပါတယ်။ ဒါကြောင့် ဒီဆူပါမွန်းဆိုတဲ့ လမင်းကြီးကို တောင်ကုန်းမြင့်မြင့်ပေါ်ကနေ တက်ကြည့်ကြတယ်။ ဓါတ်ပုံတွေရိုက်ကြတယ်။ ပါတီချစ်သူတွေက ဆူပါမွန်းပါတီဆိုပြီး ပါတီလုပ်ပျော်ကြတယ်။ လရောင်ဆိုတာ လူရဲ့ စိတ်ကို အေးမြစေတယ်မဟုတ်လား။
ရှေးကတော့ ဒီလို ဆူပါမွန်းညရဲ့  လရောင်မှာ ကိုယ်လုံးတီးချွတ်ပြီး လရောင်လှုံပွဲတွေ လုပ်ကြပါတယ်တဲ့။ မောင်လူပေလို ရုပ်ဆိုးဆိုး ဘိုက်ရွဲရွဲ အဖိုးအိုလေးကတော့ လရောင်မှာ အတော် ကြည့်ရဆိုးမှာ အသေအချာပါပဲ။ သူများတွေလို အလွန်လန်းလေးတွေနဲ့  လရောင်ခံ ဆူပါမွန်းပါတီ လုပ်ရတယ်လို့ အိပ်မက်မက်ဖို့  ကြိုးစားပါဦးမယ်။ အဲဒီ အိပ်မက်ထဲက ဆူပါမွန်းပါတီကို တက်ချင်ကြတဲ့ သယ်ချင်းများ မောင်လူပေထံ အမြန်ဆက်သွယ်ပါလို့  စေတနာကောင်နဲ့  နိုးဆော်လိုက်ပါတယ်။
No comments:
Post a Comment